Hein Htet Ko Ko
> ငလျင်လှုပ်မည့် အကြိုနိမိတ်များ
ငလျင်လှုပ်ခြင်းသည် သဘာ၀ဘေးအန္တရာယ်တစ်ခုဖြစ်ပါသည်။ အင်အားကြီးမားလျှင် ကြီးမားသလို အဆောက်အအုံ ၊ လူနေအိမ်ခြေတိုက်တာများ ၊ သတ္တဝါအပေါင်း၏ အသက်များကို ပျက်စီးဆုံးရှုံးစေ၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ ခေတ်မှီတိုးတက်သောနိုင်ငံများက သိပ္ပံနည်းစနစ်များဖြင့် ငလျင်လှုပ်မည့် အခြေနေကို ဖော်ထုတ်ကြပါသည်။ မိမိတို့ မိရိုးဖလာ လောကီပညာရပ်တွင်လည်း ငလျင်လှုပ်မည့် အကြိုနိမိတ်များကို သိရှိစေနိုင်သဖြင့် ဗဟုသုတအလို့ငှာ တင်ပြပါမည်။
၁။အလှမွေးငါးကန်အတွင်းရှိ ငါးများ ဂနာမငြိမ်ဖြစ်ကာ ဟိုပူးသည်ပူး ဖြစ်လျှင်
၂။ကျီးငှက်များ လန့်ပြီး ပြိုဆင်းကျပါလျှင်
၃။စင်ရော်ငှက်များ ကုန်းပေါ်တက်လာလျှင်
၄။ပိုးပရွက်ကောင်များ အသိုက်ပြောင်းကြလျှင်
၅။ဘဲငန်းများ သစ်ပင်ပေါ်သို့ တက်ကြလျှင်
၆။၀က်များ တစ်ကောင်နှင့်တစ်ကောင် ကိုက်ခဲနေလျှင်
၇။တွင်းအောင်းသတ္တဝါများ အစုလိုက်၊အပြုံလိုက် ဦးတည်ရာမဲ့ ပြေးလွှားနေလျှင်
၈။နေအိမ်ရှိကြွက်များ နေအိမ်မှထွက်ပြေးကြလျှင်
၉။မြေတွင်းထဲမှကြွက်များ တွင်းထဲမှထွက်ကာ ယောက်ယက်ခတ် ပြေးလွှားလျှင်
၁၀။အိမ်မွေးတိရစ္ဆာန်(ခွေး၊ကြောင်)များ နေအိမ်မှဝေးရာသို့ ထွက်ပြေးလျှင်
ငလျင်လှုပ်တော့မည့် နိမိတ်လက္ခဏာများဖြစ်ကြပြီး ကြိုတင်ကာကွယ်ရန် ပြင်ဆင်နိုင်ပါသည်။
ထို့အပြင် ထပ်စောင်း၍ ဂျိုးဖြူဆရာတော်ကြီး၏ မဟာငလျင်ကာ ဂါထာတော်အား မျှဝေလိုက်ရပါသည်။
> မဟာငလျင်ကာဂါထာတော်
> "ယော ဒေတိ ဒေဝ ဒေဝေါဂ္ဂံ
> ဓမ္မ မဂ္ဂ ဖလံ ဒဒေါ
> နမာမိ တံ အရဟံ မဂ္ဂံ
> နောသော ပါလေတု ပါတုရဟော။"
ငလျင်သဘာ၀ဘေးအန္တရယ်မှ သတ္တဝါအပေါင်း ကင်းရှင်းကြပါစေဟု ဆုတောင်းလျက်......
#SarPhat
#HeinHtet
#KnowledgesharingbyHein
Keep Reading