Reviews by Benevolent
ကမ္ဘာ့အကြီးကျယ်ဆုံး ၀တ္ထုရေးဆရာတစ်ဦးဖြစ်တဲ့ လီယွန်တော်လ်စတွိုင်း (Leo Tolstoy) ဟာစာရေးရာမှာ စကားလုံးများစွာကိုသုံးတတ်သလို စကားလည်းတော်တော်ပြောနိုင်တယ်လို့ လေ့လာမိသလောက်သိရတယ်။။ Anna Karenina နဲ့ War and Peace စတဲ့ ၀တ္ထုကြီးတွေရဲ့ ဖန်တီးရှင်လည်းဖြစ်တယ်။ စစ်နဲ့ ငြိမ်းချမ်းရေး ၀တ္ထုရှည်ကြီးကို အပိုင်းလေးပိုင်းခွဲရေးနိုင်ခဲ့တယ်လို့ ဆိုတယ်။ ပြဿနာက တော်လ်စတွိုင်းရဲ့ အယ်ဒီတာအဖွဲ့ဟာ သူ့လက်ရေးအတွက် အခက်အခဲများစွာ ရင်ဆိုင်ရပြီး စံပြုလောက်အောင်ကိုဆိုးရွားတဲ့လက်ရေးအဖြစ် သတ်မှတ်ခံရပါတယ်။ ဒါကြောင့်လည်း တော်လ်စတွိုင်းရဲ့ ဇနီးဖြစ်သူဆိုဖီယာက တော်စတွိုင်းရဲ့ လက်ရေးမူကို ပြန်လည်ရေးသားပေးမှ အဆင်ပြေခဲ့တယ်။ တော်စတွိုင်း မသေဆုံးမီထိ ဇနီးဖြစ်သူက ဒိုင်ယာရီကို ရေးပေးခဲ့ရတာပါ။ တစ်နေ့ အိမ်တွင်းပြဿနာတစ်ခု ပေါ်လာပါတော့တယ်။
စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်ပဲ့ကိုင်ရှင် လီယွန်တော်လ်စတွိုင်း (Leo Tolstoy) ဟာ အသက် ၈၀ ကျော်အရွယ်မှာ အိမ်ကမိန်းမ ဗျစ်တောက်ပျစ်တောက် ပြောဆိုတာကိုမခံနိုင်လို့ဆိုပြီး အိမ်ကနေထွက်ပြေးလာခဲ့တယ်။ ထိုရက်အနည်းငယ်အတွင်းမှာပဲ သူဟာ အဆုတ်ရောင် ရောဂါကို ခံစားလာရတယ်။ နောက်ဆုံး အက်စ်တာပိုဗို(Astapovo )ဘူတာရုံလေးမှာ အထီးကျန်စွာ အဆုတ်ရောဂါ (pneumonia) ခံစားပြီး နှလုံးရပ်ကာသေဆုံးသွားရတယ်။
သင်ခန်းစာလေးရဲ့အနှစ်ချုပ်က
ဒါကြောင့် နာပူနာဆာ လုပ်တာလည်း မကောင်းဘူး။
စိတ်ချမ်းသာချင်ရင် အိမ်တွင်းငြိမ်းချမ်းရေး လိုချင်ရင် မိန်းမပြောသမျှနားထောင်ပေးလိုက်ပါ။အသက်လည်း ပိုရှည်နိုင်ပါတယ်။ ဒါက ဟာအနေနဲ့ပြောပြတာပါ။
တကယ့်တော့ လီယွန်တော်စတွိုင်းက
အသက် ၈၂ နှစ်အရွယ်တွင် ရှုပ်ထွေးတဲ့ စိတ်ခံစားမှုများ နှင့် မိသားစုပဋိပက္ခဖြစ်ခဲ့တယ်။မိသားစုနှင့် အယူအဆပဋိပက္ခအ
Unlock to read this premium article with 100 points.