Reviews by Benevolent
သက်ဝင်လှုပ်ရှားစရာကောင်းတဲ့ သရုပ်ဖော်မှုများဖြင့် စာဖတ်သူကို စွဲဆောင်ထားတယ်၊ ကြေကွဲစရာနှင့် မျှော်လင့်ချက်များ အပြည့်ရှိတဲ့စာအုပ်လို့ ဆိုရမယ်။20 ရာစု အစောပိုင်းက ထွက်ခဲ့တဲ့ The Great Gatsby ဝတ္ထုဆိုတာ တကယ်ဖတ်သင့်တဲ့စာအုပ်ပါပဲ ။ ဂန္ထဝင်စာပေတစ်ခုအဖြစ် ကြီးကြီးမားမား ခံယူထားကြတယ်။ စာအုပ်ထဲတွင် လူ့သဘောသဘာဝ၏ ရှုပ်ထွေးမှုများကို ပြသထားပြီး ကြိုးစားရင် လူတိုင်းချမ်းသာနိုင်တဲ့ဆိုတဲ့ "အမေရိကန်အိပ်မက် " ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခြင်းမှ ဖြစ်ပေါ်လာကြတဲ့ အားနည်းချက်များကို အလေးပေးဖော်ပြထားတယ်။1920 ခုနှစ်များအတွင်း ရင်ခုန်စရာ တက်ကြွနေကြတဲ့ခေတ်ကာလ ၊ အမေရိကန်အထက်တန်းလွှာမှဘဝများကို အဓိကထားကာ ရေးဖွဲ့သီကုံးထားတဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။
မူရင်း စာရေးသူ ဖစ်ဇ်ဂျဲရယ်(Fitzgerald) အရေးအသားတွင် ပြသထားတဲ့ အနုပညာလက်ရာက စည်းချက်ပြင်းတဲ့ ဂျက်ဂီတ(Jazz) အရှိန်အဝါကြီးမားလာတဲ့ခေတ်ပုံရိပ်လွှာကိုခံစားရမယ်၊ 1920 ခုနှစ်အတွင်း ခမ်းနားထည်ဝါတဲ့ ဇိမ်ခံသင်္ကေတများကို ဖန်တီးထားပြီး စိတ်ကူးယဉ်ဆန်ဆန် ရုပ်ပုံများဖြင့် ပုံဖော်ထားတယ်။တင်ပြထားပုံက လူတစ်ဦးစီးတိုင်းရှိ ကိုယ်ပိုင်ထူးခြားမှုစိတ်နေသဘောထားကို ပြသထားတယ်။ နောက်ဆုံးတွင် ဇာတ်ကြောင်းတည်ဆောက်မှုက ရှုပ်ထွေးမှုနှင့် နက်နဲမှုတို့ကို မြှင့်တင်ပေးထားတယ်။ဖစ်ဇ်ဂျဲရယ်( Fitzgerald )၏ စွဲမက်ဖွယ်ကောင်းတဲ့ အရေးအသားပုံစံကို နှစ်သက်ဖွယ်ဖတ်ရှုရမှာဖြစ်သလိုအတွေ့အကြုံတစ်ခုဆီသို့လည်း ဆွဲဆောင်ထားတယ်၊ စာမျက်နှာတစ်ခုစီတိုင်းကို ပြီးဆုံးသည်အထိ အာရုံစိုက်နိုင်အောင်ဖန်တီးပေးထားတယ်။ဖတ်ရှုပြီးနောက် စာဖတ်သူ၏စိတ်တွင် ဖျောက်ဖျက်လို့မရနိုင်တဲ့ အမှတ်အသားတစ်ခု ချန်ထားခဲ့လိုက်မယ်။
ဇာတ်လမ်းထဲတွင် အမေရိကန်လူမျိုးများမျှော်လင့်ချက်၊ ကံကြမ္မာ၊ လက်တွေ့ဘဝနှင့်သစ္စာဖောက်ခြင်း အကြောင်းအရာများကို ပိုင်းခြားတင်ပြထားတယ်။
ဇာတ်လိုက် ဂျေးဂတ်စ်ဘီ ၏ ချမ်းသာကြွယ်ဝမှုနှင့် မျက်စိပသာဒ ဖြစ်စရာ ခမ်းနားတဲ့စံအိမ်ကြီး၊ ဒေစီဆိုတဲ့ မိန်းမချောလေးအပေါ် သစ္စာတရားကြီးမားပုံတွေကို ပဟေဠိဖြစ်တည်မှုဖြင့် စာဖတ်သူက စုံထောက်သဖွယ်ခြေရာခံလိုက်ရမယ်။ ဒေစီ ဆိုတာ ဂျေးဂတ်စ်ဘီရဲ့ ငယ်ချစ်ဦး ၊ ပထမကမ္ဘာစစ်အပြီးနောက် သူတို့နှစ်ယောက်ရဲ့ ပုံစံတွေက ခြားနားနေခဲ့တယ်။ဒေစီရဲ့ခင်ပွန်း တွမ် ၊ အားကစားသမားတစ်ယောက် မျက်နှာပေါ်မှာ ဗိုလ်ကျစိုးမိုးလိုစိတ် ပြင်းပြကြောင်းကို အထင်အရှား ခတ်နှိပ်ပေးထားသလို အတ္တမာန ကြီးသူတစ်ယောက် လို့ပြောရမယ်။ဇာတ်ကြောင်းပြသူက နစ်ခ် ဆိုတဲ့
Unlock to read this premium article with 100 points.