Default Profile Photo

SarPhat User

7/04/2024

အသုံးအနှုန်းအလွဲ

1 min read
Book Review
Education
General Knowledge
အသုံးအနှုန်းအလွဲ's photo

ရှေး နဲ့ ရှေ့
*****
ဝစ္စပေါက်ရယ်၊ အောက်မြစ်ရယ် ကွာတာနဲ့အမျှ အဓိပ္ပာယ်လဲ ကွာသွားတတ်တာ သိကြမှာပါ။

'ရှေးရှု'လို့ သုံးရတာတော့ သိပါတယ်။ 'ရှေ့ရှု'လို့ သုံးရင်ကော မရဘူးလား။

စာလုံးပေါင်းတွေကို သုံးတဲ့အခါ တရားဝင် သတ်မှတ် ရေးထုံးအတိုင်း လိုက်နာကျင့်သုံးရတာပါ။ စံသုံး သတ်မှတ်ထားသူတွေကလဲ ပြီးစလွယ် သတ်မှတ်တာမျိုး မဟုတ်ဘဲ သေသေချာချာ ဆန်းစစ်ပြီးမှ စံသုံး သတ်မှတ်တာ ဖြစ်ပါတယ်။ တစ်လုံးချင်းမှာ အဓိပ္ပာယ်တစ်မျိုး ဖြစ်ပြီး တွဲလုံးအနေနဲ့ ဆိုရင် အဓိပ္ပာယ် ပြောင်းသွားလေ့ရှိတာလဲ သိကြမှာပါ။
'ရှေး' ဆိုပြီး တစ်လုံးတည်း ဆိုရင် နာမ်အသုံးအဓိပ္ပာယ်အနေနဲ့ 'အကြာကြီး ကုန်လွန်ခဲ့ပြီးတဲ့ကာလ'လို့ အဓိပ္ပာယ် ရပါတယ်။ 'ရှု' ဆိုပြီး တစ်လုံးတည်း ဆိုရင်တော့ ကြိယာနဲ့ နာမ် ဆိုပြီး ဝါစင်္ဂ ၂ မျိုး ခွဲသေးရာမှာ ကြိယာအသုံးအဓိပ္ပာယ်က 'ကြည့်တယ်' ဆိုတာ ဖြစ်ပြီး နာမ်အသုံးအဓိပ္ပာယ်က 'မျက်နှာအမူအရာ' ဖြစ်ပါတယ်။ ဒီ 'ရှေး'နဲ့ 'ရှု'တို့ နှစ်ခုကို ပေါင်းပြီး 'ရှေးရှု'လို့ သုံးရင် သူတို့ လုံးချင်းအဓိပ္ပာယ်တွေ အဆက်အစပ်အရ 'ဟိုးအရင်တုန်းက ကြည့်တယ်' ဒါမှမဟုတ် 'အရင်တုန်းက မျက်နှာအမူအရာ' ဆိုတဲ့ အဓိပ္ပာယ် ရှိရမဲ့သဘောပါ။ ဒါပေမဲ့ တွဲလုံး 'ရှေးရှု' ဆိုတာကို စံသုံးအဓိပ္ပာယ် သတ်မှတ်တာက 'ဦးတည်တယ်' ဆိုပြီး ဖြစ်ပါတယ်။
ဒါကြောင့် 'ဦးတည်တယ်' ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးချင်ရင် 'ရှေးရှု'လို့ သုံးဖို့ ဖြစ်ပါတယ်။ တစ်လုံးချင်းအဓိပ္ပာယ်နဲ့ သုံးချင်ရင်တော့ 'ရှေး'နဲ့ 'ရှု'တို့ကို ပူးကပ် သုံးလို့ မသင့်ဘဲ 'ရှေးက ရှုမြင်ပုံ' ဆိုတာမျိုးဖြစ်ဖြစ် သုံးနိုင်တယ်ပေါ့။ အဲလိုမျိုးပဲ 'ရှေ့'နဲ့ ဆိုရင်လဲ 'ရှေ့ဘက်က ရှုကွက်' ဆိုတာမျိုး သုံးနိုင်မယ်ပေါ့။ 'ရှေးရှု' ဆိုတဲ့ တွဲလုံးကို 'ဦးတည်တယ်' ဆိုတဲ့အဓိပ္ပာယ်နဲ့ သတ်မှတ်ထားတာ ရှိပေမဲ့ 'ရှေ့ရှု' ဆိုတဲ့ တွဲလုံးတော့ သတ်မှတ်ထားတာ မရှိပါဘူး။ တွဲလုံး မသတ်မှတ်ထားပေမဲ့ တကယ်လို့ 'ရှေ့ရှု'လို့ ပူးကပ် သုံးမယ် ဆိုခဲ့ရင် 'ရှေ့ကို ကြည့်တယ်' ဆိုတဲ့ အဓိပ္ပာယ် ရပါလိမ့်မယ်။

အေးကျော်မင်း
ကိုးကား ။ ။ အထက်ဖော်ပြပါ အကြောင်းအရာသည် ဆရာအေးကျော်မင်း၏ သင်ခန်းစာပို့ချချက်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။

(Post အား လွတ်လပ်စွာ Share နိုင်သည်။ ကူးယူဖော်ပြခွင့် မပြု။)

#ရေးမယ်ထရိန်နင်
#အသုံးအနှုန်းအလွဲ

မယ်ရေးတို့ ဝေမျှနေတဲ့ ဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့
ရေးမယ်ထရိန်နင်ရဲ့ Social Media
Link တွေကိုပါ တင်ပြပေးလိုက်ပါတယ်။
Telegram channel
https://t.me/yaymaltraining
Instagram Channel
https://instagram.com/yaymal_training?igshid=119xh0bd0nfp5
Youtube Channel
https://youtube.com/channel/UCZmNsBQb0Bm6zwLKqVsc91Q

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