Rose(Mal Nu)
ဆာဖြယ်ဆိုတာ အလွယ်ပြောရရင် မုန့်ဖတ်နဲ့အသားကို အချဉ်ရည်နဲ့ တွဲစားရတယ်လို့ ဆိုရမှာပါ။ ဆာဖြယ်အစားအစာက ကချင်ပြည်နယ်အတွင်းမှာ နာမည်ကြီးတဲ့ ရိုးရာအစားအစာတစ်ခုလို့ ပိုပြီးသိကြပေမယ့် လေ့လာချက်တွေအရ ရှမ်းရိုးရာ အစားအစာလို့ ခေါ်ဆိုကြပါတယ်။ ဆာဖြယ်ကို ကချင်ရိုးရာ စားသောက်ဆိုင်တွေမှာ အများဆုံးတွေ့ရပြီး အခြားဒေသတွေက လူတွေအတွက်တော့ သိပ်ပြီး မရင်းနှီးတဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။ ဆာဖြယ်လို့ ပြောလိုက်ရင် အောက်ပြည်/အောက်ရွာကလူတွေ တော်တော်များများ မသိဖူး၊ မကြားဖူးကြပါဘူး။
ဆာဖြယ်ဆိုတာ ရှမ်းစကား ဆာ့ဖြဲ/ဆာ့ဟုန်ဆိုတဲ့ အခေါ်အဝေါ်က လာတယ်လို့ သိရပြီး တရုတ်ပြည် ယူနန်ဖက်က ရှမ်းတရုတ်တွေ ဆီကလာတဲ့ မူရင်းအစားအစာလို့လည်းပြောဆိုမှုတွေလည်းရှိပါတယ်။ ဆာဖြယ်ဆိုတာ မုန့်ဖတ်ကလေးရယ်၊ မိမိကြိုက်နှစ်သက်ရာ အသားတစ်မျိုးမျိုးရယ်၊ ရောနှောဖျော်စပ်ထားတဲ့ အချဉ်ရည်ရယ်၊ သခွားသီး၊ မုန်လာဥနီ၊ ဆလပ်ရွက်ရယ်၊ တို့နဲ့တွဲဖက်စားသုံးရတဲ့ အစားအစာပါ။
ဆာဖြယ်အစားအစာမှာ အချဉ်ရည်က အဓိကဖြစ်တဲ့အတွက် ဆီလုံးဝသုံးစရာမလိုပါဘူး။ ဒါ့အပြင် တိုင်းရင်းသားရိုးရာတွေရဲ့ ထုံးစံအတိုင်း အစပ်အရသာ အနည်းငယ်ပိုပြီး စားလိုက်တာနဲ့ ရှုးရှုးရှဲရှဲနဲ့ ချွေးတွေ ထွက်ပြီး ပွင့်ထွက်သွားသလို ခံစားရလာပါတယ်။ အစပ်ပြေစေဖို့အတွက် စောနက သခွားသီး၊ မုန်လာဥနီ၊ ဆလပ်ရွက်လေးနဲ့ တွဲဖက်စားသုံးလိုက်ရင်တော့ အစပ်အရသာလဲပြေ၊ ကောင်းမွန်ပြည့်စုံတဲ့ ထိထိမိမိအရသာကို ခံစားရမှာပါ။ ဒီလို စပ်စပ်လောင်လောင်အရသာလေးဖြစ်တဲ့အတွက် ဆာဖြယ်က လူငယ်တွေ ပိုပြီး အကြိုက်တွေ့စေတဲ့အစားအစာတစ်ခုလို့ ဆိုရမှာပါ။
ဆာဖြယ်လို့ ဆိုလိုက်ရင် အချဉ်အရသာ/အခါးအရသာ ဆိုပြီး (၂) မျိုးရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အများစုကတော့ အချဉ်အရသာကိုပဲ ပိုပြီးစားကြသလို လူကြိုက်လည်းများပါတယ်။ ဆာဖြယ်ဆိုတာ မုန့်ဖတ်၊ အသား၊ အချဉ်ရည်တို့ အဓိက တွဲဖက်စားသုံးရတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အသားနဲ့ အချဉ်ရည်ကောင်းကောင်းလုပ်တတ်ဖို့က အဓိကပါပဲ။ ဆာဖတ် ပြုလုပ်ရာမှာ အမဲသားအဓိကအသုံးပြုတာဖြစ်ပြီး အမဲသားမစားတဲ့သူတွေကတော့ ကြက်သား သို့မဟုတ် ဝက်သား အသုံးပြုလို့ရပါတယ်။ အရေးကြီးဆုံးကတော့ အဆာပလာ အစုံထည့်ပြီး အရသာရှိရှိဖျော်စပ်ထားတဲ့ အချဉ်ရည်ပဲဖြစ်ပါတယ်။
ဆာဖြယ်(ချဥ်စပ်)ပြုလုပ်နည်းလေးလည်း မျှဝေပေးပါဦးမယ်ရှင့်
လိုအပ်သော ပစ္စည်းများ🎀
*မုန့်ဖတ်(ဆာဖြယ်မုန့်ဖတ်လို့မေးဝယ်ပါ။)
50ကျပ်သားဝယ်ရင် လူ၁၀ဦးအဝစားလို့ရပါပြီ။
*အချဥ်ရည်ဗူး (ဘူးသေး)
(ဆာဖြယ်အချဥ်ဘူးလို့မေးဝယ်ပါ။)
*ကြက်သား ၂၅ကျပ်သား
(မိမိနှစ်သက်ရာအသားနဲ့ပြုလုပ်နိုင်ပါတယ်)
*ဖက်ဖယ်
