Author's Profile Photo

Rose(Mal Nu)

22/03/2025

တစ်နှစ်တစ်ခေါက် ပန်းပိတောက်

1 min read
General Knowledge
Culture
History
တစ်နှစ်တစ်ခေါက် ပန်းပိတောက်'s photo

ပိတောက်ပန်းဆိုသည့် အသံကြားသည်နှင့် နှစ်သစ် ကူးတော့မည်ကို မြန်မာလူမျိုးတိုင်း သိကြပါသည်။ ပိတောက်ပန်းသည် အမည်ဆန်းသလို တစ်နှစ်မှာ တစ်လသာ ပွင့်ခြင်း၊ ထိုအချိန်အခါသည် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသည့် အချိန်အခါ ဖြစ်ခြင်း၊ လှပသော ရွှေဝါရောင်ရှိပြီးသင်းပျံ့မွှေးသောရနံ့ရှိခြင်း၊ မြန်မာပြည်မှာသာ တွေ့ရသော ပန်းမျိုးဖြစ်ခြင်းတို့သည် ပိတောက်ပန်း၏ ထူးခြားသည့် ဝိသေသများ ဖြစ်သည်။

မြန်မာလူမျိုးတို့သည် ပိတောက်ပန်းအား ဗုဒ္ဓဘုရားရှင်အား ကပ်လှူခြင်း၊ ပန်ဆင်ခြင်းတို့တွင်လည်း အသုံးပြုကြ‌ေသးသည်။ပိတောက်ပန်းနှင့် ပတ်သက်သော ကဗျာများ၊ သီချင်းများ၊ ဝတ္ထုဇတ်လမ်းများလည်း အများအပြားရှိသည်။ ပိတောက်ပင်ကို မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတို့တွင် တွေ့ရှိနိုင်‌သေးသည်။

မြန်မာလူမျိုးတို့၏ ရေသဘင်ပွဲတော်နှင့် နှစ်ဟောင်း ကုန်ဆုံးခြင်းသည် အမြဲ ဆက်နွယ်လျက်ရှိသည်။ ရေသဘင်ပွဲတော်မှာ ရှေးယခင် ဘုရင်များ လက်ထက်မှ စတင်ခဲ့သည်။ နှစ်ဟောင်းမှ အညစ်အကြေးများ ပပျောက်စေရန်၊ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်၏ ဆင်းရဲခြင်းများ ကုန်ဆုံးပြီး နှစ်သစ်မှာ စိတ်သစ် လူသစ်ဖြင့် တစ်နှစ်တာ ဘဝခရီး စတင်ရန် ရည်ရွယ်ချက်ဖြင့် မိဖုရားများ၊ မင်းညီမင်းသား၊ မင်းသမီးများနှင့် နန်းတွင်းရှိ အလုပ်အကျွေးပြုသူများကို ဘုရင်မင်းမြတ်က ချစ်ခင်စွာ သပြေခက်နှင့် ရေဆွတ်ဖျန်းပေးသည်မှစ၍ နှစ်စဉ် နှစ်တိုင်း တစ်ဦးနှင့် တစ်ဦးရေလောင်းခြင်း၊ ရေပက်ခြင်းများ ဖြစ်ပေါ်လာခဲ့သည်။

နှစ်ဟောင်းကို ဤကဲ့သို့ ကုန်စေပြီး နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။ တစ်နှစ်လုံး မပွင့်ခဲ့သော ပိတောက်ပန်းများသည် ထိုအချိန်အခါသမယတွင် ပင်လုံးကျွတ် ပွင့်လာကြသည်။ အေးမြသောရေ၊ ဝင်းဝါသော ပိတောက်ပန်းတို့ကြောင့် လူအများ၏ စိတ်နှလုံးမှာလည်း အထူးပင် ရွှင်လန်းလာတော့သည်။ ထို့ကြောင့် ပိတောက်ပန်းသည် နှစ်သစ်၏ဂုဏ်ကို ဆောင်သည်။ မြန်မာနိုင်ငံ၏ ကျက်သရေကို ဆောင်သည့်အပြင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့၏ “ပြယုဂ်” တစ်ခုအဖြစ် တင်စားလိုပါသည်။ မြန်မာလူမျိုးတို့ ချစ်မြတ်နိုးသော ပန်းလည်းဖြစ်ပါသည်။

