Author's Profile Photo

ထောင်ရှာဖန်း (Htaung Shar Phan)

17/07/2025

အတိတ်က နာကျင်စရာကို ပြန်တမ်းတမိခြင်း

1 min read
Fiction
Psychology
Creative



လွန်ခဲ့တဲ့ ၇နှစ်-၈နှစ်လောက်ကပေါ့ ဘဝမှာ အနာကျင်ရဆုံးအခိုက်အတန့်ကို ကြုံတွေ့ခဲ့ရတယ်။ အဲ့ဒီလို ခံစားချက်ကို ပထမဆုံး ခံစားခဲ့ဖူးတဲ့အချိန်ပေါ့။ အဲ့ဒီအချိန်တုန်းကအတော်လေးငယ်သေးတယ်။ အသက် ၁၁-၁၂လောက်ဘဲရှိသေးတယ်။ အဲ့ဒီအချိန်တုန်းက အခိုက်အတန့်ကြောင့် ရင်ဘတ်ကြီး ကွဲမတတ်၊ နှလုံးသားတွေပေါက်မတတ် နာကျင်ခဲ့ရတယ်။တကယ် ဒီလိုခံစားချက်ကို ပထမဆုံးခံစားခဲ့ဖူးတာဘဲ။ သံယောဇဉ်ဆိုတဲ့ ကြိုးကို ခက်ခက်ခဲခဲ ဖြတ်ခဲ့ရတယ်။ အဲ့ဒီသံယောဇဉ်ကြောင့်လည်း ပိုနာကျင်၊ပိုခံစားခဲ့ရတယ်။ဘဝမှာ အဦးဆုံး တွယ်တာမိ၊ ပထမဆုံး သံယောဇဉ်ထားမိခဲ့တဲ့အချိန်ပေါ့။ အဲ့ဒီအချိန်မတိုင်မီ ဘဝမှာ အမေကလွဲလို့ တစ်ခြားတွယ်တာစရာမရှိခဲ့ဘူး။အချိန်တွေသာ ကြာသွားတယ်၊ အဲ့ဒီတုန်းက ရခဲ့တဲ့နာကျင်မှုက အခုထိကိုယ့်အပေါ်သက်ရောက်နေတုန်းဘဲ။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ အခုအချိန်မှာ ခံစားချက်မရှိတော့ပေမဲ့၊ နာကျင်ခံစားရတိုင်း လူကမူးနောက်ပြီး ဘာမှတွေးမရတော့တဲ့အထိ ဖြစ်ဖြစ်လာတယ်။ကိုယ့်ရဲ့မိသားစုဝင် တစ်ယောက်လို မြတ်နိုးရ၊တွယ်တာရတဲ့သူကို ဆုံးရှုံးခဲ့ရတယ်။

တစ်ခြားသူတော့ မဟုတ်ပါဘူး၊ ဘဝမှာ ပထမဆုံး မွေးဖူးတဲ့ ကြောင်လေး။ လပိုင်းလောက်ဘဲ ကိုယ့်အနားမှာ ရှိပေးခဲ့တယ်။ သူနဲ့ အမှတ်တရတွေအများရှိခဲ့တယ်။ လပိုင်းလေးဘဲ ဆိုပေမဲ့ ခွဲခွာသွားချိန်မှာ နာကျင်ခဲ့ရတာ ရင်နဲ့မဆံ့အောင်ပါဘဲ။သူ့ကို မမွေးခင်က ကြောင်ကိုမချစ်တတ်သလို၊ တိရစ္ဆာန်တွေအပေါ်လည်း မကြင်နာတတ်ခဲ့ဘူး။ သူ‌ဆုံးသွားပြီးနောက်ပိုင်း တစ်ခြား တိရစ္ဆာန်တွေကို ပိုစာနာကြင်နာတတ်လာတယ်။ အဲ့ဒီအကောင်လေးနေရာမှာ ငါ့ကြောင်လေးသာဆိုရင် တွေးပြီး၊စာနာသနားတတ်လာတယ်။

သူ့ကို သတိရတိုင်း ဝမ်းတွေနည်းရလို့ပေါ့။အမေကတော့ နှစ်သိမ့်ပေးရှာပါတယ်။ “မသေခင်ချစ် သေလျှင်ပစ် ” တဲ့။ ကိုယ်ကတော့ ချစ်ရတဲ့ကြောင်လေးကို သေသွားတဲ့အချိန်ကနေ အခုထက်ထိအချိန်သာကြာသွားတယ် မမေ့ခဲ့သလို၊မေ့လို့လည်း မရခဲ့ပါဘူး။သူ့ကြောင့်လည်း ဘဝမှာ ပိုပြီးစာနာသနားတတ်လာတယ်၊ သတ္တဝါလေးတွေအပေါ် ဂရုဏာစိတ် ပိုထားတတ်လာခဲ့တယ်။

#Htaung_Shar_Phan

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်မေတ္တာမဏ္ဍိုင်အသစ်နှင့်အဟောင်းThe Eternal Existenceသည်းခြေကြိုက် စာအုပ် ၆ အုပ်ဒီကဗျာလေး ဖတ်ကြည့်ပါရပ်တန့်ရမယ့်အချိန်ဆုလာဘ်ဟာရူကီမူရာကာမိဆိုတာ