*ကုလားနံနံ(ရှမ်းနံနံ)
*ငါးညှီမြှစ်
*ကျူးဆိုင်
*သံပုရာသီး
*ရှောက်ကောမှုန့်
*ငရုပ်သီး
ဆာဖြယ်ထဲထည့်စားရန်🎀🎀
*မြင်းခွာရွက်
*ဆလပ်ရွက်
*သခွားသီး
*တိုဟူးဝါ
💘💘
ပထမဆုံးအနေနဲ့ မုန့်ဖတ်ကိုမပြုတ်ရင်ရေအရင်စိမ်ထားပါ။ရေမစိမ်ပဲပြုတ်ရင် မုန့်ဖတ်ကမပျော့ပဲ အပြင်မှာပွပြီးအတွင်းမှာမာနေတတ်လို့ပါ။
၁၅မိနစ်ခန့်စိမ်ပြီးသွားရင် ဆယ်ယူပြီးရေနွေးဆူထဲ၂မိနစ်ခန့်ထည့်ပြုတ်ပါ။ ရေအေးနဲ့တစ်ထပ်ဆေးပြီးရေစစ်ထားပါ။
💗အသားကို တောက်တောက်စဥ်းပြီး ရှောက်ကောမှုန့်အနည်းငယ် ၊ဆားအနည်းငယ် ရေအနည်းငယ်ထည့်၍ ရေခမ်းသည်အထိ(အသားကျက်သည်အထိ)ပြုတ်ထားပါ။
(ဝက်သား၊အမဲသားများအသုံးပြုပါက အချိန်အတော်ကြာပြုတ်ပေးရပါမယ်။)
🥗အရိုးများကိုသီးသန့်ပြုတ်ထားပါ။
အအေးခံထားပါ။.
ဆာဖြယ်အချဥ်စပ်နည်း🍲💠💠
*ဖက်ဖယ်
*ကုလားနံနံ
*ငါးညှီမြစ်
*ကျူးဆိုင်တို့ကိုရေဆေးပြီး၁၅မိနစ်ကြာဆားနဲ့စိမ်ထားပါ။ ပြီးမှ ရေနှစ်ထပ်ခန့်ပြန်ဆေးပြီး ပါးပါးလှီးထားပါ။
*ငရုပ်သီးကိုညက်အောင်ထောင်းပါ။
ဇလုံတစ်လုံးထဲတွင်ဆာဖြယ်အချဥ်ရည်(ဘူးသေး)အကုန်၊သံပုရာသီး (၂)လုံးညှစ်ထည့်ပါ။ ရေခမ်းအောင်ပြုတ်ထားသောအသားနှင့်ငရုပ်သီး၊ ငါးညှီမြှစ် ပါးပါးလှီးထားသည်ကိုအရင်ရောမွှေပေးပါ။ ဆား၊ အချိုမုန့် မိမိကြိုက်နှစ်သက်သလောက်ထည့်ပါ။ အအေးခံထားသောအရိုးပြုတ်ရည်ကိုလောင်းထည့်ပါ။ ထို့နောက် လှီးထားသောအရွက်များကိုထည့်ပြီးရောမွှေပါ။ အရည်ကိုမပျစ်မကျဲလေးပဲထားပေးပါ။အပေါ့အငန်လေးမြည်းပြီးလိုအပ်သလိုထည့်နိုင်ပါတယ်။
ဒီအဆင့်လေးတွေပြီးသွားရင်တော့ ကိုယ်တိုင်နှစ်သက်တဲ့အရသာနဲ့ဆာဖြယ်အချဥ်ရည်လေးရပါပြီ။
ရေစစ်ထားတဲ့မုန့်ဖတ်ကို ပန်းကန်ထဲ၊ဇလုံထဲတွင်ထည့်ပြီး၊
*မြင်းခွာရွက်
*ဆလပ်ရွက်
*သခွားသီး
*တိုဟူးဝါတို့နဲ့ အတူချဥ်စပ်လေးနဲ့တွဲဖက်စားသုံးလို့ရပါပြီ။
ဆာဖြယ်အချဥ်ရည်ဗူးဝယ်မရရင် မန်ကျည်းသီးအနှစ်တိုက်ပြီးအစားထိုးလုပ်စားလို့ရပါတယ်။
ကိုးကား
https://www.duwun.com.mm/article/-p-id49999
https://www.facebook.com/kittycutelay834/posts/%E1%80%86%E1%80%AC%E1%80%96%E1%80%BC%E1%80%9A%E1%80%BA%E1%80%81%E1%80%BB%E1%80%A5%E1%80%BA%E1%80%85%E1%80%95%E1%80%BA%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AC%E1%80%9D%E1%80%9A%E1%80%BA%E1%80%85%E1%80%AC%E1%80%B8%E1%80%9B%E1%80%84%E1%80%BA-%E1%80%90%E1%80%85%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-20002500%E1%80%80%E1%80%BB%E1%80%95%E1%80%BA%E1%80%95%E1%80%B1%E1%80%B8%E1%80%9D%E1%80%9A%E1%80%BA%E1%80%85%E1%80%AC%E1%80%B8%E1%80%9B%E1%80%9E%E1%80%B1%E1%80%AC-%E1%80%86%E1%80%AC%E1%80%96%E1%80%BC%E1%80%9A/1184114748597342/
Rose(Mal Nu)
Keep Reading