Author's Profile Photo

Sandi Cho

9/05/2025

သူ့မှာ ချစ်ရမယ့်သူရှိတယ်....

3 mins read
Fiction
သူ့မှာ ချစ်ရမယ့်သူရှိတယ်....'s photo


ကျွန်မကို ရူးမတတ်‌ဖြစ်စေမယ့် နေ့တစ်နေ့ကို ပုံမှန်နေ့တစ်နေ့လို့ပဲ နိုးထလာခဲ့တယ်။မိုးတွေက အုံ့နေပြီး ရွာလုဆဲဆဲဖြစ်နေပြီ။အိပ်ရာထဲမှာ ခွေပြီးနပ်နေချင်ပေမယ့် သင်တန်းသွားရဦးမှာမို့ လေးလံနေတဲ့
ခန္တာကိုယ်ကြီးကို အတင်းမပြီး ပြင်ရဆင်ရတယ်။မနက်စာမစားပဲနေတော့မယ်လုပ်ပြီးမှ "ကလေးမ
မနက်စာမစားပဲမနေရဘူးနော်"ဆိုတဲ့ အသံလေးကိုကြားယောင်ပြီး မနက်စာကို‌တော့စားလိုက်တယ်။ပြီးတော့အိမ်ကထွက်ပြီး သင်တန်းသွားတတ်ရတယ်။ပြန်လာရင် ဆေး၀ယ်ခဲ့ဖို့ အမေမှာလိုက်တာကိုလည်း မမေ့အောင်သေချာမှတ်ထားလိုက်တယ်။သင်တန်းက8နာရီကနေ12ထိရှိတာ။
သင်တန်းတစ်လျှောက်လုံး မလန်းဘူးဖြစ်နေတာ။
နေမကောင်းချင်တာလိုလိုနဲ့။အပြန်ကျ ပုံမှန်လမ်းကမပြန်ပဲနဲ့ ဆေး၀ယ်ရင်းနဲ့ တစ်ခြားလမ်းတစ်ခုကနေ ပြန်လာခဲ့တယ်။ပုံမှန်ဆိုရင်တော့ နွေနဲ့တူတူ အဖော်အဖြစ်နေခြည်လိုက်ပေးမှာ။ဒီနေ့ သူကခွင့်ယူထားရတာနဲ့ တစ်ယောက်တည်းပဲလာခဲ့ရတယ်။ဆေးဆိုင်က အမကိုsun5 ငါးကဒ်လောက်ပေးဖို့ပြောပြီး ‌ဟိုဒီလျှောက်ကြည့်မိတယ်။

အဲဒီအချိန် နွေရဲ့ အမြင်အာရုံထဲက ၀င်လာတဲ့ မြင်ကွင်းတစ်ခုက နွေကိုနှလုံးခုန်သံတွေမြန်လာစေတယ်။နွေတောင်မသိလိုက်ပဲ နွေရဲ့မျက်၀န်းကနေ မျက်ရည်စလေးတွေကျလာတယ်။"မဖြစ်နိုင်လိုက်တာလို့"တီးတိုးစွာ ရေရွတ်မိရင်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိတယ်။"ဟယ်ညီမလေး ဘာဖြစ်တာလဲ"ဆိုပြီး ဆေးဆိုင်ကအမက အလန့်တကြားနဲ့မေးတယ်။အဲဒီချိန်မှ သတိပြန်၀င်လာပြီး ကျနေတဲ့မျက်ရည်စလေးတွေကို အင်္ကျီနဲ့ပဲသုတ်လိုက်ပြီး "ဘာမှမဖြစ်ဘူးအမ"လို့ ပြောပြီး ဆေးဖိုးမြန်မြန်ရှင်းလိုက်တယ်။နွေခေါင်းထဲမှာ အရမ်းတွေရှုပ်ထွေးနေတာ။တကယ်ဆို အဲနေရာဆီသွားပြီး ရင်ဆိုင်လိုက်ဖို့ကောင်းပေမယ့် ရှောင်ပြေးဖို့ပဲ နွေရွေးချယ်ခဲ့တယ်။ကိစ္စကဖြစ်နေပြီဆိုပေမယ့် နွေစိတ်ထဲမှာ အမှန်တရား မဟုတ်လောက်ပါဘူးလို့ပဲ အတင်းငြင်းမိနေတယ်။

