အက္ခရာ - Haruki
စာမြန်မြန်ရောက်အောင် ဘယ်လိုကျက်ရမလဲ။
ကျွန်တော့်အနေနဲ့ပြောရရင် စာမြန်မြန်ကျက်တာထက် နည်းမှန်လမ်းမှန်နဲ့ကျက်တာက ကိုယ့်အတွက် ပိုပြီးထိရောက်မှုရှိစေပါတယ်။
နည်လမ်းမှားနဲ့ဆိုရင် မြန်မြန်ကျက်လေလေ စာမရလေလေပါပဲ။ ဒါကြောင့် စာကို ထိထိရောက်ရောက်ဘယ်လိုကျက်မှတ်ရမလဲဆိုတာ မျှဝေပေးပါမယ်ခင်ဗျာ။ ကျွန်တော့်ကိုယ်တိုင်လည်း အသုံးပြုနေတဲ့ နည်းလမ်းလေတွေပါ။
⏱️ - အချိန်ခွဲပြီး လေ့လာကျက်မှတ်ပါ
သုတေသီတွေရဲ့ အဆိုအရ "Prolonged Cramming" လုပ်ခြင်းက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းနိုင်တာမလို့ အချိန်အကြာကြီး တထိုင်တည်း စာမကျက်သင့်ပါဘူး။
အဲလိုမျိုးထက် ဦးနှောက်ကို ခေတ္တ အနားပေးပေးပြီး ကျက်တာမျိုးက ပိုမိုထိရောက် မှုရှိတဲ့အတွက် ဦးနှောက်စွမ်းရည်ကို ပိုမိုတိုးတက်စေနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့ Study Session အလိုက် ကျက်မှတ်တာမျိုး ပြုလုပ်ပေးပါ။
?- စာကျက်တဲ့နေရာကို အပြောင်းအလဲလုပ်ပေးပါ
ကျွန်တော်တို့ ဦးနှောက်ရဲ့ ထူးခြားချက်တစ်ခုက နေရာအသစ် အပြောင်းအလဲ အသစ်တွေမှာ ဖြစ်ပျက်တတ်တဲ့ အဖြစ်အပျက်တွေ၊ သတင်းအချက်အလက်တွေကို ပုံမှန်ထက် ပိုမို အမှတ်ရ နေတတ်ပါတယ်။
ဒါကြောင့်လည်း စာကျက်မှတ်လေ့လာရာမှာ ပုံမှန်စာကြည့်စားပွဲမှာပဲ ကျက်မှတ်တတ်တဲ့အကျင့်ထက် စာကြည့်တိုက်မှာ သွားရောက်ကျက်မှတ်တာပဲဖြစ်ဖြစ် ကိုယ့်အတွက် စာကျက်လို့ ကောင်းတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်အပြောင်းအလဲတစ်ခုမှာ လေ့လာကျက်မှတ်ခြင်းက ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကို ပိုမို ကောင်းမွန်စေပါတယ်။
? - တရေးတမော အိပ်စက်အနားယူပါ
ဦးနှောက်စွမ်းရည်မြင့်မားစွာနဲ့ စာလေ့လာကျက်မှတ်ဖို့အတွက် နည်းလမ်းကောင်းတွေထဲမှာ ဒီအချက်ကို ထည့်ထားတာ ရယ်စရာကောင်းနေပေမယ့် အမှန်တကယ် ထိရောက်တဲ့ နည်းလမ်းပါ။
တရေးတမောအိပ်စက်အနားယူခြင်းက ဦးနှောက်စွမ်းရည်ကို ပိုမိုမြင့်မားလာအောင် စွမ်းဆောင်ပေးနိုင်တဲ့အတွက် သင့်စာကျက်ချိန် Timetable ထဲမှာ Napping Time ကို မဖြစ်မနေထည့်ပါ။
?♂️ - မကျက်ပါနဲ့။ မှတ်ပါ
ကျွန်တော်ပြောချင်တာရဲ့ အဓိကက ဒါပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း စာမကျက်သလို စာကျက်ခြင်းကိုလည်း အားမပေးပါဘူး။
စာကျက်မှတ်တဲ့နေရာမှာ မျက်လုံးကဖတ်ပြီး ပါးစပ်က ကြက်တူရွေး နှုတ်တိုက်အော်သလို အော်ကျက်နေတာမျိုးထက် အဓိပ္ပာယ်ကို သေချာ နားလည်အောင် မှတ်တာမျိုးကသာ ဦးနှောက်ရဲ့ မှတ်နိုင်စွမ်းရည်အတွက် အသုံးဝင်တာပါခင်ဗျာ။
♻️ - ကိုယ်တိုင် မှတ်ဉာဏ်စွမ်းရည် အကြောင်း လေ့လာပါ
လူတစ်ဦးနဲ့ တစ်ဦး ဦးနှောက် ဉာဏ်ရည်ချင်း မတူညီကြသလို မှတ်ဉာဏ် စွမ်းရည်ရဲ့ အလုပ်လုပ်ပုံခြင်းလည်း မတူညီကြပါဘူး။
ဥပမာ ?
