Author's Profile Photo

ကျော်ဇောအောင်

10/05/2025

ပါရမီဖြည့်ဘက်(ဘဝလက်တွဲဖော်)အား လွမ်းမိခြင်း။

1 min read
Fiction
ပါရမီဖြည့်ဘက်(ဘဝလက်တွဲဖော်)အား လွမ်းမိခြင်း။'s photo

ဘာမဟုတ်တဲ့ ကိစ္စနဲ့ ဒို့နှစ်ဦး လမ်းခွဲခဲ့ကြ။

မာနတွေ အပြိုင်အဆိုင် ပြ၊ နောက်ဆုံးတော့ ဘယ်သူမှ အနိုင်မရ၊ ရှင်ကွဲ ကွဲခြင်းသာ အဖတ်တင်ခဲ့ရ။

လောကကြီးမှာ ကိုယ့် အလိုတော်ကျ မဖြစ်တဲ့အခါ၊ ဘယ်သူ့ကိုမှ ရှာကြံပြီး အပြစ်တင်လို့လည်း မရ။

' ကမ္မဿကာ ' ကံသာလျှင် အမိ၊ ကံသာလျှင် အဖ။

ကိုယ်ပြုတဲ့ ကောင်းကံ၊ ကိုယ်သာ စံ ရ။ ပြုတဲ့ မကောင်းကံ၊ ကိုယ်သာ ခံ ရ။ ဒါဟာ " လောက " (သဘာဝ) နိယာမ။

ချစ်ခင်နှစ်သက်တဲ့ သူနဲ့ ကွေကွင်းရတာလည်း " ဒုက္ခ "။ မနှစ်မြို့ မုန်းတီးတဲ့ သူနဲ့ တွေ့ဆုံရတာဟာလည်း " ဒုက္ခ "။

ဪ ... လူ့ဘဝ လူ့ဘဝ၊ ' သင်္ခါရ ' တရား မှန်သမျှ ဘယ်အရာမှ မမြဲကြ။

အခုတော့လည်း ဒီဘဝ ဒီမျှ ဒို့နှစ်ဦး၊ နီးရက်နဲ့ ဝေး‌သွားကြ။

Photo edit with Chatgpt application.

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်မေတ္တာမဏ္ဍိုင်အသစ်နှင့်အဟောင်းThe Eternal Existenceသည်းခြေကြိုက် စာအုပ် ၆ အုပ်ဒီကဗျာလေး ဖတ်ကြည့်ပါရပ်တန့်ရမယ့်အချိန်ဆုလာဘ်ဟာရူကီမူရာကာမိဆိုတာ