Reviews by Benevolent
အမှောင်ဘက်ခြမ်းလိုက်တဲ့ လူသားတွေ များကများတတ်ပြီး အလင်းကို ပြန်သွားချင်တဲ့ လူသားနည်းတဲ့သဘောဆောင်တဲ့စာအုပ်တစ်အုပ်အကြောင်းပြောပြချင်ပါတယ်။ဒီစာအုပ်က အမှောင်နဲ့ အလင်းနှစ်မျိုးကို ကိုယ်စားပြုထားတယ်။
၁၉၄၅ ခုနှစ်နောက်ပိုင်း အကြီးကျယ်ဆုံး ဗြိတိသျှစာရေးဆရာ ၅၀ စာရင်းတွင် ထည့်သွင်းဖော်ပြခြင်းခံရသူတစ်ယောက်ရှိတယ်။သူကတော့
နိုဘယ်ဆု ၊ ဘွတ်ကာဆုရ ဗြိတိသျှ စာရေးဆရာကြီး ဆာ ဝီလျံ ဂျရယ် ဂိုးလ်ဒင်း ( Sir William Gerald Golding ) ပင်ဖြစ်တယ်။သူရေးသားခဲ့တဲ့ Lord of the Flies စာအုပ်က နာဇီ လက်ချက်ကြောင့်ဥရောပ ကြောက်မက်ဖွယ်ဆိုးများရှေ့တွင် စိတ်ကူးမယဉ်နိုင်သော လူ့လောကအမြင်ကို တင်ပြထားတယ်။ညစ်ညမ်းပြီး တိကျတဲ့ တစ်လောကလုံး၊ ဒေါသနှင့် ပူဆွေးမှုကို ပေါင်းစပ်ထားမှုကို Lord of the Flies က 1950 ခုနှစ်များတွင် ဝတ္ထုအဖြစ် အချိန်ကိုက်တင်ပြထားတယ်။Lord of the Flies ( ယင်ကောင်တို့ အရှင်) ဆိုတာ ဂျူး၊ ခရစ်ယာန် ၊ အစ္စလာမ်အစရှိတဲ့ အေဘရာဟမ္မစ် အုပ်စုဝင် ဘာသာတရားများ ယုံကြည်တဲ့ သမ္မာကျမ်းစာဟောင်းထဲက မကောင်းဆိုးဝါး နတ်တစ်ပါးကို 'ဘီအာဇစ်ဘု( Beelzebub/Beelzebul) ကို ရည်ညွှန်းထားခြင်းသာဖြစ်တယ်။ဂိုးလ်ဒင်း၏ ဝတ္ထုကို လူ့သဘာဝ အဆိုးမြင်တဲ့ တင်ပြချက်လို့ စွတ်စွဲမှုများလည်းရှိခဲ့တယ်။လူဆိုတာ ဥပဒေ စည်းကမ်းများဖြင့် ကွပ်ညှပ်ခံထားရခြင်းမှ လွတ်မြောက်သွားတဲ့အချိန် အရိုင်းသဘာဝ သို့ အရိုးခံကလေးသည်ပင် ရောက်သွားတတ်တယ်။
တကယ်တော့ဝတ္ထုက ၁၉ ရာစုနှစ်က ထွက်ရှိခဲ့တဲ့ စာရေးဆရာ ဘော်လန်တိုင်း (R.M Ballantyne) ၏ ကလေးစွန့်စားခန ပုံပြင်တစ်ပုဒ်ဖြစ်တဲ့ The Coral Island ကို ဇာတ်လမကျောရိုးယူထားတယ်၊ ဒါပေမယ့် ကလေးစွန့်စားခန်းဝတ္ထုတော့မဟုတ်နေပြန်ဘူး။
ဇာတ်လမ်းက ကလေးတွေကို ဗဟိုပြုထားတယ်။
ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ အပူပိုင်း ကျွန်းတစ်ကျွန်းပေါ် ဗြိတိသျှ ကလေးကျောင်းသားတစ်သိုက် လေယာဉ်ပျက်ကျပြီးနောက် သောင်တင်နေကြတယ်။အင်မတန် ကြီးမားတဲ့ စစ်ပွဲကြီးတစ်ပွဲ ဖြစ်ပွားချိန်လို့ ခန့်မှန်းရပြီး အဏုမြူ စစ်ပွဲတစ်ပွဲဖြစ်ပွားခဲ့တယ်။ကလေးတစ်အုပ်စုရဲ့ ဖြတ်သန်းနေထိုင်ပုံတွေအကြောင်းကို ဖော်ပြရေးသားထားခြင်းဖြစ်တယ် ။ ရိုးစင်းတဲ့ဖြတ်သန်းနေထိုင်မှုတွေတော့ မဟုတ်ဘူး။လူကြီးတွေမရှိတဲ့ကျွန်းတစ်ကျွန်းပေါ်မှာ ကလေးတစ်သိုက် ၊ ဘာတွေလုပ်ကြသလဲ ၊ ဘယ်လိုပြောင်းလဲတတ်လဲ ပုံဖော်ထားတယ်။
