Moe
ကျွန်ုပ်အသိထဲမှာ အစ်ကိုတစ်ယောက်ရှိတယ်။
သူဟာ ငယ်ဘဝမှာ စာပဲအမြဲလုပ်ရတယ်…။
သူ့မိဘဟာ သိပ်ကိုစည်းကမ်းကြီးတယ်…။
တစ်နေကုန်စာလုပ်ရတယ်…။ စာသင်ရတယ်…။ ပုံစံခွက်တစ်ခုထဲမှာ နေထိုင်ရတယ်ပေါ့..။
အဲ့အစ်ကိုကြည့်လိုက်ရင် စက်ရုပ်လ်ိုပဲ
အပြုံအရယ်သိပ်မရှိဘူး…။
ဆယ်တန်းအောင်ပြီးတော့ ဆေးလိုင်းဝင်တယ်…။
ဆေးလိုင်းဝင်တော့ အခြားမြို့မှာကျောင်းသွားတက်ရတယ်…။ မိဘလက်အောက်ကနေလွတ်သွားတယ်ပေါ့…။
သူ တတိယနှစ်လည်းရောက်ရော သတင်းကြားရတာက ဆေးစွဲသွားလို့တဲ့…။ ကျောင်းတက်ရင်းပျက်စီးသွားတာတဲ့…။
ဒီတော့ ပတ်ဝန်းကျင်ကတော့ ဒီအစ်ကိုကို အပြစ်ပြောကြတာပေါ့…။ ဒီစာကိုရေးနေတဲ့ ကျွန်တော်ဟာ အပြစ်မတင်ရက်ပါဘူး…။
Dark side နဲ့ Bright side အကြောင်းကို နားလည်သွားလို့လေ…။
လူတစ်ယောက်မှာ Dark side - မှောင်နေတဲ့ဘက်အခြမ်းနဲ့ Bright side - လင်းနေတဲ့ဘက်အခြမ်းရှိပါတယ်...။
Dark side မှာတော့ လောဘ...၊ ဒေါသ...၊ မောဟ...၊ အတ္တ…၊ မာန်မာန…၊ အမုန်းတရား…၊ ကြောက်စိတ်…၊ စိုးရိမိစိတ်...၊
သံသယစိတ်… စသည်ဖြင့်ရှိကြပါတယ်...။
Bright side မှာတော့
ချစ်ခြင်းတရား…၊ မေတ္တာ…၊ စေတနာ…၊ အားအင်ပြည့်ဝမှု…၊ ယုံကြည်မှုရှိခြင်း...၊ သနားကြင်နာခြင်း… စသည်ဖြင့်ရှိပါတယ်…။
ကျွန်တော် အပေါ်မှာရေးခဲ့တဲ့ အစ်ကိုရဲ့ story ကိုကြည့်ရမယ်ဆိုရင် Dark side တွေကိုဖုံးဖိခဲ့ရပုံပေါ်တယ်…။
ကလေးတစ်ယောက်ဟာ ငယ်ဘဝက ပုံစံခွက်တစ်ခုတည်းမှာ အကြောက်တရားနဲ့ကြီးပြင်းခဲ့ရတယ်…။ ဖြစ်ချင်တဲ့ ဆန္ဒတွေထုတ်ဖော်ခွင့်မရခဲ့ဘူး…။
ဒီတော့ သူ့မှာ ဖုံးဖိထားတဲ့စိတ်ဒဏ်ရာ shadow လေးတွေဖြစ်လာပြီ…။ ဒီ shadow ကနေတစ်ဆင့် dark side တွေဖြစ်…။ ငါ့ကို ထိန်းချုပ်လို့ အမေ့ကိုမုန်းတယ်…။ အဖေ့ကို မချစ်ဘူး…။ ဒေါသတွေထွက်ပြီး ပေါက်ကွဲချင်လာတယ်...။
သိုပေမဲ့ အပြင်မှာတော့ မိဘကိုကြောက်တဲ့အခါ အဲ့လိုဖြစ်ပေါ်လာတဲ့ Dark side ကို ဖုံးကွယ်လိုက်ပြီး Bright side ဖြစ်တဲ့ "ငါလိမ္မာပြရမယ်" ဆိုပြီး ဇွတ်စိတ်ထဲထည့်လိုက်ရတယ်…။
