Author's Profile Photo

သစ်တိုင်းမွှေး

21/05/2025

Take me home where I belong

1 min read
Book Review
Art
Fiction

ကျွန်တော် review ပေးချင်တဲ့ ဇာတ်လမ်းလေးပေါ့။Take me home where I belongတဲ့။သာမာန်အမျိုးသားနှစ်ယောက်ကြားက မေတ္တာရေးတွေပါပဲ။but တော်တော်လေးကို မြတ်နိုးဖွယ်ကောင်းတဲ့ မေတ္တာရေးတွေပေါ့။

ဒီတစ်လောမှာ စိတ်ရောကိုယ်ရော တအားနဲ့မှ ပင်ပန်းနေတာမို့ ကိုယ်ကိုယ်ကို နည်းမျိုးစုံနဲ့ Healing လုပ်ခဲ့ပါတယ်၊စာဖတ်ခြင်းကလဲ အပါအဝင်ပေါ့နော်။ဖတ်ပြီသားစာအုပ်ကလေးတွေ ထဲကပဲ ပြန်ရှာပြီးဖတ်ခဲ့ပါတယ်။

အဲ့ထဲမှာက ခံစားချက်တွေ စုံစုံလင်လင်နဲ့ Healing လေးလုပ်ပေးတဲ့ စာအုပ်လေးကိုပြန်ရှာတွေ့ပါတယ်။

Take me home where I belong

အနည်းငယ်လေး ပြောပြရမယ်ဆိုရင် ဒီလူတွေက ဒီလို စတယ်။
ဦးလက်ယာနဲ့ မာန်...
ဘရိုင်ယန်နဲ့ ဆောလ်အာနို...

ခရီးကြမ်းနှင်ကာ နေသာတဲ့ အရပ်မှာ စောင်နေခဲ့သူတစ်ယောက်၊အတိတ်က အပြစ်တွေ၊အတိတ်က နောင်တတွေနဲ့ အားနာစွာ မေတ္တာတွေ တွန်းထုတ်မိနေခဲ့သူတစ်ဦး။

မြန်မာလူ့ပတ်ဝန်းကျင်က အမျိုးသားနှစ်ယောက် မြတ်နိုးမိရင် အပုတ်ချတတ်တယ်။ဒါအမြဲ ဖြစ်နေကြပါပဲလေနော့၊အချို့တွေဆို လမ်းခွဲသွားတာ၊လောကကြီးကိုအရှုံးပေးသွားတာမျိုးတွေရှိပါသေးရဲ့။ ဒါတွေထားပါ။ဒါတွေက ကျွန်တော်ရှည်ပြီးရေးထားတာ။တကယ်က...

လက်ယာဆိုတဲ့ ပင်လယ်ပျော်လေးဟာ မာန် ဆိုတဲ့ချစ်ဦးသူနဲ့ မေတ္တာမျှခဲ့ပါတယ်။သူ သင်္ဘောတက်နေချိန်မှာ မာန်ဟာ မိသားစုနဲ့ ချစ်သူကိုငဲ့လို့ ညီမလေးလို ချစ်ရတဲ့သူနဲ့ လက်ထပ်ပါသတဲ့။ဒေါသကြီးတဲ့ ပင်လယ်စင်ရော်ဟာ ကမ်းကပ်ကပ်ချင်း မင်္ဂလာပွဲနှင့်တိုးကာ အမျိုးမျိုးသော စိတ်ခံစားချက်တွေကြောင့် သတိုးသမီးကို ခေါ်သွားပါသတဲ့လေ။မာန်တစ်ယောက်က စိတ်မြန်လွန်းတဲ့ သူနောက်ကို လိုက်ရင်း ကားအက်စီးဒန့်ဖြစ်ကာတိမ်းပါးတော့ လက်ယာဟာ သူကြောင့်လို့ အပြစ်ရှိစိတ်ကိန်းခဲ့ရပါတယ်။

ဆွစ်ဇလန်နိုင်ငံမှာ နုသစ်နေတဲ့ နေခြည်နဲ့ ညိုးငယ်နေတဲ့ စင်ရော်၊စင်ရော်လေးပြန်ဖို့အိမ်ကရော၊ ချစ်သူကိုသာ အိမ်လို့သတ်မှတ်သည့် ပင်လယ်ပျော်ဟာ အပြစ်ရှိစိတ်လို့ လွှတ်ချကာ နှင်းတောထဲ နေခြည်နုနုကို ခံစားနိုင်ပါ့မလား။

