Author's Profile Photo

Note Vault

13/03/2025

Goal နဲ့ System

1 min read
Life Style
Creative
Self Improvement
Goal နဲ့ System's photo

system ဆိုတာ စနစ်ပါ။ စနစ်ရှိမှ goal ကို ရယူနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် goal တစ်ခုထားခြင်းဖြင့် ကျွန်တော်တို့ကိုယ်တိုင် အဲ့ goal ဆီ ရောက်သွားတာမဟုတ်ပါဘူး။ goal ကိုရောက်ဖို့လုပ်တဲ့ level ထဲရောက်သွားတာပါ။ (You do not rise to the level of your goals. You fall to the level of your systems.)
ဒါကို James Clear ရဲ့ Atomic Habit ကနေသိရပါတယ်။

ဒါကြောင့် goal တစ်ခုချတိုင်း system တစ်ခုက အမြဲလိုက်ပါတယ်။

goal တစ်ခုရဖို့ system တစ်ခု အမြဲဖန်တီးဖြစ်ပုံကို ပြောပြပါမယ်။ ကျွန်တော်က ဉာဏ်ပေတုံးထဲမှာပါတယ်။ သူများလို အတွင်း energy တွေနဲ့ ကိုယ်လိုချင်တာ၊ဖြစ်ချင်တာကို ဖြစ်မြောက်အောင်လုပ်နိုင်တဲ့ထဲ မပါဘူး။ ဒါပေမယ့် result ကို မြန်မြန်ဆန်ဆန် ရအောင် ကြိုးစားတတ်တယ်ဗျ။ ဒီ sharing မှာ system အကြောင်းပြောပြသွားပါမယ်။

goal တစ်ခုအတွက် အရေးကြီးဆုံးက 'ရှိတာနဲ့ ဘယ်လိုတိုးတက်အောင်လုပ်မလဲ'?

Perfectionism က လူတိုင်းလိုလိုရှိတယ်။ တစ်ခုမဟုတ်တစ်ခု ရှိနေမှ အစကောင်းမယ်ဆိုတဲ့ အတွေးပါ။ ကျွန်တော်ကိုယ်တိုင်လည်းပါတယ်။ ဒါပေမယ့် အခုအတွက် အရေးအကြီးဆုံးက 'ရှိတာနဲ့ တိုးတက်အောင်လုပ်မလဲ'? ဒါကို စဉ်းစားကြည့်ရင် ကိုယ့်မှာ ရှိတာနဲ့ လုပ်နိုင်အောင် မိုတီပေးတယ်ဆိုပါစို့။ ကျွန်တော့်မှာ အခြေခံ system ၅ ခု လုပ်ထားတယ်။

ဒီ ၅ ခုဟာ တစ်နေ့တာလုပ်ဆောင်ရမယ့်အရာ၊ သင်ယူမှု၊ အာရုံစိုက်ရမယ့်အရာ၊ နည်းပညာအသုံးပြုပြုမှုနဲ့ အရေးကြီးဆုံးက ဒီအရာတွေကို မမေ့အောင်လုပ်ပေးမယ့် system တွေဖြစ်တယ်။

- daily-sys (တနေ့တာလုပ်မယ့်အရာ)
- learn-sys (သင်ယူမှု)
- device-mag-sys (ဖုန်း၊လက်တော့ပ်အသုံးပြုမှု)
- deep-work-sys (အာရုံစူးစိုက်တာနဲ့ဆိုင်)
- no-forget-sys (အပေါ်ကဟာတွေ မမေ့အောင်၊လုပ်ဖြစ်အောင်)


