Author's Profile Photo

အက္ခရာ - Haruki

6/04/2024

GED နဲ့ IGCSE ဘာကွာလဲ

1 min read
Education
General Knowledge
18 Again
GED နဲ့ IGCSE ဘာကွာလဲ's photo

ဒီနေ့မှာတော့ စာဖတ်သူလေးတစ်ယောက်တောင်းဆိုမှုလေးကြောင့် IGCSE နဲ့ GED တို့ရဲ့ ကွာခြားချက်များကို​ ပြောပြသွားမှာဖြစ်ပါတယ်။

IGCSE ကော GED ကောဟာ တကယ့်ကို အဆင့်မြင့်တဲ့ နိုင်ငံတကာ ပညာရေး နယ်ပယ် တစ်ခုလုံးက လက်ခံထားကြတဲ့ Globally recognized qualification တွေပဲ ဖြစ်ပါတယ်။

  • ဒါဆို သူတို့နှစ်ခုက ဘာတွေကွာခြားတာလဲ❓
  • ဘာကို ရွေးချယ်တက်ရောက်သင့်လဲ ❓


ပထမဦးဆုံးအနေနဲ့ IGCSE ဟာ ဘာလဲ ဆိုတာကို အရင်ဆုံး အကျဉ်းချုံး ရှင်းပြပေးချင်ပါတယ် ။

? What is IGCSE ❓❓❓

IGCSE ရဲ့အဓိပ္ပါယ်အပြည့်အစုံက “International General Certificate of Secondary Education“ ဖြစ်ပြီး IGCSE အောင်လက်မှတ်ကို မည်သည့်နိုင်ငံက မဆိုလက်ခံပါတယ်။ IGCSE အကြောင်း အသေးစိတ်သိချင်ရင်တော့ အောက်ဖော်ပြပါ link တွင် ဖတ်ရှု့နိုင်ပါတယ်။

https://www.facebook.com/355222785076263/posts/1177680679497132/?d=n ?

? What is GED❓❓❓

GED ရဲ့ နာမည်အပြည့်အစုံကတော့ General Education Development ဖြစ်ပြီး သူ့ကိုလည်းနိုင်ငတော်တော်များများက လက်ခံထားတဲ့ အထက်တန်းအဆင့် Qualification တစ်ခုပဲဖြစ်ပါတယ်။ GED အောင်လက်မှတ်ကို Thailand, US, Canada, Japan နိုင်ငံများရှိ တက္ကသိုလ်များက အများဆုံးလက်ခံပါတယ်။

? IGCSE နဲ့ GED ကွာခြားချက် -

IGCSE ဟာ နှစ်စဉ် May/ June & October/ November တို့မှာ စာမေးပွဲဖြေရလေ့ရှိပြီး GEDကတော့ စာမေးပွဲဖြေရမည့်အချိန် သတ်မှတ်ထားခြင်းမရှိပဲ စာမေးပွဲအတွက် စိတ်ကြိုက်ပြင်ဆင်ပြီးသည့်အချိန်မှသာ Register လုပ်ပြီး ဖြေဆိုလို့ရပါတယ်။ ဖြေဆိုတဲ့အခါမှာ တစ်ဘာသာချင်းစီ ဖြေဆိုလို့ရပါတယ်။

- IGCSE ကို အသက် (12) နှစ်အရွယ်မှစ၍​ စတင်ပြင်ဆင်နိုင်ပြီး စာမေးပွဲဖြေဆိုရန် အသက်ကန့်သတ်ထားခြင်းမရှိပါ။ GED စာမေးပွဲကိုတော့ အသက် ၁၈ နှစ်ပြည့်မှသာ ဝင်ရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ - IGCSE တွင် English နဲ့ Maths ကို မပါမဖြစ်သင်ကြားရပြီးအပြင် အနည်းဆုံးဘာသာရပ်(၅)ခုကနေ အများဆုံး (၁၄)ခုထိ လေ့လာဖြေဆိုနိုင်ပါတယ်။

- GED မှာတော့

(1)Reasoning through Language Arts, (2)Reasoning through Mathematics, (3) Social Studies, (4) Science စတဲ့ ဘာသာရပ်လေးခု အဓိကပါရှိပါတယ်။ - IGCSE ဖြေဆိုဖို့ အနည်းဆုံး အချိန် (1) နှစ်​​ခန့် ပြင်ဆင်ရပြီး GED အတွက် အနည်းဆုံး ၈လ ခန့် ပြင်ဆင်ရပါတယ်။ - IGCSE အတွက် Exam fees ကတော့ မိမိရွေးချယ်တဲ့ ဘာသာရပ်အလိုက် ကျသင့်မှာဖြစ်ပြီး GED ကတော့ ဘာသာရပ်တစ်ခုကို $80 ဝန်းကျင်လောက် ကျသင့်မှာ ဖြစ်ပါတယ်။

? ဒါဆို ဘာကို ရွေးချယ်သင့်လဲ ❓❓❓

- IGCSE နဲ့ GED ဘာကိုရွေးချယ်ရမလဲဆိုရင်တော့ ကိုယ်လေ့လာချင်တဲ့ဘာသာရပ်၊ အနာဂတ်မှာ မိမိတက်ချင်တဲ့ တက္ကသိုလ်ရဲ့ လိုအပ်ချက်၊ သွားချင်တဲ့နိုင်ငံအပြင် မိမိရဲ့ အသက်အရွယ်ပေါ်မူတည်ပြီး ဆုံးဖြတ်လို့ရပါတယ်။

IGCSE နဲ့ GED နှစ်ခုကြားရွေးချယ်မှု့ပြုလုပ်တော့မယ်ဆိုရင် အနာဂတ်မှာ မိမိသွားတက်ချင်သည့် တက္ကသိုလ်၊ အခြေခံနေထိုင်လိုတဲ့ နိုင်ငံ၊ ကျောင်းသားကျောင်းသူတွေရဲ့ စိတ်ဝင်စားမှု့၊ အချိန်ပေးနိုင်မှု့၊ မိမိအားသန်ရာပေါ်မူတည်ပြီး ရွေးချယ်မှု့ပြုလုပ်သင့်ပါတယ်။

အားလုံးပဲ အရည်သွေးစစ်မှန် မြင့်မားပြီး အကောင်းဆုံးသော ပညာရေးလမ်းကြောင်းကို အဆုံးထိ ဇွဲရှိရှိနဲ့ လျှောက်လမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

✨Victoria Academy - Learn globally, grace locally✨
-----------------------------------------------

ᏂᏗᏒᏬᏦᎥ

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------