Nway Oo Maung
ဖေ့စဘုတ်တစ်ခွင် မမဟုန်သတင်းကပြဲပြဲစင်နေတော့ ဆရာခက်ဇော်ရေးတဲ့ "အမှောင်ထဲကမင်းသားများ"စာအုပ်ထဲက ပန်းဆိုးတန်းရှဲတမတ်တန်းထဲကို ရေနံဆီမီးခွက် ဝှက်ယူ၍သွားသော ဧရာနှင့်ကြေးမုံဆိုသော ဆယ့်လေးနှစ်သား ငတိလေးတွေကို သွားမြင်မိတယ်။1980ကျော်ကာလတွေမှာ ရန်ကုန်မြို့၏ လိင်ဖျော်ဖြေရေလုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ ရှဲတမတ်တန်းဆိုတာရှိခဲ့တယ်။" ရှဲတမတ်" ဆိုတာ အမှောင်အခန်းတစ်ခန်းထဲမှာ မိန်းမပျိုတစ်ဦးကို ဝတ်လစ်စားလစ်နေစေပြီး တမတ်ပေး၍ မီးခြစ်ဆံ မီးတစ်တောက်အချိန်လေး ကြည့်ရသောအခန်းဖြစ်၏။ထိုးအခန်းထဲသို့ ရေနံဆီမီးခွက်ကို အစောင့်တွေမသိအောင်ယူဆောင်ခါ မီးထွန်ပြီး အားပါးတရကြည့်လေ၏။ထိုအခါမှ ပုံမှန် မိီးခြစ်စံတစ်တောက်စာမှာ နှစ်မိနစ် သုံးမိနစ်သာကြာ၍ ဆယ်မိနစ်လောက်ကြာချိန်အထိ ထွက်မလာသောကြောင့် အစောင့်က ရေနံဆီမီးခွက်နှင့် အငမ်းမရကြည့်နေသော ချာတိက်နှစ်ယောက်ကို ဆွဲထုတ်ရာမှ ရှဲတမတ်တန်းအတော်ပွက်လောရိုက်သွားလေ၏။ ငတိနှစ်ကောင်ကလည်း ဇမှမသေးပဲ ပြန်ဆော်တော့ ပိုဂယက်ထသွားတာပေါ့။ နောက်ဆုံးတော့ ပန်ဆိုးတန်းက ဖာခေါင်းတွေ ဝိုင်းရိုက်လိုက်မှ ငတိလေးတွေ အတော်ခံလိုက်ရတယ်။ အခုလည်းမမဟုန်ရဲ့ မာယာကြောမှာနစ်မျောနေတဲ့ တချို့ပုရိသတွေဟာ မမဟုန်၏ လိင်အမျိုးအစားကိုသိပြီး အလိမ်မှန်းသိတာတောင်မှ ကာမအမှောင်အောက်မှာကျရှုံးကုန်ကျတယ်။ တစ်ဆက်တည်း မဃဒေဝလင်္ကာကျမ်းစီးရင်တဲ့ မန်လည်ဆရာတော်ဘုရားကြီး၏ ကာမနှင့်ပတ်သတ်သော အဆုံးမလင်္ကာကို သွားသတိရမိတယ်
ကာမရောဂါ၊ ဝမ်းတွင်းနာကား၊
ကုရာနတ္ထိ၊ဆေးမရှိဘူး၊
သတိပညာ၊ထိုအရာသာ၊
မဟာဩဓ၊ဆေးမည်စွရှင့်။တဲ့
ပုထုဇဉ်လူသားတွေမှာ ကာမရောဂါ(သို့)ကာမဘီလူးဝင်ပူးခံရတဲ့အခါ ကုသဖို့ဆေးမရှိတော့ပါဖူးတဲ့၊ သတိ ပညာ(ဆင်ခြင်တုံးတရား)သာ ထိုသူ၏ ကယ်တင်ရှင်ဖြစ်ပေသတည်းဟု မိန်ဆိုထား၏။ သတိ ပညာသည်သာ။
Keep Reading