နွေတွေ့ခဲ့ရတာက နွေရဲ့အကိုနဲ့ တစ်ခြားကောင်မလေးတစ်ယောက်။သာမာန်မိတ်ဆွေတွေနေမှာပါလို့ ဖြည့်တွေးရအောင်ကလည်း ကောင်မလေးက အကို့ပါးကို ကိုင်နေတာ။အဲဒါဆို နွေကဘာလဲ။‌နွေက အကို့ရဲ့နောက်လူလား။
ဒါမှမဟုတ် အဲဒီကောင်မလေးက နောက်လူလား။မဟုတ်ဘူး။အဲဒီကောင်မလေးက နောက်လူလို့ ပြောရအောင်ကလည်း နွေနဲ့အကိုနဲ့က ဘာမှမဟုတ်ကြဘူးလေ။ဘယ်သူက နောက်လူဖြစ်ဖြစ် သေချာတာကတော့ နွေက အရွေးချယ်မခံရတဲ့သူ။အကိုစိတ်ထဲမှာ နွေကို ဘယ်လိုတွေးထင်ထားခဲ့တာလဲ။
ကလေးသာသာ ကောင်မလေးတစ်ယောက်လို့လား။အကြောတင်းတဲ့ ကောင်မလေးတစ်ယောက်လို့လား။အဲနေ့က မျက်ရည်တွေနဲ့ နွေအိမ်ပြန်လာခဲ့တယ်။

ပြီးတော့ အကို့ကို စာပို့ဖို့ကြိုးစားကြည့်တယ်။
ဒါပေမယ့် မရဘူး။အမှန်တရားကို ရင်ဆိုင်ဖို့ နွေကြောက်မိတယ။အကို့အကောင့်ထဲကို ၀င်ကြည့်တော့ ဘာမှထူးခြားတာမရှိဘူး။တကယ်လို့ နွေနဲ့
စမတွေ့ခင်ကတည်းက ဟိုကောင်မလေးနဲ့ တွဲနေတာဆို နွေက စနိုက်ကြော်ဘ၀ရောက်သွားမှာလား။

အကိုနဲ့ စခင်ခဲ့တဲ့နေ့ကိုမှတ်မိသေးတယ်။အဲနေ့ကနွေ အူမြူးနေတာ။ပုံမှန်ဆို နွေကိုစကားလာပြောတတ်တဲ့သူတွေကို ပြန်မပြောတတ်ပေမယ့် အကိုကျ ဘာလို့ရယ်မသိ။စိတ်ထဲထူးထူးခြားခြားခံစားမိတာနဲ့ပြန်ပြောခဲ့တာ။ပြီးတော့ နွေတို့နှစ်‌ယောက်က မွေးနေ့တူတယ်ဆိုတာ သိသွားပြီး ပိုရင်းနှီးလာခဲ့ကြတယ်။အကိုက နွေထက်တော့ ငါးနှစ်ကြီးတယ်။ဒါပေမယ့် သူကိုယ်သူလူကြီးတစ်ယာက်လိုနေပြီး နွေကိုတော့ အမြဲကလေးတစ်ယောက်လိုပဲ ဆက်ဆံတယ်။နွေဘာလုပ်လုပ်၊ဘာပြောပြောရယ်တယ်။ပြီးတော့ ဒီကလေးမနှယ့်။ဒီကောင်မလေးနှယ့်ဆိုပြီး ပြန်ပြန်ပြောတယ်။နွေကို နာမည်ပြောင်ပေါင်းစုံ အကိုကခေါ်တတ်တယ်။အကြောတင်းလေး၊ပေါက်စလေး၊ကလေးမလေး၊ညစ်ပတ်အိုးလေး အစရှိသဖြင့်ပေါ့။နွေစာမလုပ်ချင်ဘူးပြောတိုင်း "အကိုအိမ်လာပြီ ခဝေးလေးလုပ်လေ"လို့ အမြဲစနောက်တတ်တဲ့အကို။နွေအစတုန်းက အကို့ကို အကိုတစ်ယောက်လိုပဲခင်ခဲ့တာ။နောက်ကျ အကိုရဲ့ အပြောချိုချိုလေးတွေထဲမှာ ကျရှုံးခဲ့တယ်။အကိုက အရမ်းလူကြီးလူကောင်းဆန်တယ်။နွေကိုလည်း ဂရုစိုက်တယ်။စိတ်ကစားတတ်တဲ့အရွယ်ဆို‌တော့ ကိုယ့်အပေါ်နည်းနည်းကောင်းပေးတာနဲ့ စိတ်ကညွှတ်ချင်လာတာ။ခင်မင်တာကြာလာတော့ သံယောဇဉ်ကြိုးထုံးလေးတွေစပြီး ဖြစ်တည်လာခဲ့တယ်။

