Author's Profile Photo

Reviews by Benevolent

10/05/2025

သရက်ထောင် ဖောက်ခဲ့စဉ်က

2 mins read
Book Review
History
Fiction
သရက်ထောင် ဖောက်ခဲ့စဉ်က's photo

စာပေဝေဖန်ရေး ဆောင်းပါးများကြောင့်စာပေလူကြမ်းကြီးလို့ လူသိများတဲ့ ဆရာအောင်သင်းရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း၊ စွန့်စားခန်း၊ ထောင်ဖောက်ခဲ့တဲ့ ဇာတ်လမ်းလေးဆိုတော့ပိုစိတ်ဝင်စားဖို့ ကောင်းပြီး ဇာတ်လမ်းထဲအတူမျောကာ ကိုယ်တိုင် ထောင်ဖောက်စွန့်စားခန်းကြီး ကြုံနေရသလိုပါပဲ။သရက်ထောင်ဖောက်ခဲ့စဉ်ကကို သေချာဖတ်မိ စဉ်းစားကြည့်ပါက စာရေးသူတို့ ကြုံခဲ့ရသည့်ခေတ်ကို မှန်းဆသုံးသပ်နိုင်တယ်။ ပညာခေတ်ပျက်ရင်အပျက်တွေ နောက်ကတန်းစီးပြီး ပါလာတတ်ကြောင်းကိုလည်း သတိသံဝေဂရမိတယ်။ တစ်ပြည်လုံးပျက်စီးကာ နိုင်ငံရေးခေတ်ပျက်ကြီးတွင်စွန့်စားခဲ့ရသော မအူမလည် ကောင်လေးသုံးယောက်ရဲ့ စွန့်စားခန်းများ ၊ ပညာရေးခေတ်ပျက်ကြီးအကြောင်းကိုပါ တွေးမြင်မိစေတယ်။ဝတ္ထုပုံ‌ဖော်သူဆရာအောင်သင်းဟာ ၁၉၄၉ ခုနှစ် ရောင်စုံသူပုန်များ ပေါ်ပေါက်လာချိန်တွင် ရဲဘော်ဖြူများ၏ ဖမ်းဆီးခြင်းခံရကာ မကွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များတွင် နေထိုင်ခဲ့ရပြီး ၁၉၄၉ ခုနှစ် နိုဝင်ဘာလတွင် သရက်ထောင်ကို ဖောက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူထဲက တစ်ဦးပါ။ သရက်ထောင်မှ ထွက်ပြေးလွတ်မြောက်ရန် ရှေ့ဆုံးက ဆရာအောင်သင်း၊ နောက်က ကိုအောင်ကြည် ၊ ထို့နောက် ကိုတိုင်းမောင်၊ ကိုတိုင်းမောင်က မာ့စ်ဝါဒယုံကြည်သူ၊ ကွန်မြူနစ်သဘောတရား နဲ့ ရုပ်ဝါဒသဘောတရားကို အလွန်ပြောတတ်သူတစ်‌ယောက်လို့ ဆိုရမယ်။ ကိုတိုင်းမောင်၊ ကိုအောင်ကြည်တို့နှင့်အတူ ကြိုးပမ်းခဲ့တဲ့အကြောင်းအရာများ၊ ထောင်မှထွက်ပြေးလွတ်မြောက်ပေမယ့် ရဲဘော်ဖြူနယ်မြေမှ ထပ်မံလွတ်မြောက်အောင် အကြံထုတ်ရင်း သင်္ကန်းဆီးခဲ့ရပုံ၊ ကိုယ်တွေ့ဖြစ်ရပ်များကို သည်းထိတ်ရင်ဖို ရသမြောက်အောင် မှတ်တမ်းတင်ထားခဲ့တဲ့ ဝတ္ထုတစ်ပုဒ်အဖြစ် သတ်မှတ်လို့ရတယ်။

တောင်တွင်းဇာတိဖြစ်သူ စာရေးသူ ဆရာအောင်သင်းက ၁၉၄၇ ပြည်သူ့ရဲဘော်တပ်ဖွဲ့သို့ ဝင်ရောက်လှုပ်ရှားခဲ့ရာ ထို့မှတစ်ဆင့် ဆိုရှယ်လစ်ပါတီသို့ ရောက်ရှိခဲ့ကာ ခရိုင်စည်းရုံးရေးမှူးတိုင်အောင် တာဝန်ထမ်းဆောင်ခဲ့တယ်။၁၉၄၉ မှာ ရဲဘော်ဖြူတို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ ရဲဘော်ဖြူအကြောင်းကို လေ့လာမိသလောက် ပြောပြချင်ပါတယ်။၁၉၄၅ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ကမကထပြုပြီး ကန္ဒီ စာချုပ်အရ ဗမာ့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းကြတဲ့အခါ အကြောင်းအမျိုးမျိုး ကြောင့် ဗမာ့ တပ်မတော် မှာပါဝင်ခွင့်မရတော့တဲ့ ရဲဘော် ၂၅၀၀၀ ကျော်ကို ဆက်လက် စုစည်းထားနိုင်ရေး နဲ့ ဗမာပြည် လွတ်လပ်ရေး တိုက်ပွဲမှာ ဆက်လက်ပါဝင်နိုင်ရန် ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ဗိုလ်ချုပ်အောင်ဆန

အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်အင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးရှောင်တာက ကြောက်ခြင်းမဟုတ်

Unlock to read this premium article with 100 points.