မင်းဘုန်းလူ{မန်းမြေ}

ကြွေလွင့်သွားတဲ့သစ်ရွက်လေးတွေနောက်ကို တောက်လျှောက် လိုက်ရင်း
လျှောက်လှမ်းနေကျ လမ်းမကြီးက တိတ်ဆိတ် ခြောက်ကပ်စွာလှမ်းမေးတယ် တစ်ယောက်ထဲလားတဲ့ ကျွန်တော် ဘာမှပြန်မဖြေခဲ့ပါဘူးခင်ပျိုမဒီ။
ပင်လယ်ပြင်ရဲ့ လှိုင်းပုတ်သံကိုပင်
ခင်ပျိုမဒီ ခေါ်သံလားလို့ စိတ်ထဲမှာထင်နေမိသေးတယ်။
ကောင်းနိုးရာရာ စကားဝါပန်းတွေပွင့်ပြန်တော့ ခင်ပျိုမဒီရယ်။
စကားဝါပန်းတွေ ဝေဝေဆာဆာ ပန်ဆင်ပေးချင်ပုံများ မေတ္တာစိတ်တွေ တဖွားဖွားပေါ့။
အုန်းသီးခြစ်ကို မျက်လွှာပင့်ပေးလိုက်တော့ အုန်းဆံကြိုးလေးတွေ ညီညီညာညာ ထွက်ကျသွားသလို လက်သည်းဖြတ်ဖြစ်တိုင်း ခင်ပျိုမဒီ တယုတယ ဖြတ်တောက် ပေးပုံတွေ မျက်ဝါးထင်ထင် မြင်ယောင်နေဆဲပါကွယ်။
လွမ်းလဲလွမ်းလောက်ပါရဲ့
ခင်ပျိုမဒီ
မေတ္တာတရားကို ဆောင်းပါးပြောင်းကြည့်တော့ ခမ်းနားထည်ဝါတဲ့ နန်းဆောင် အတွင်းက ရွှေမင်းသမီးတစ်ပါး ကျွန်တော့ရင်ခွင်အတွင်း
ခိုဝင်ခဲ့ဖူးတာကိုး။
ဒါဟာ လမ်းထိပ်က ပဲပြုတ်သည်အဒေါ်ကြီး မြို့အတွင်း လှည့်လည်
ရောင်းချချိန် ကာလအတွင်းပါ။
ခင်ပျိုမဒီ ပြောခဲ့ဖူးသလို မြေပြန့်မှာ ချယ်ရီပင်တွေ ရှိရင်ကောင်းမှာပဲနော်
ဆိုတဲ့ စကားတွေကြောင့် ပန်းဥယျာဉ် ထောင့်စွန်းပိုင်းမှာ ချယ်ရီရိပ်ကလေးသာခဲ့ဖူးတယ်။
ဘယ်ပန်းတွေ ဘယ်လောက်လှလှပါ
ခင်ပျိုမဒီ အလှကို မယှဉ်ဝင့်တာ ကျွန်တော်သိပါတယ်။
ကျွန်တော့ကြောင့် မျက်မှန်အောက်က
မျက်ဆံနက်ကလေး အတွင်းမှာ မျက်ရည်မိုးတို့ တွဲလောင်းခိုခဲ့ဖူးတာတွေ တောင်းပန်ပါတယ်ကွယ်။
ခွင့်လွှတ်ခြင်းနဲ့ စွန့်ပြစ်ခြင်းက
ကျွန်တော့အတွက် ထိုက်တန်ခဲ့ရဲ့လားလို့ မေးကြည့်ချင်ပါသေးတယ်။
ခင်ပျိုမဒိီရဲ့အဖြေကကျွန်တော် ရှေ့ဆက်နိုင်ဖို့ လမ်းကွေ့လေးတစ်ခု ဒါမှမဟုတ် လမ်းစလေးတစ်ခုဖြစ်သွားမှာပါ။
ခင်ပျိုမဒီဆီက ထင်မှတ်ထားတဲ့ အဖြေတစ်ခုကြောင့် ကျွန်တော်ရပ်တန့်လိုက်သော မှတ်တိုင် ငယ်လေးတစ်ခုအတွင်းမှာ အခုထိတွေတွေလေးပါကွယ်။
ခေတ်မှီလူသတ်လက်နက်ဆန်းတွေ
ထုတ်သုံးဖို့မလိုပါ။
ခင်ပျိုမဒီ မျက်စောင်းတွေနဲ့တင် ကျွန်တော် အကြိ
Unlock to read this premium article with 10 points.