အဲလိုနဲ့တစ်နေ့တော့ မိန်းကလေးသိက္ခာကို နောက်ထားပြီး "အကို နွေကို ချစ်လားလား"လို့မေးမိတယ်။အဲတော့အကိုဖြေတာက။

"နွေလည်းသိတာပဲ အကို နွေအပေါ် စိတ်၀င်စားမှုရှိတယ်ဆိုတာ။ဒါပေမယ့်အကိုလွယ်လွယ်မချစ်တတ်ဘူး"တဲ့။အဲဒါနဲ့နွေက နွေကို မချစ်ဘူးပေါ့ဆိုပြီး စိတ်ဆိုးဆိုးနဲ့မေးလိုက်တော့ကျ အကိုပြောခဲ့တဲ့စကားလေးကို နွေမှတ်မိသေးတယ်။
"အချစ်တစ်ခုကို စတည်ဆောက်နေတာပဲ။မချစ်တာမှမဟုတ်တာတဲ့"။အဲစကားလေးတွေနဲ့ပဲ နွေအသဲနှလုံးကို အကိုသိမ်းပိုက်ပြစ်ခဲ့တာ။

အရမ်းသံသယများတတ်တဲ့ နွေကအကို့ကိုတော့ နည်းနည်းလေးတောင်သံသယမ၀င်ပဲ အပြည့်အ၀ယုံကြည်ခဲ့တယ်။အကိုနဲ့လိုက်ဖက်တဲ့လူတစ်ယောက်ဖြစ်လာဖို့ ပိုကြိုးစားတယ်။အကိုကြိုက်တယ်ဆိုတဲ့ ဟင်းတွေချက်တတ်လာတယ်။ကိုယ်မထင်ထားတဲ့ သူတစ်ယောက်က မထင်ထားတဲ့အရာကိုလုပ်လိုက်တဲ့အချိန်က ဘ၀မှာ အနာကျင်ရဆုံးအချိန်ပဲ။ယုံကြည်လို့ နောက်ကျောမှာထားပြီးခါမှ နောက်ကျောကိုဓားနဲ့အထိုးခံရတဲ့ အချိန်က အနာကျင်ဆုံးပဲ။

ည10နာရီလောက်ဆို အိပ်တတ်တဲ့ နွေက အခုထိအတွေးပေါင်းစုံနဲ့မအိပ်နိုင်သေးဘူး။1နာရီထိုးမှာ အကို့ရဲ့အကောင့်ကမီးစိမ်းလာတယ်။နွေအားယူပြီး စကားသွားပြောလိုက်တယ်။အပြစ်တင်တဲ့စကားတွေပြောဖို့ ဦးနှောက်ထဲမှာ စာစီထားပေမယ့်လည်း နွေမပြောရက်ခဲ့ဘူး။အဲဒါနဲ့ လူကောင်းအဖြစ်နေဖို့နဲ့ သစ္စာတရားကို တန်ဖိုးထားဖို့ပဲ နွေပြောလိုက်တယ်။အဲတော့ "အကိုက ဘာတွေပြောနေတာလဲ။အကိုနားမလည်ဘူးတဲ့"။အဲဒါနဲ့ အကိုကောင်မလေးရှိတာ နွေသိတယ်ပြောလိုက်တော့ကျ "အော်ဘာများလဲလို့။အဲဒါလား။ကိုယ်သူရဲ့ရည်းစားဖြစ်တာ တစ်ပတ်လောက်ပဲရှိသေးတယ်။နွေနဲ့မိတ်ဆက်ပေးမလို့ပဲတဲ့"။"ဘာလို့ တောင်းပန်တဲ့စကားမပြောပဲ အဲလိုစကားထွက်လာတယ်ဆိုတာ နွေနားမလည်နိုင်ဘူး။ နွေတို့ ဆက်ဆံရေးက သာမာန်ထက်ပိုတာ နွေရော အကိုရောအသိလေ။အခုမှ နွေကို တစ်ဖက်သတ်ဖြစ်အောင်လုပ်တာလားအကို။နွေသူနဲ့လည်း မသိချင်ဘူး။"အကိုဘာလို့ အဲလိုပြောတာလဲ‌ မေးတော့ကျ နွေဘာဖြစ်တာလဲ။"နွေအကိုပေါ်အဲလိုခံစားချက်ရှိတာ အကိုမှမသိခဲ့တာတဲ့"။