အချို့ကတော့ ညနက်ထိ စာလုပ်တာက ပိုထိရောက်မှုရှိတယ်လို့ဆိုကြပေမယ့် အချို့ကတော့ တစ်ညလုံးကျက်မှတ်လိုက်ပေမယ့် မနက်မိုးလင်းတဲ့အခါ ဘာမှ မမှတ်မိတော့သလိုဖြစ်သွားတာမျိုးတွေလဲ ရှိပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ဦးနှောက်က၂၄ နာရီအတွင်း ဘယ်လိုအချိန်မှာ Energetic အဖြစ်ဆုံးလဲ၊ ဒီလိုအချိန်မှာ ကိုယ်က ဘယ်လိုနည်းတွေနဲ့ Support လုပ်ပြီး Smart Study ဖြစ်အောင် ကြိုးစားမလဲ ကိုယ်တိုင် သိအောင်လုပ်ဖို့ အရေးကြီးပါတယ်။
? - အခြားတယောက်ကို စာသင်ပေးနေသလို ကျက်မှတ်ကြည့်ပါ
အများအားဖြင့် သီအိုရီတွေ သင်္ချာတွက်နည်းတွေ ကို အခြားတစ်ယောက်ကို သင်ပြပေးတဲ့အခါ ကိုယ်တိုင်လည်း ထပ်ခါထပ်ခါ ပိုမို နားလည်သဘောပေါက်လာပြီး မှတ်ရ ပိုလွယ်လာတယ်လို့ ဆိုကြပါတယ်။
ဒါက ဘာကြောင့်လဲဆိုရင် အမှန်တကယ် ကိုယ်တိုင် နားလည်ထားတဲ့ သီအိုရီ သဘောတရားတွေက ကိုယ်ပိုင် စကားလုံး၊ ကိုယ်ပိုင် မှတ်ဉာဏ်စွမ်းရည်နဲ့ ရှင်းလင်းသင်ပြလိုက်တာဖြစ်လို့ပါ။
ကိုယ်တိုင်က ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်မှသာ အခြားသူကိုလည်း အသေးစိတ် ရှင်းလင်းစွာ သင်ကြားပြသပေးနိုင်တာမို့ ဒီလို စာကျက်မှတ်
လေ့လာတဲ့နေရာမှာလည်း ကိုယ်က ပိုင်နိုင်သွားပြီလို့ ထင်ရင် အခြားတယောက်ကို ရှင်းပြပြီး ကိုယ့်ရဲ့ နားလည်သဘောပေါက်မှု စွမ်းရည်ကို စစ်ဆေးကြည့်ပါ။
? - ကျက်မှတ်လေ့လာတတ်ပါစေ
Student Lifetime မှာမှ မဟုတ်ပါဘူး။ လူတိုင်းက ဘဝမှာ အသစ်အသစ်တွေကို အမြဲ ထိတွေ့ လေ့လာနေရတာပါ။ ဒီလိုလေ့လာတဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ ကိုယ်တိုင် ဦးနှောက်စွမ်းရည်ကို အသုံးချပြီး ကျက်မှတ်လေ့လာတာမျိုးဖြစ်ဖို့ အရေးကြီးပါတယ်။
ဆိုလိုချင်တာက ကိုယ်ရဲ့ "Learning Process" ထက် "Learning Progress" ကို တစတစ တိုးတက်မြင့်မားလာအောင် ကြံဆနိုင်ဖို့ပါ။ ဒါမှသာ ဉာဏ်ရည်ဉာဏ်သွေးကလည်း အမြဲ တိုးတက်လာမှာဖြစ်ပြီး ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းအားကို အထောက်အပံ့ ဖြစ်စေနိုင်တဲ့ Smart Study မျိုးဖြစ်လာမှာပါ။
ဒီနည်းလမ်းလေးတွေအသုံးချပြီး လူရည်ချွန်လေးတွေဖြစ်အောင် ကြိုးစားလိုက်ပါခင်ဗျာ။?
ᏂᏗᏒᏬᏦᎥ
Keep Reading