Author's Profile Photo

Seesar Yeik

26/04/2026

အငယ်ဆုံးဆိုတာ ပျော်ရွှင်ယောင်ဆောင်နေတဲ့ အထီးကျန်တဲ့သူတွေပါ

1 min read
Education
Environment & Sustainability
Parenting & Family

အငယ်ဆုံးလို့ ပြောရင် ကျွန်မတို့အကုန်လုံးက အိမ်ရဲ့ အချစ်ဆုံးလို့ ပြေးမြင်ကြမှာအမှန်ပါ။ အငယ်ဆုံးလို့ ပြောလိုက်ရင် အကြီးတွေအနေနဲ့ကော ဘယ်လိုမြင်မလဲ။ သေချာတာကတော့ ငါ‌တို့ချစ်ရတဲ့ မောင်လေး ညီမလေး ဒါမှမဟုတ် ညီလေး ညီမလေးပေါ့။
လူတွေက အချစ်ခံရတဲ့အတွက် အငယ်ဆုံးတွေကို အားကျတတ်ကြတယ်။ ဒါပေမဲ့ အငယ်ဆုံးတွေမှာ အချစ်ခံရသည့်နည်းတူ မွန်းကြပ်မှုတွေလဲ ရှိတတ်ကြပါတယ်။ တစ်နည်းအားဖြင့် ချိုးဖျက်လို့မရတဲ့ စည်းတွေ ဘောင်တွေပေါ့။ ဥပမာ အကြီးတွေကို ပြန်မပြောရဘူး။ ခိုင်းတာမှန်သမျှ အသာလုပ် မငြင်းရဘူး။ ငါတို့ထောက်ပံ့တာနဲ့ နေပြီး ငါတို့ကို ရိုသေလေးစား ဒါမျိုးပေါ့။
အငယ်ဆုံးတွေရဲ့ဘဝက သက်သာချောင်ချိတယ်လို့ထင်ရပေမယ့် တကယ်တော့ မွန်းကြပ်မှုတွေ အပြည့်ပါ။ ကိုယ်ဝမ်းနည်းနေချိန် ဝမ်းနည်းနေကြောင်းမပြရဲဘူး။ကိုယ့်ကိုချစ်တဲ့သူတွေ စိတ်ညစ်ရမှာစိုးလို့ ခံစားချက်တွေကို ထုတ်မပြတတ်ကြဘူး။ အဲ့လိုနဲ့ မိသားစုတွေက အငယ်ဆုံးတွေကို ခံစားချက်မရှိတဲ့လူလို ထင်မှားကြလာတယ်။ ပြုမူလာကြတယ်။ ငါ ဒါလေးပြောလိုက်လို့ ဘာမှမဖြစ်ပါဘူးကွာ ဆိုပြီး အကြီးတွေ ပြောလိုက်တာတွေဟာ သူတို့အတွက် စိတ်ဒဏ်ရာတွေ ဖြစ်လာကြတယ်။
တစ်ခါတစ်လေ သူတို့ခံစားချက်တွေ ထုတ်ဖော်မိတတ်တယ်။ အဲ့ဒီအခါ အကြီးတွေက ဘာမဟုတ်တဲ့အရာလေးနဲ့ လာခံစားပြနေတယ်လို့ ပြောတတ်ကြတယ်။ တကယ်တော့လေ သူတို့လေးတွေရဲ့ စိတ်ထဲမှာ အကြိမ်ကြိမ် သည်းခံခဲ့ရတာကနေ ဖြစ်ပေါ်လာတာတွေပါ။ ခံစားချက်လေး တစ်ခါထုတ်ပြမိရင် အဲ့လို လျစ်လျူရှုခံရတဲ့အခါ သူတို့လေးတွေ ဝမ်းနည်းလာတယ်။ နောက်တော့ သူတို့ဟာ ဘာပဲဖြစ်နေ ဖြစ်နေ ဖွင့်မပြောရဲကြတော့ဘူး။ ခံစားချက်တွေ ထုတ်မပြရဲကြဘူး။ အဲ့လိုနဲ့ သူတို့က ခံစားချက်ရှိရက်နဲ့ မခံစားတတ်ချင်ယောင်ဆောင်ရတဲ့ စက်ရုပ်တွေ ဖြစ်သွားကြတော့တယ်။
တကယ်တော့ အငယ်ဆုံးတွေရဲ့ ဘဝဟာ အတော် အထီးကျန်ပါတယ်။ အိမ်မှာ လူကြီးအရာမသွင်းတဲ့ ကလေးတွေ ဖြစ်တာကြောင့် သူတို့ရဲ့ အတွေးတွေ ခံစားချက်တွေကို ထုတ်မပြောရဲကြတော့ဘူး။ ထုတ်မပြောတော့ သူတို့လေးတွေကို ဘယ်သူမှ နားလည်မပေးနိုင်ကြဘူး။အဲ့လိုနဲ့ သူတို့ဟာ အပြင်ပန်းမှာသာ မိသားစုနဲ့ နီးစပ်ကြပေမဲ့ အတွင်းပိုင်းမှာတော့ ဝေးကွာနေခဲ့ကြတယ်။အငယ်ဆုံးတွေက အပြင်မှာသာ မပြကြပေမဲ့ သူတို့ရဲ့ စိတ်တွေဟာ ဒဏ်ရာအမျိုးမျိုးနဲ့ အထီးကျန်တတ်လာကြပါတယ်။အငယ်ဆုံးတွေကို နားလည်ပေးဖို့ လိုအပ်တယ်။ ပြောရဲဆိုရဲ ဖြစ်လာအောင် သူတို့ရဲ့အတွေးတွေကို နားထောင်ပေးဖို့ လိုအပ်ပါတယ်။ သူတို့ကို ယုံကြည်ဖို့လိုအပ်ပါတယ်။ စိတ်ဒဏ်ရာတွေကို ကုစားပေးဖို့ လိုအပ်ပါတယ်။ အငယ်
ဆုံးတွေအတွက် အိမ်ဟာ အထီးကျန်မနေစေဖို့ လိုအပ်ပါတယ်။ အငယ်ဆုံးတွေအတွက် နားလည်ပေးနိုင်သောသူများကို လက်ကမ်းကြိုလျက်....

Keep Reading

"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုးတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စFinance Vs Accountingလဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လေညင်းတွေဟာ ဘယ်ကလာ