ရာ့ဖ် ဆိုတဲ့အသက်ဆယ်နှစ်နှစ်ခန့် လူငယ်လေးတစ်ယောက် စပေါ်လာတယ်။အဲ့လူငယ်လေးက ကောင်းခြင်းမင်္ဂလာဖော်ဆောင်တဲ့ခရုသင်း တစ်ခုကိုတွေ့တယ်။ပစ်ဂီလို့ပဲ ခေါ်တဲ့ မျက်မှန်နဲ့ဖက်တီးလေးတစ်ယောက်ထပ် ပေါ်လာတယ်။ခရုသင်းသံနဲ့ ကျွန်းပေါ်ရှိတဲ့ လူတွေကို စုဝေးလို့ ရတယ်လို့ ပစ်ဂီက အကြံပေးတော့ ရာ့ဖ်က ခရုသင်းမှုတ်လိုက်တယ်။ပဲ့တင်ထပ်နေတဲ့ ခရုသင်းမှုတ်သံကြားတာနဲ့ တစ်ယောက်စ နှစ်ယောက်စ နောက် စုလိုက် ရောက်ရောက်လာကြတယ်။အသက်ခြောက်နှစ်အရွယ် ဂျွန်နီ ၊ဆမ် နှင့် အဲရစ် ဆိုတဲ့ ဆံပင်ရွှေရောင် အမြွှာညီအစ်ကို နှစ်ယောက်၊မူးလဲကျသွားတဲ့ ဆိုင်မွန် ၊ဘီလ် ၊ရောဘတ်၊ဟာရိုး ၊ အသေးလေး ဟင်နရီ၊ နောက်ဆုံး ကျောင်းဓမ္မတေးအဖွဲ့ထဲက ဆရာလုပ်တတ်တဲ့ မယ်ရီဂျူး (ဂျက်) တို့ ပေါ်လာကြတယ်။ရာ့ဖ်ကတော့ ကလေးပေမယ့် လူကြီးဆန်တယ်။
ဦးဆောင်နိုင်မယ့်ခေါင်းဆောင် ရွေးကြတယ်။ဝင်ပြိုင်သူနှစ်ယောက်က ရာ့ဖ် နဲ့ ဂျက်သာဖြစ်တယ်၊ မဲပေးမှုအသာနဲ့ ရာ့ဖ်က ခေါင်းဆောင်ဖြစ်သွားတယ်။ဒါပေမယ့် ခေါင်းဆောင်လုပ်ချင်တဲ့ ဂျက် တစ်ယောက်မကျေနပ်ဘူး။အဓိကခေါင်းဆောင်ဖြစ်လာတဲ့ ရာ့ဖ်က
ခရုသင်းမှုတ်ပြီး အစည်းအဝေးလုပ်လေ့ရှိတယ်။
ခရုသင်းကိုင်ထားတဲ့သူရဲ့ စကားပြောတာကို နားထောင်ရတဲ့ သဘောဆောင်လာတယ်။ရာ့ဖ်က ခေါင်းဆောင်အနေနဲ့ အဓိကလုပ်ရမည့်အချက်ကို ပြောပြတယ်။အလုပ်တာဝန်ခွဲပေးဖို့ လူကောင်အသေးအုပ်စု နဲ့ အကြီးအုပ်စု ဖွဲ့လိုက်တယ်။
ဂျက်က ဓမ္မတေးအဖွဲ့ကို ဦးဆောင်ပြီး အမဲလိုက်တယ်။
နောက်တစ်ဖွဲ့က လွတ်မြောက်ဖို့အတွက်တောင်ပေါ်တတ်ပြီး မီးဖိုရတယ်။ မီးခိုးထွက်နေတာ မြင်ပြီး ဖြတ်သွားတဲ့သင်္ဘောတွေ စက်လှေတွေ လာကယ်နိုင်တယ်လို့ယူဆချက်ကြတယ်။ရာသီဉတုဒဏ်ခံနိုင်အောင် တဲ လေးတွေဆောက်ဖို့၊ စားသောက်ဖို့ကို အသေးအုပ်စုကပဲ တာဝန်အသီးသီးယူကြတယ်။ သူ့တာဝန်နဲ့သူ တာဝန်ချထားတယ်။
လူ့စိတ်သဘောအရ အပြင်ထွက်ပိုက်ဆံရှာနိုင်တဲ့လူနဲ့ အိမ်မှာတာဝန်ယူထားတဲ့လူ ဘယ်သူကို မျက်နှာသာပေးတတ်လဲ။ နောက်တစ်ချက်က အမြဲသ/တ်ဖြတ်နေရတာကြိုက်သူတွေက တဖြည်းဖြည်း အပြုအမူတွေက သားရဲပုံစံတွေဖြစ်လာတယ်။ဒါကြောင့်အလုပ်တာဝန်အပြောင်းအလဲ လုပ်တယ်။မီးဖိုကို စောင့်ကြည့်ဖို့ ဂျက်တို့အဖွဲ့ကို တာဝန်ပေးလိုက်တယ်။ ဂျက်တို့က မီးဖိုကိစ္စနောက်ထားပြီး အမဲလိုက်ဖို့သာ စိတ်ထဲ ရောက်နေကြတယ်။ဒါကြောင့်မီးဖိုမစောင့်ပဲနေလိုက်တာ သင်္ဘောတစ်စီးဖြတ်ကျော်သွားပေမယ့် မီးခိုးကို မြင်မသွားကြဘူး။
နောက်ဆုံး ဂျက်က ရာ့ဖ်အဖွဲ့ကနေ ခွဲထွက်တယ်။
အမဲလိုက်မယ်။လူရိုင်းတွေလို နေထိုင်တယ်။
အမဲလိုက်အက ကတယ်။တောဝ
Unlock to read this premium article with 100 points.