Author's Profile Photo

စာကြမ်းပိုး

5/04/2024

အကိုက်အခဲပျောက်ဆေးများနှင့်ပတိသက်၍ သတိပြုဖွယ်ရာများ

1 min read
Health
General Knowledge
အကိုက်အခဲပျောက်ဆေးများနှင့်ပတိသက်၍ သတိပြုဖွယ်ရာများ's photo

အကိုက်အခဲပျောက်ဆေးများအနက်မှ စတီးရွိုက်မဟုတ်သောအကိုက်အခဲပျောက် ကိုယ်ပူကျဆေး (NSAIDs) များသည် ကျွန်မတို့၏လက်တစ်ကမ်းတွင် အလွယ်တကူ ရရှိနိုင်သောဆေးများဖြစ်သောကြောင့် မှားယွင်းစွာ အသုံးမပြုမိစေရန်အလွန်အရေးကြီးပါသည်။

-ထိုဆေးများသည် အစာအိမ်နှင့်အူလမ်းကြောင်းအပေါ်ပိုင်းသွေးယိုစီးမှု (Upper gastrointestinal tract )ကို အားပေးသောကြောင့် ထိုဆေးများပေးမည်ဆိုတိုင်း ကျွန်မတို့၏အစာအိမ်ကို အကာအကွယ်ရစေရန်အမြဲ စဉ်းစားရပါမည်။
-Aspirin သည် နှလုံးအတွက်ကောင်းသော်လည်းအခြား NSAIDs ဆေးအများစုသည် နှလုံးအတွက်မကောင်းပါ(worsen congestive heart failure) ။
-သွေးတိုးခြင်းကိုလည်းအားပေးပါသည်။
-သွေးကျဲဆေးသောက်သုံးနေသူများ ၊ သွေးခဲမှု ပုံမှန်မရှိသူများကို သတိဖြင့်သောက်သုံးစေသင့်ပါသည်။
-ပန်းနာရင်ကြပ်ရောဂါကိုလည်း ပိုမို အားပေးတတ်ပါသည်။
-ဆေးအချို့ကို ကိုယ်ဝန်ဆောင်များအတွက်သင့်တော်သည်ဟုဆိုသော်လည်း မိခင်နှင့် ကလေးအကြားတွင် ပုံမှန်မဟုတ် သွေးခဲမှု ဆိုင်ရာ ဖြစ်စဉ်များ မဖြစ်စေရန်နှင့်အခြားအကြောင်းရင်းအချို့ကြောင့် လရင့်ကိုယ်ဝန်များတွင်တတ်နိုင်သရွေ့မပေးသင့်ပါ။
နို့တိုက်မိခင်များကိုပေးမည်ဆိုလျှင် Ibuprofen, indomethacin ,naproxen များသည် သင့်တော်ပါသည်။
အိမ်တွင် ဆောင်ထားတတ်ကြသောဆေးမျိုးဖြစ်ပါသည်။ ကလေးများအား မှန်ကန်သောဆေးအချိန်အဆ ကို တိုက်ကျွေးပေးရန် ၊မတော်တဆ ဆေးအများအပြားသောက်မိခြင်းမှ ကာကွယ်ရန် လိုအပ်ပါသည်။ထို့ကြောင့် ကလေးများအလွယ်တကူမယူနိုင်သော နေရာနှင့် ထည့်စရာ (child proof containers) များ တွင် ဆေးများကိုထားသင့်ပါသည်။

ကျန်းမာပျော်ရွှင်ကြပါစေ..။

ဝတ်မှုံလေး (စာကြမ်းပိုး)
www.wuthmonelay.blogspot.com

Keep Reading

အထိုင်များသူများအတွက် Posture များနည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားစိတ်အပန်းပြေစေမယ့် စာအုပ်ကောင်းလေးများDoorway Effectသင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။