Author's Profile Photo

Rose(Mal Nu)

1/04/2025

ငလျင်အန္တရာယ်

2 mins read
General Knowledge
Earthquake
ငလျင်အန္တရာယ်'s photo

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခုသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေး နှင့်အနီးတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည်။ ကနဦးငလျင်လှုပ်ပြီးနောက် ဆယ့်တစ်မိနစ်ခန့်တွင် ပြင်းအား ရစ်ခ်ျတာစကေး ၆.၇ အဆင့်ရှိ နောက်ဆက်တွဲငလျင် ထပ်မံလှုပ်ခတ်သွားခဲ့သည်။ အဆိုပါငလျင်ကြောင့် အရှေ့တောင်အာရှ တလွှား နေရာဒေသများစွာ ထိခိုက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့တွင် သိသိသာသာ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။


မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးကွန်ရက်များနှင့် လျှပ်စစ်အခြေခံအဆောက်အအုံများ သိသာထင်ရှားစွာ ပျက်စီးမှုများ ကြုံတွေ့ခဲ့ရပြီး အကဲဖြတ်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ရှုပ်ထွေးစေခဲ့သည်။ ငလျင်ဘေးသင့်ဒေသများ အထူးသဖြင့် မန္တလေးတွင် နေထိုင်သူ အများအပြားသည် ငလျင်လှုပ်ခတ်မှုနှင့် အဆောက်အအုံများ မတည်မငြိမ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာကာ အိမ်ပြင်သို့ အိပ်စက်ခဲ့ကြရသည်။ ထိုင်းနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုမှ ကြိုတင်ကာကွယ်မှုအဖြစ် ဘန်ကောက်မြို့ကို အရေးပေါ်ဧရိယာအဖြစ် သတ်မှတ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်က ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ဒေသခံများအား ငလျင်ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်အတွက် အထပ်မြင့်အဆောက်အအုံများထံမှ ရွှေ့ပြောင်းရန် တိုက်တွန်းထားသည်။ ငလျင်လှုပ်ခတ်ပြီးနောက် မြို့တော်၏ သယ်ယူပို့ဆောင်ရေးစနစ်များဖြစ်သည့် မိုးပျံရထားနှင့် မြေအောက်ရထားများကို ယာယီပိတ်ထားခဲ့သည်။ မြို့အနှံ့အထပ်မြင့် အဆောက်အဦများပေါ်ရှိ ခေါင်မိုးပေါ်ရှိ ရေကူးကန်များမှ ရေများ တဟုန်ထိုးတက်လာသည့် မြင်ကွင်းများကို ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းများ ရရှိထားသည်။

ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ?

ကြိုတင် ခန့်မှန်းထားလို့ မရတဲ့ သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်တဲ့ ငလျင် လှုပ်ခတ်တဲ့အခါ ထိခိုက်မှုတွေ ရှိနိုင်တယ် ဆိုပေမယ့် ကိုယ်တိုင်နဲ့ ချစ်ရတဲ့ မိသားစုဝင်တွေ ဘေးအန္တရာယ် ကင်းစေဖို့ ဒီအချက်လေးတွေကို သိထားဖို့ လိုပါမယ်။ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ ဆိုတာကို ဒီဆောင်းပါးလေး ကနေ တဆင့် ဖော်ပြပေး လိုက်ပါတယ်။

ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ ဆိုတော့

ငလျင် မလှုပ်ခင်မှာ ဒီ အချက်လေးတွေကို ပြင်ဆင် ထားဖို့ လိုပါမယ်။

နေအိမ်ရဲ့ အနေအထားကို သေချာ လေ့လာ ထားပါ။
ဝင်ပေါက် ထွက်ပေါက် နေရာတွေကို သေချာလေး ရှင်းလင်းထားပါ။ ချော်လဲနိုင်မယ့် အရာတွေကို ဖယ်ထားပါ။
မိသားစုဝင်တွေကို ငလျင် လှုပ်တဲ့ အခါ ဘယ်လို ဘေးကင်းအောင် နေရမလဲ ဆိုတာကို သင်ပေးထားပါ။
အိမ်ထဲမှာ လုံခြုံတဲ့ အခန်း တစ်ခန်း ထားရှိပေးပါ။
ကွဲနိုင်တဲ့ အရာတွေကို သိမ်းထားပါ။
နံရံမှာ ချိတ်ဆွဲထားတဲ့ အရာတွေကို ဖြုတ်သိမ်းထားပါ။
မီးဖိုနဲ့ အနီးနားမှာ မီးလောင် လွယ်မယ့် အရာတွေကို မထားပါနဲ့။
အရေးကြီး စာရွက်စာတမ်းတွေကို သေချာ သိမ်းဆည်းထားပါ။
လက်နှိပ် ဓါတ်မီး ဆောင်ထားပါ။ ဘက်ထရီ အပိုဆောင် ထားပေးပါ။
သောက်သုံးရေကို အသင့် ဆောင်ထားပေးပါ။
စားစရာ အခြောက်တွေကို အရန်သင့် ဆောင်ထားပေးပါ။

ငလျင်လှုပ်နေစဉ်မှာ

နေအိမ်ထဲမှာ ရှိနေမယ် ဆိုရင် အိမ်ထဲမှာပဲ နေပါ။ ခိုင်ခိုင်ခန့်ခန့် စားပွဲခုံ အောက်မှာ နေပါ။
ပြတင်းပေါက်နားမှာ မနေပါနဲ့။
မှန်ချပ်တွေနဲ့ ခပ်ကင်းကင်း နေပါ။
လေးလံတဲ့ ပရိဘောဂတွေနဲ့ ဝေးဝေးမှာ နေပါ။
မီးလောင်လွယ်တဲ့ ပစ္စည်းတွေနဲ့ အနီးနားမှာ မနေပါနဲ့။
တကယ်လို့ ငလျင် လှုပ်စဉ်မှာ အပြင် ရောက်နေမယ် ဆိုရင် ပြုတ်ကျနိုင်တဲ့ ပစ္စည်းတွေနဲ့ ဝေးဝေးမှာ နေပါ။
အဆောက်အဦတွေ၊ မီးကြိုးတွေ၊ သစ်ပင်တွေနဲ့ ဝေးဝေးမှာ နေပါ။
ကားမောင်း နေစဉ်ဆိုရင် ကားကို လမ်းဘေး တစ်နေရာမှာ ရပ်လိုက်ပါ။ တံတားအောက်၊ သစ်ပင်၊ မီးကြိုး၊ ဆိုင်းဘုတ်တွေ အောက်မှာ မရပ်ပါနဲ့။

ငလျင်လှုပ်ပြီးတဲ့အခါ

ထိခိုက် မိထားလား ကိုယ့်ကိုယ်ကို စစ်ဆေးပါ။ လိုအပ်တဲ့ ကုသမှု ခံယူပါ။ မိသားစုဝင်တွေကိုလည်း ထိခိုက်မိထားလား စစ်ဆေးပေးပါ။
နေအိမ်တွင်းမှာ အက်နေတာ ပြိုနေတာမျိုး ရှိနေလား သေချာစစ်ဆေးပါ။
ဂတ်စ် ယိုစိမ့်နေတာမျိုးရှိလား စစ်ဆေးပါ။
လျှပ်စစ်ပစ္စည်းတွေ ကျိုးပျက်နေတာမျိုး ရှိလား စစ်ဆေးပါ။
ဖန်ကွဲစတွေ ရှိနေလား၊ အပျက်အစီး အပိုင်းအစတွေ ရှိနေလား စစ်ဆေးကြည့်ပါ။
ကြိုတင် ခန့်မှန်းရခက်တဲ့ ငလျင်ကြောင့် မိသားစုဝင်တွေနဲ့ ကိုယ်တိုင်မှာ ထိခိုက်မှု ကင်းစေဖို့ ဒီအချက်တွေကို လိုက်နာစေချင်ပါတယ်။

Credit
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/earthquake/

Keep Reading

Victor Hugo ဘဝအမောပြေအတ္တလက်ရှိလူကြိုက်များနေတဲ့ရုပ်ရှင်ပြင်သစ်ဘုရင်စနစ်ကင်းမဲ့သွားပုံစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား(အပိုင်း-၆)အ‌တွေးအစအနများဟဲမင်းဝေး နေ့စဉ်ဘဝErnest Hemingway ဘဝဟာသများသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၄)