Author's Profile Photo

Reviews by Benevolent

19/04/2025

𝘼𝙡𝙗𝙚𝙧𝙩 𝘾𝙖𝙢𝙪𝙨 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣📚

3 mins read
Book Review
Novel
Fiction
𝘼𝙡𝙗𝙚𝙧𝙩 𝘾𝙖𝙢𝙪𝙨 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣📚's photo

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဘဝဖြစ်တည်မှု ပဓာနဝါဒီ (Existentialism) များထဲက တစ်ယောက်အဖြစ် ကမူး(Camus)ကိုသတ်မှတ်ဖော်ပြခံရတယ်။အလ်ဘတ် ကမူး (Albert Camus) ကို ဘဝဖြစ်တည်မှုပဓာနဝါဒီ သို့မဟုတ် အတ္တဘဝအမှန်ဝါဒီတစ်ဦးဖြစ်သူ ယန်ပေါဆာ့တ် (Jean-Paul-Satre) နှင့် ယှဉ်တွဲ၍မြင်လေ့ရှိကြတယ်။၁၉၄၀ ပြည့်လွန်နှစ်များအတွင်း အယ်လ်ဘတ်ကမူး (Albert Camus) နှင့် ယန်ပေါဆာ့တ် (Jean-Paul Sartre) တို့ ပြင်သစ်ပြည်တွင် အတူတကွ လက်တွဲလုပ်ကိုင်ခဲ့ဖူးတယ်၊ မိတ်ဆွေနှင့် ပညာရှင်မဟာမိတ်များဖြစ်ခဲ့ကြတယ်။ စာပေ၊ ဖြစ်တည်မှုဝါဒ (existentialism)၊ နှင့် နာဇီဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အတူပါဝင်ခဲ့ဖူးကြတယ်။

ကမူး(Camus) က ပြဇာတ်‌စာ‌ရေးဆရာ၊ ဝတ္ထုရေးဆရာ၊ ဆင်ခြင်သုံးသပ် တွေးခေါ်သော အက်ဆေးဆရာ တစ်ယောက် အဖြစ်ရှိခဲ့ပြီး နောက်ပိုင်းစာပေလက်ရာများတွင် ဒဿနဘက်ခြမ်းရွေ့လျားနေသော လူသားဝါဒဆီသို့ ခေါ်ဆောင်သွားခဲ့တယ်။ ကမူး၏စာအုပ်များတွင် Absurd (အဓိပ္ပာယ်ကင်းမဲ့မှု) နှင့် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ထားမှုကို အဓိကထား တင်ပြလေ့ရှိတယ်။သီခြားလူတစ်ဦးချင်းစီတွင် အမြင်၊ ဆန္ဒ ၊ တန်ဖိုးထားမှုများ ၊ ယဉ်ကျေးမှု များ မတူညီသော်လည်း တူညီမှုတစ်ခုသာရှိတယ်။ အဲ့ဒါ ကိုယ်ခန္ဓာတစ်ခု ပိုင်ဆိုင်ထားခြင်းသာဖြစ်တယ် ။ ကမူး၏ အတွေးအခေါ်တွင် အရေးကြီးလှသော အချက်ဖြစ်ပြီး အရေးအသားဖြင့် အဓိကထား ဖော်ထုတ်ပြလေ့ရှိတယ်။

"The Fall" စာအုပ်က ဒဿနိကဗေဒဆန်သော ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ၁၉၅၆ ခုနှစ်တွင် ပထမဆုံးထုတ်ဝေခဲ့တယ်။ ကမူးဧ။်နောက်ဆုံးပြီးပြည့်စုံသော စိတ်ကူးယဉ်လက်ရာတစ်ခု သတ်မှတ်ထားကြတယ် ၊ဒါပေမယ့် ဘာသာပြန်ထားမှုကတော့ အနည်းငယ်လိုအပ်ချက်ရှိနေတယ်။ဇာတ်လမ်းက အမ်စတာဒမ် မြို့တွင် အခြေခံထားတယ်၊ မိမိကိုယ်ကို "တရားသူကြီး-နောင်တရသူ" (judge-penitent) အဖြစ် ကြေညာထားတဲ့သူက သူ့ဘဝအကြောင်းကို သူစိမ်းတစ်ဦးအား ဇာတ်ကြောင်းပြန်ပြောပြခြင်း ပုံစံဖြင့် ရေးသားထားတယ်။ နောင်တရခြင်းနှင့်တူတဲ့ ဝန်ခံချက်တစ်ခုအနေဖြင့်သာဖြစ်တယ်၊ ပါရီမြို့တွင် ချမ်းသာတဲ့ ရှေ့နေတစ်ဦးအဖြစ် အောင်မြင်ကာ လုပ်ဖော်ကိုင်ဖက်များက အလွန်လေးစားခံရဖူးတဲ့ ဘဝ၊ နောက်ပိုင်းတွင် ကံဆိုးမှုများနှင့် ဂုဏ်သိက္ခာ ပြုတ်ကျခြင်း (fall from grace) ကို ရှင်းပြထားတယ်။
အပြစ်မဲ့ခြင်း ၊ ချုပ်နှောင်ခံရခြင်း ၊အဓိပ္ပာယ်ကင်းမဲ့ခြင်း ၊နောက်ဆုံး အမှန်တရား က ဘာလဲ စဖြင့် ချယ်မှုန်းပြထားတယ်။ယန်ပေါဆာ့တ် (Jean-Paul-Satre)က ဒီဝတ္ထုကို ကမူး၏ စာအုပ်များအနက် အလှပဆုံးနှင့် အနားလည်ရအခက်ဆုံး လက်ရာဟု ဂုဏ်ပြုစကား ဆိုထားဖူးတယ်။လူသား၏ အတ္တဆန်မှု၊ အပြစ်ဒဏ်ခံစားမှုနှင့် မိမိကိုယ်ကို လှည့်စားတတ်သော သဘာဝတို့ကို နက်နက်ရှိုင်းရှိုင်း စူးစမ်းထားတဲ့ လက်ရာဖြစ်တယ်။"စည်းအပြင်ကလူ (The Outsider/The Stranger)၊ "The Myth of Sisyphus " ကို ဖတ်ပြီးပါက၊ ဒီစာအုပ်က ကမူး၏ဒဿနအမြင်များကို ပိုမိုနက်ရှိုင်းစွာ နားလည်ရန် အထောက်အကူပြုပါလိမ့်မယ်။"ငါတို့ မသေနိုင်ကြ ဘူးလို့ လက်ခံထားကြတာ၊ ရက်သတ္တပတ်အတော်ကလေး ကြာလာတာနဲ့ နောက်တစ်နေ့ ကူးဖို့ကို အတော်ကြိုးစားလာကြရတယ်" အဓိပ္ပာယ်ကင်းမဲ့မှု သဘောတွင် ဆန္ဒရှိခြင်း နှင့် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ထားခြင်း ခံနေရမှု တို့ကြား ကွာဟချက်ကို မြင်သာစေတ

သည်းခြေကြိုက် စာအုပ် ၆ အုပ်တန်ဆေးလွန်ဘေးBook Reviewချန်လှပ်ခဲ့သော ဇွန်လနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါ

Unlock to read this premium article with 100 points.