Dark side တွေကိုဖုံးကွယ်ပြီး Bright side နဲ့နေထိုင်ခြင်းဟာ Fake light - အလင်းရောင်အတုဖြစ်ပါတယ်…။ တကယ့် Bright side မဟုတ်ပါဘူး…။
ဒါကြောင့် ဒီအစ်ကိုဟာ မိဘလက်အောက်ကလည်းလွတ်ရော... Dark side ဟာ လုံးဝလွှမ်းမိုးသွားပြီး သူဖြစ်ချင်တာတွေမလုပ်ခဲ့ရတဲ့ အမုန်းတရားတွေကို မကောင်းတာတွေလုပ်ပြီး စိတ်ကိုအလိုလိုက်ပစ်တာဖြစ်တယ်…။
လူတွေမှာ Dark side ကော၊ Bright side ကောပါလာပြီးသားပါ…။ ကျွန်တော်တို့ အားလုံးဟာ စိတ်ဒဏ်ရာတွေ Emotional pain တွေဖြစ်တိုင်း မိမိကိုယ်ကိုယ် မိမိမကုစားဘဲ မြိုသိပ်လိုက်တဲ့အခါ Dark side ကိုဖြစ်စေပါတယ်…။
လူတိုင်းဟာ မိမိရဲ့ Dark side ကိုလက်ခံပြီးသိမြင်လိုက်မှသာ Bright side ကိုလည်းအသုံးချတတ်မှာဖြစ်ပါတယ်…။
တစ်ခါက စကားလေးတစ်ခုကြားဖူးတာကို သိပ်သဘောကျမိတယ်…။
“လူဆိုးတွေဟာ လူဆိုးဖြစ်ချင်လို့ ဖြစ်ခဲ့တာမဟုတ်ပါဘူး…။ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာသာ
လူဆိုးတွေမှာရှိသွားရင် သူတို့လည်း super hero ဖြစ်သွားနိုင်ပါတယ်" တဲ့…။
ဒီစာလေးရေးရင်း ဥပမာပေးခဲ့တဲ့ အစ်ကို့ကိုတွေးမိတယ်…။ သူသာ ငယ်ငယ်ကတည်းက မိဘက အမြဲတမ်းဘောင်တစ်ခုထဲမထည့်ထားရင်၊ မိဘက သားသမီးရဲ့ ဖြစ်ချင်တဲ့ဆန္ဒလေးကို နားထောင်ပေးရင် အဲ့အစ်ကိုလည်း အခုအချိန်ဆို သူ့ဘဝလေးလှပနေမှာပဲ ကျွန်တော်တွေးမိပါတယ်…။
ကျွန်ုပ် နိုင်ငံမှာလူတွေအများစုဟာ သဘောကောင်းပါတယ်…။
အပြင်မှာတွေ့ရင်ပေါ့။
Online မှာတော့မဟုတ်ပါဘူး…။
Online မှာဆိုရင် Post တွေအောက်မှာ ဆဲနေကြတာ…၊ မကောင်းတာတွေရေးကြတာ…၊ တစ်ခုခုဆို ငါပဲမှန်တယ်ထင်နေတာတွေဟာ shadow တွေကလာနေတာပါ။
ဒီတော့ shadow work လုပ်ဖို့လိုတယ်…။
Shadow work လုပ်တဲ့အခါ Dark side ကိုအလင်းပြနိုင်မယ်။ သန့်ရှင်းလေးလုပ်နိုင်မယ်…။
စစ်မှန်တဲ့ Bright side ကိုအသုံးချနိုင်သွားမယ်…။ ကျွန်တော်တို့အားလုံးဟာ အတွင်းကော အပြင်ကော super hero တွေဖြစ်သွားပြီး ဘဝမှာလေ ပျော်ပျော်နေနိုင်တဲ့သူတွေဖြစ်လာပါလိမ့်မယ်…။
#credit -paing
#Moe
#Moti
Keep Reading