- တစ်နေ့မှာ ကိုယ်ဘာလုပ်မလဲ? လုပ်မယ်ဆိုတာ လုပ်ဖြစ်အောင် ဘယ်လိုလုပ်မလဲ? ဒါတွေက goal ကို set up လုပ်၊ needs နဲ့ wants ကို filter လုပ်။
- တစ်နေ့လုပ်မယ့်ထဲမှာ အနည်းဆုံး သင်ယူမှုတစ်ခုပါအောင်လုပ်မယ်။ ဒါဆို ဘာသင်ယူမလဲ? ဘာသင်ချင်တာလဲ? ဘာလို့သင်ချင်တာလဲ? ဘယ်လိုသင်မလဲ?
- တစ်ခုခုလုပ်ရင် ဟိုနည်းနည်း၊ ဒီနည်းနည်း လုပ်တာထက် အချိန်တစ်ခုယူ၊ အချိန်တစ်ခုမှာ တစိုက်မတ်မတ် အာရုံစိုက်လုပ်တာက result ကောင်းတယ်၊ ပိုအလုပ်ဖြစ်တယ်ဆိုပြီး Car Newport ရဲ့ Deep Work ထဲမှာပါပါတယ်။ ကိုယ် Deep work ကို ဘာတွေကို ဘယ်ချိန်၊ဘယ်နေရာမှာ ဘာတွေရှောင်ရှားပြီးလုပ်မယ်၊ clear up လုပ်ထားတဲ့ deep work system တစ်ခု။
- ဒီထဲမှာ အရေးအကြီးဆုံးက no-forget-sys ပါ။ ရှိသမျှ system တွေကို မမေ့အောင်၊ လုပ်ဖြစ်အောင် သတိပေးမယ့် စနစ်ဖြစ်ပါတယ်။ ဒီအတွက် alarm ထား၊ reminder ထား၊ စသဖြင့် action ယူဖြစ်အောင် လုပ်မယ့် system။

How to build a system?
System တစ်ခု set up လုပ်မယ်ဆို WWH framework ကို သုံးပါတယ်။

What, Why and How ပါ။

device-mag-sys ဆိုပါစို့။

ကိုယ့်မှာရှိတဲ့ phone, laptop, tablet နဲ့ အလုပ်လုပ်တယ်ဆိုတာ ဘာလဲနဲ့ အရင်စပါတယ်။
ပြီးတော့ ဘာလို့ ဒီ digital product တွေကို သုံးပြီး လုပ်နိုင်တာလဲ?
Why ကိုသိပြီဆိုရင် ဘယ်လို လုပ်သွားမလဲ Action Plan ကို သေချာချလို့ရပြီ။
System တစ်ခုချပြီးပြီဆို လုပ်ဖြစ်အောင် no-forget-sys ကို update လုပ်ပါ။

ဘယ်လောက်ပဲ ကောင်းတဲ့ system ဖြစ်ဖြစ်၊ goal ဖြစ်ဖြစ် Action မယူနိုင်ရင် အလကားပါ။ no-forget-system ဟာ ကိုယ်ပျင်းတာ၊ ရေသာခိုတာကို beat လုပ်နိုင်တဲ့ system ဖြစ်အောင်ရေးထားရပါတယ်။


Key Takeaway အနေနဲ့

- goal ဆိုတာ ကိုယ်ဖြစ်ချင်တဲ့ အခြေအနေတစ်ခုဖြစ်တယ်။
- system ဆိုတာ goal တစ်ခုအတွက် What, Why and How framework တခု။
- system အားလုံးမှာ ကိုယ့်ကို action ယူဖြစ်စေတဲ့ system က အရေးအကြီးဆုံးဖြစ်တယ်။


---
(ကျွန်တော့်အနေနဲ့ Interactive network တစ်ခုကို အတွေးတူ၊ လုပ်ရပ်တူ တဲ့ စိတ်တူကိုယ်တူတွေနဲ့ ဖန်တီးချင်ပါတယ်။ ကျွန်တော့်ရဲ့ telegram channel ကို join ပြီး ဒီ ပို့စ်အတွက် feedback/comment ရေးပေးစေချင်ပါတယ်။ ဒီမှာနှိပ်ပြီး join ပါ။ like-minded များနဲ့ network ရချင်ပါတယ်ခင်ဗျာ။)

Note Vault
@tonotevault
ss/productivity
14-March-2025

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်