သူတို့ရဲ့ မေတ္တာလမ်းကလေးက မုန်တိုင်းအစုံနဲ့ပါပဲ။ဘယ်လောက်ပဲခတ်ခဲပါစေ နောက်ဆုံးရလဒ်ကအရေးကြီးစမြဲမဟုတ်လား။

နောက်ဆုံးရလဒ်အဖြစ် ပင်လယ်စင်ရော်လေးအတွက် အိမ်ကို ဖန်တီးပေးခဲ့တာက Author အသွဲ့ပါ။ရင်နင့်အောင် နွေးခဲ့ရတဲ့ မေတ္တာတွေကို TMHWIBမှာ ခံစားခဲ့ရတာမို့ အသွဲ့ ကြိုးစားအားထုတ်ခဲ့ရတာ တန်ပါရဲ့ဗျာ။

သူနေရာနဲ့သူ မိဘမေတ္တာ၊သူငယ်ချင်းသံယောဇဉ်၊မိသားစုနှောင်ကြိုးကို ကလောင်စွမ်းနဲ့ ဖော်ကြူးထားတာမို့၊ ရသစာအုပ်ကောင်းတစ်အုပ်ရယ်လို့ ကျွန်တော်ညွှန်းချင်ပါတယ်။

အအီပြေအောင် ဟာသလေးတွေနှောကာ နာကျင်စရာအပိုင်းတွေကို အနာလျော့သွားအောင်လုပ်ပေးလို့ အသွဲ့ကိုတော့ဖြင့် သိပ်ကျေးဇူးတင်သား။

အမှန်အတိုင်းပြောရရင် ဒီစာအုပ်ကို chapter 1ကနေ ပြန်လှည့်သွားဖူးပါတယ်။အရေးအသားက အစ ကိုယ်တကယ် ခံစားနေရသလို ကိုယ်အနားမှာအနီးကပ်ပြောနေသလို ခံစားရလို့ပါပဲ။နောက်တော့ အချိန်တစ်ခုပေး​ပြီးအေးဆေးဖတ်လိုက်တော့ ကိုယ့်အကြိုက်ဆုံးဖြစ်လာတာပဲ။

လူတွေက ကိုယ်ကြိုက်တဲ့ဟာလေးတွေကိုမကွယ်ဝှက်ထားချင်ဘူးမလား။ကျွန်တော်သည်လဲ နှစ်ချို့ဝိုင်ကို မကွယ်အဝှက်ပဲ စာဖတ်သူဆီမိတ်ဆက်ပေးချင်ပါတယ်။

နောက်ဆုံးပိတ် ကျိန်းသေပြောပေးချင်ခဲ့တာက ဦးလက်ယာဆိုတဲ့အမျိုးသားဆီ မာန်ဟာ မရောက်ရောက်အောင်ပြန်လာခဲ့ပြီး၊အထိအခိုက်ကင်းတဲ့ နေသာတဲ့ လုံခြုံတဲ့ အရပ်ကလေးမှာ ဘရိုင်ယန်၊ဆောလ်အာနိုအဖြစ် တည်ရှိပေးခဲ့ကြပါတယ်။မရောက်ရောက်အောင် ပြန်လာဖြစ်ခဲ့ပုံ၊ တစ်ဖက်လူကိုဆီးကြိုခဲ့ပုံ၊မေတ္တာတရားတွေမျော်လင့်ခဲ့ရပုံကို Take me home where I belong မှာ စီးစီးမျောမျော ခံစားပေးပါ။

မေတ္တာနွေးနွေးတွေကို ခံစားဖို့ စာအုပ်ဖတ်ပါ၊မတွန့်ဆုတ်ပါနဲ့။

A/N-ပထမဆုံး review ဆိုတော့ကောင်းမှာမဟုတ်ပါဘူး၊I know  (TwT).တစ်ချိန်တုန်းက ကိုယ်သိပ်လိုချင်ခဲ့တဲ့စာအုပ်လေးပေါ့၊ရတော့မရသေးပါဘူး၊သို့သော်ငြား Wattpad မှာတော့ always  ဖတ်လို့ရပါတယ်။စာအုပ်မဝယ်နိုင်လို့ မဖတ်ဖြစ်ဘူးဆို Wattpad ကိုလာခဲ့နိုင်ပါရဲ့။

Keep Reading

တန်ဆေးလွန်ဘေးသည်းခြေကြိုက် စာအုပ် ၆ အုပ်ချန်လှပ်ခဲ့သော ဇွန်လနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