လေ့လာတွေ့ရှိချက်တွေအရ အရောင်တောက်ပြီး ထူးခြားတဲ့ရနံ့ရှိတဲ့ပန်းတွေဟာ စိတ်ခွန်အားအပြည့်အဝ ပေးတယ်လို့ သိရပါတယ်။ အဝါရောင်ပန်းတွေကို ကြည့်ရတာဟာ အနီရောင်၊ အဖြူရောင်ပန်းတွေကို ကြည့်ရတာ ထက်ပိုပြီးအပြုသဘောဆောင်တဲ့ စိတ်ခံစားချက်ကို ရစေတယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် အမျိုးသား ကျန်းမာရေးတက္ကသိုလ်များအဖွဲ့က ပြောပါတယ်။ တန်ခူးလမှာပွင့်တဲ့ ပိတောက်ပန်းတွေဟာ အရောင်အားဖြင့် ရွှေဝါရောင်ဝင်းနေပြီး ရနံ့ကလည်း အင်မတန်မွှေးပျံ့တာကြောင့် ပိတောက်တွေပွင့်တဲ့အချိန်မှာ ပွေ့ဖက်လို့ဖြစ်စေ၊ အလှပန်းအိုးထိုးလို့ဖြစ်စေ၊ ပန်းပိတောက်တို့ကြွေရာလမ်းမှာ လမ်းလျှောက်လို့ဖြစ်စေ မွှေးရနံ့ကို တစ်ဝကြီးရှူရှိုက်ပြီး စိတ်ကြည်နူးမှုကိုလည်း ရရှိနိုင်ပါသေးတယ်။

ရွှေဝါရောင်ပိတောက်ပန်းတွေဟာ တစ်နှစ်တာပတ်လုံးမှာ မွန်းကျပ်ပိတ်လှောင်နေတဲ့ သင့်စိတ်တွေကို ဖြေလျော့စေနိုင်တယ်လို့ သိပ္ပံနည်းကျလေ့လာတွေ့ရှိထားတဲ့ အဝါရောင်ပန်းတစ်မျိုးလည်းဖြစ်ပါသေးတယ်။

ပိတောက်ပင်က ပိတောက်ပန်းတင်မဟုတ် တစ်ပင်လုံးကို အသုံးဝင်တဲ့အပင်အမျိုးအစားလည်းဖြစ်သေးပါတယ်။

ပိတောက်သားသည် သစ်မာအမျိုးအစား ဖြစ်ပြီး ခိုင်ခန့်ခြင်း၊ ခြမစားခြင်းတို့ကြောင့် အိမ်တိုင်များ၊ အိမ်ပျဉ်၊ ဗီရို၊ လှည်းဘီးနှင့် လှည်းလက်ရန်းတိုင်များနှင့် အခြား ပရိဘောဂ အမျိုးမျိုးတို့တွင် အသုံးပြုကြလေ့ ရှိကြပါသေးတယ်။

ရှေးယခင်က ပိတောက်ပန်းများသည် တစ်နှစ်မှာ တစ်လ (တန်ခူးလ)၊ တစ်လမှာ တစ်ရက်တည်းပွင့်သော ထူးခြားပြီး သစ္စာရှိသည့် ပန်းမျိုးဟု သိရပါသည်။ ယခုအချိန်တွင် ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတု ဖောက်ပြန်လာ၍ ပိတောက်ပန်းများလည်း တစ်နှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်ပွင့်ခြင်းဖြစ်တယ်လို့လည်း လေ့လာတွေ့ရှိတွေအရ သိရပါသေးတယ်။

Credit#
မူရင်းစာများကို အဆင်ပြေချောမွေ့စွာ ပြင်ဆင်ရေးသားသုံးသပ်ထားပါတယ်ရှင့်

Rose (Mal Nu)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်ရောမဘုရင်တွေ ဘာကြောင့်ရူးနေကြတာလဲတော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များစစ်ပွဲဟာ လူငယ်တစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲစေသလားတံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းတစ်ဟိုစပ်စပ်ဒီစပ်စပ် မလုပ်နဲ့ (၂) ချေးများစေ့စပ်တဲ့သူအာဇာနည်နေ့ရဲ့ လူသိနည်းသော သမိုင်းစာမျက်နှာဘာလို့ မုန်းကြတာလဲ