Author's Profile Photo

Kaung Set Lwin

28/05/2025

စစ်တုရင်အကြောင်း သိကောင်းစရာ

1 min read
General Knowledge
History
Creative
စစ်တုရင်အကြောင်း သိကောင်းစရာ's photo

ကမ္ဘာပေါ်မှာ ကစားနည်းတွေအများကြီးရှိတဲ့အထဲမှာမှ စစ်တုရင်ဟာ နာမည်ကြီးထင်ရှားသလို တော်တော်ဆော့လို့ကောင်းတဲ့ ကစားတစ်ခုလို့ပြောလို့ရပါတယ်။ ဒီဆောင်းပါးမှာတော့ စစ်တုရင်ရဲ့ သမိုင်းကြောင်းနဲ့ အခြားသိကောင်းစရာတွေကို ရေးသားသွားမှာ ဖြစ်ပါတယ်။



စစ်တုရင်ကစားနည်းကို အိန္ဒိယနိုင်ငံမှာ ၆ရာစုလောက်တုန်းက စတင်တီထွင်ကစားခဲ့ကြတယ်လို့သိရှိရပါတယ်။ သူ့ရဲ့ပထမဆုံးနာမည်ကတော့ Chaturanga
ဖြစ်ပြီး အင်္ဂလိပ်ဆိုရင် Four divisionsလို့ခေါ်ပါတယ်။ ဒီလိုခေါ်ရတဲ့အကြောင်းအရင်းကတော့ သူ့မှာ Infantry
(ခြေလျင်တပ်)၊ Cavalry(မြင်းတပ်)၊ Elephants(ဆင်တပ်၊ Chariots(စစ်ရထားတပ်) ဆိုတဲ့ တပ်လေးတပ်နဲ့ဖွဲ့စည်းထားလို့ဖြစ်ပါတယ်။ယနေ့ခေတ်အခေါ်အရ Pawn, Knight, Bishop, Rook လို့ပြောရပါမယ်။




၇ရာစုအရောက်မှာတော့ ဒီကစားနည်းက Persiaဘက်ကို ပျံ့သွားခဲ့ပါတယ်။ အဲဒီအခါ Persiaတွေက အိန္ဒိယစစ်တုရင်ရဲ့ စည်းမျဥ်းတွေကို ပြောင်းလဲခဲ့ရုံသာမက အရုပ်ပုံစံတွေ၊ နာမည်တွေကိုလည်းပြောင်းလဲခဲ့ပြီး Shatranj ဆိုတဲ့ စစ်တုရင်အသစ်ကို ပြလုပ်ခဲ့ပါတယ်။

သူ့ရဲ့အရုပ်ပုံစံနဲ့နာမည်တွေကိုတော့ ပုံထဲမှာကြည့်ရှုနိုင်ပါတယ်။

ပြီးတော့ စစ်တုရင်ကစားရင် ပြောလေ့ရှိတဲ့






Shahဆိုတာ "ဘုရင်"ဖြစ်ပြီး mateဆိုတာ "သေပြီ"လို့ပြောတာဖြစ်ပါတယ်။ ဒါကြောင့် Shahmateဆိုတာ ဘုရင်သေပြီ လို့အဓိပ္ပါယ်ရပါတယ်။



၉ရာစုအရောက်မှာတော့ စစ်တုရင်ဟာ ဥရောပတိုက်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲဒီမှာလည်း အရုပ်ပုံစံ နှင့်နာမည်ကို ပြောင်းလဲခဲ့ပြန်ပါတယ်။



၁၅ရာစုမတိုင်ခင်တုန်းက ဘုရင်မကိုရွှေ့မယ်ဆိုရင် ထောင့်ဖြတ်တစ်ကွက်သာ ရွှေ့နိုင်ပြီး Bishopကတော့ နှစ်ကွက်ကျော်ခုန်ရွှေ့နိုင်ပါတယ်။ ၁၅ရာစုနှောင်းပိုင်း စစ်တုရင်စည်းမျဥ်းမှာတော့ ဘုရင်မကို အပေါင်းနှင့်အမြှောက်ပုံစံ အကန့်အသတ်မရှိရွှေ့နိုင်ပြီး Bishopကိုတော့ ထောင့်ဖြတ်အကန့်အသတ်မရှိရွှေ့နိုင်တယ်လို့ပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် စစ်တုရင်ရဲ့ တစ်ခုတည်းသော ခုန်စားတဲ့အကွက် enpassentကလည်း အဲဒီအချိန်လောက်မှာပဲ ပေါ်လာခဲ့ပါတယ်။


အဲဒီအချိန်ကစလို့ ယနေ့ခေတ်စစ်တုရင်ရဲ့ ရုပ်လုံးပေါ်လာခဲ့ပြီး ကစားပွဲတွေကိုလည်း ပိုမိုစိတ်လှုပ်ရှားစရာကောင်းလာစေခဲ့ပါတယ်။

ဒါကတော့ စစ်တုရင်ရဲ့ သမိုင်းကြောင်းနဲ့အခြားသိကောင်းစရာတွေပဲဖြစ်ပါတယ်။ နောက်ထပ် ဗဟုသုတရစရာဆောင်းပါးတွေလည်း ရေးသားသွားမှာဖြစ်လို့ Followလုပ်ထားကြပါဦးခင်ဗျာ။



  • 3:50 P.M.

Keep Reading

ချေးများစေ့စပ်တဲ့သူစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတန်ဆေးလွန်ဘေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်မရိုးတရိုးပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါဒေါင်လိုက်ဒရာမာ (Vertical Drama)