Author's Profile Photo

မှိုင်း

27/03/2025

တူပျော်ဆင်နွှဲ အတာသင်္ကြန်ပွဲ

1 min read
General Knowledge
Culture
History
တူပျော်ဆင်နွှဲ အတာသင်္ကြန်ပွဲ's photo

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီများအနက် အတာသင်္ကြန်ပွဲတော်ဟာဆိုရင် မြန်မာ့ရိုးရာပွဲတော်တွေထဲမှာ အစည်ကားဆုံးနဲ့ အမြိုင်ဆုံး ပွဲတော်တစ်ခုဖြစ်ပါတယ်။သင်္ကြန်ပွဲတော်သည် တန်ခူးလ (မြန်မာလ) တွင် ကျင်းပလေ့ရှိပြီး၊ အင်္ဂလိပ်ပြက္ခဒိန်အရဆိုရင် ဧပြီလနှင့် ကိုက်ညီပါတယ်။တန်ခူးလသည် နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသောကာလဖြစ်ပြီး၊ မြန်မာ့ရိုးရာအရ နှစ်သစ်ကူးရေသဘင်အဖြစ် ဆင်နွှဲကြပါတယ်။သင်္ကြန်ပွဲတော်ကို အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့ နှင့် အတက်နေ့ ဟူ၍ ၄ ရက်တိတိ ကျင်းပလေ့ရှိကြတယ်။ဤကာလအတွင်း ရေပက်ကစားခြင်း၊ ကုသိုလ်ဖြစ်အလှူဒါနများ ပြုလုပ်ခြင်း၊ သက်ကြီးရွယ်အိုများအား ရိုသေစွာကန်တော့ခြင်း စသည့် ရိုးရာဓလေ့များကို ပြုလုပ်ကြလေ့ ရှိကြပါတယ်။

တန်ခူးလသည် နွေရာသီဖြစ်ပြီး၊ ပိတောက်ပန်းများ ဝေဆာသောလအဖြစ် လူသိများကြပါတယ်။ ဤအချိန်တွင် ပိတောက်ရွှေဝါပန်းများ ပွင့်လန်းကာ သင်္ကြန်၏ အလှတရားကို ပိုမိုတိုးစေလာပါတယ်။ထို့အပြင် သင်္ကြန်မိုး (တန်ခူးလတွင် ရွာသော မိုးအနည်းငယ်) ကြောင့် ပူပြင်းမှုကို အနည်းငယ်သက်သာစေ ပါတယ်။

သင်္ကြန်" ဟူသော ဝေါဟာရသည် ပါဠိဘာသာ "သင်္ကန္တ" နှင့် သက္ကတဘာသာ "သင်္ကြန္တ" တို့မှ ဆင်းသက်လာပြီး "ကူးပြောင်းခြင်း" ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ နှစ်ဟောင်းမှ နှစ်သစ်သို့ အကူးအပြောင်းကာလကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။သင်္ကြန်ဖြစ်‌ပေါ်လာပုံ ရာဇဝင်ကို သိကြားမင်းနဲ့ဗြဟ္မာမင်းကြီးတို့ အငြင်စပွားရာကနေ သိကြားမင်းက အနိုင်ရရှိခဲ့ပြီး ဗြဟ္မာမင်းကြီးရဲ့ဦးခေါင်းကိုဖြတ်ပစ်ခဲ့ပါတယ်။ဒါပေမဲ့ ဗြဟ္မာမင်းကြီးရဲ့ဦးခေါင်းကို ကမ္ဘာမြေပေါ်မှာထားလျှင် ကမ္ဘာမြေကြီးက မီးဟုန်းဟုန်းတောက် ပျက်စီးနိုင်ပြီး ပင်လယ်ထဲ ပစ်ချခဲ့လျှင်လည်း ပင်လယ်ရေတွေ အကုန်ခမ်းခြောက်သွားနိုင်သည့်အတွက် နတ်မင်းများက တစ်နှစ်လျှင် တစ်ပါးစီ အလှည့်ကျ ထိန်းသိမ်းခဲ့ရတယ်။ဤအကူးအပြောင်းကာလကို "သင်္ကန္တ" အခါဟုခေါ်ဆိုကြပြီး မြန်မာလိုဆို သင်္ကြန်ကာလဟု ခေါ်ဆိုကြပါတယ်။

သင်္ကြန်ပွဲတော်ကိုဘမူလက နှစ်သစ်ကူး နတ်ပူဇော်ပွဲအဖြစ် စတင်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် ရေဖျန်းခြင်း၊ စုပေါင်းကုသိုလ်ပြုခြင်း၊ ရိုးရာအစားအစာများ ဖြန့်ဝေခြင်းစသည့် လူမှုရေးနှင့် ဘာသာရေး အစဉ်အလာများ ပေါင်းစပ်ဆင်နွှဲလာခဲ့ကြပါတယ်။‌ရှေးယခင်တုန်းကတော့ သင်္ကြန်ပွဲတော်တွေ ရိုးရိုးယဉ်ယဉ်ဝတ်စားဆင်ယင်ကြပြီး မြန်မာ့ရိးစာဒိုးပတ်သံစဉ်တွေနဲ့ ဆင်နွှဲခဲ့ကြတယ်။နှောင်းပိုင်းတွင် ပြောင်းလဲနေတဲ့ ခေတ်‌ရေစီးကြောင်းအရ သင်္ကြန်ပွဲတော်တွင် ခေတ်ပေါ်တေးဂီတများအပြင်DJတွေနဲ့ပါ ပါဝင်ပေါင်းစပ်လာကြပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ သင်္ကြန်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှု၊ သမိုင်းနှင့် သဘာဝအလှတို့ဖြင့် ပြည့်နှက်သော နှစ်သစ်ကူးအခါသမယဖြစ်ပါတယ်။သင်္ကြန်ကာလတွင် ရေပက်ကစားခြင်း၊ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းနှင့် မိသားစုဝင်များနှင့် အတူပျော်ရွှင်စွာ ဆင်နွှဲကြသည့် ပွဲတော်ကြီးလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ စာဖတ်သူလေးတို့တစ်တွေကလည်း ခုကျရောက်လာတော့မဲ့ သင်္ကြန်အခါသမယကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်❤️။



27.3.2025
## မှိုင်း(အတွေးစာစောင်)

Keep Reading

ကိုယ့်ကိုယ်ကိုယ်ကုစားနည်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျင့်ဆိုးဖျောက်နည်းစိတ်ခွန်အားပြန်လည်မွေးယူပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျူတွေ ဘယ်ပျောက်သွားသလဲစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲနှစ်သစ်ကူး(တန်ခူးလ)၏ အကြောင်း သိမှတ်ဖွယ်ရာများ။