ဘယ်မိန်းကလေးက ကိုယ်မချစ်တဲ့ ယောင်္ကျားလေးတစ်ယောက်ဆီကို နေ့တိုင်းဘာတွေလုပ်တယ်၊ဘာစားတယ်၊ဘယ်သူနဲ့သွားတယ်ဆိုတာအစတင်ပြနေမှာလဲ။ဘယ်မိန်းကလေးက ကိုယ်မကြိုက်တဲ့သူဆီမှာ သူရဲ့ခံစားချက်တွေကို ပြောပြမှာလဲ။

"မိန်းကလေးတစ်ယာက်က ဘယ်ချိန်မှာ အနာကျင်ရဆုံးလည်းသိလားအကို။ချစ်တယ်ဆိုတာထက် လူတစ်ယာက်အပေါ် သံယောဇဉ်တွယ်မိသွားခါမှ၊ လူတစ်ယောက်ကို ယုံကြည်မိသွားခါမှ အဲလူတစ်ယောက်က သူမရဲ့စိတ်ကို၊သူမရဲ့သံယောဇဉ်ကို အလေးအနက်ထားစရာအရာတစ်ခုလို့ မထင်တဲ့အချိန်ပဲအကို။"

အစကတော့ အကိုရဲ့ကောင်မလေးကို နွေတို့အကြောင်းသွားပြောပြမလို့ အောက်မေ့ပေမယ့် နွေအဲလောက်ထိ မရက်စက်နိုင်ပါဘူးအကိုရယ်။နွေအဲနေ့ကတည်းက သူနဲ့ပတ်သတ်တဲ့အရာ‌အာလုံးကို ဖျက်ဆီးပြစ်တယ်။ chatတွေကိုဖျက်ပြစ်တယ်။သူအကောင့်အားလုံးကို ဘလော့တယ်။ဒါပေမယ့် နွေနှလုံးသားထဲက သူကိုဘ‌လော့လို့မရမှန်း နွေသိနေတယ်။နောက်နေ့ သင်တန်းသွားဖို့ ဘက်စ်ကားပေါ်တက်လိုက်တဲ့အချိန်မှာ နွေနှလုံးသားလေးကိုပြန်တွေ့ရတယ်။သူကတော့နွေကို မြင်ရဲ့လားမသိဘူး။ဘေးမှာလည်း သူကောင်မလေးနဲ့။နွေသူတို့မမြင်အောင် ရှေ့ဆုံးက ခံအလွတ်တစ်ခုမှာပဲ အမြန်၀င်ထိုင်လိုက်တယ်။အကိုပြောဖူးတာမှတ်မိသေးတယ်။

"ရေစက်ဆိုတာကို နွေယုံလား။ကိုတော့ယုံတယ်။ရေစက်ပါရင် အကိုတို့သေချာပေါက်ဆုံရမှာပါ"တဲ့။အခုတော့ အကိုရယ်။အဲဒီရေစက်တွေကို နွေဖျက်ပြစ်လိုက်ချင်ပါပြီ။ပါးပြင်ပေါ်စီးကျလာတဲ့ ပူနွေးနွေး မျက်ရည်စလေးတွေကိုသုတ်ရင်း"ဒီမျက်ရည်တွေဟာ အကိုကြောင့် ကျရတဲ့ နောက်ဆုံးမျက်ရည်တွေဖြစ်ပါစေ"လို့ ဆုတောင်းမိတယ်။

𝄞⋆ #SandiCho
♬• #နောက်ဆုံးမျက်ရည်

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးမေတ္တာမဏ္ဍိုင်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ချစ်ရသူရဲ့သွေးရှန်ဂရီလာတစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲအဆိပ်“အရှင်ထွက်”တစ်ကျွန်းစံ၏အပြန်လမ်း