Author's Profile Photo

Heaven

9/03/2025

Best Friend (သူငယ်ချင်းကောင်း )

1 min read
Education
General Knowledge
Entertainment
Best Friend (သူငယ်ချင်းကောင်း )'s photo

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ ရာမန် နဲ့ တာရွန်ဆိုတဲ့ သူငယ်ချင်း နှစ်ဦးရှိသတဲ့။ ရာမန်ကတော့ ချမ်းသာတဲ့ မိသားစုကဖြစ်ပြီး တာရွန်က ဆင်းရဲတဲ့ မိသားစုကပေါ့ကွယ်။ သူတို့သူငယ်ချင်းနှစ်ဦးဟာ အခြေအနေ အဆင့်အတန်းကွဲပြားချက်တွေ ရှိသော်လည်း တစ်ယောက်နဲ့တစ်ယောက် အလွန်ခင်မင်ရင်းနှီး ကြပြီး မခွဲအတူရှိကြတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်သတဲ့။ အချိန်တွေကြာလာတာနဲ့ အမျှ နှစ်ယောက်လုံးဟာ တဖြေး‌ဖြေး အရွယ်ရောက်လာကြပြီး ဘ၀တိုးတတ်ရေးအတွက် ကြိုးစားရင်း အလုပ်ရှုပ်နေကြပါသတဲ့။
တစ်နေ့မှာ တော့ တာရွန်ဟာ အပြင်းအထန်ဖျားတာကြောင့် အိမ်မှာ အနားယူနေသတဲ့။ ဒီအကြောင်းကိုကြားတဲ့ ရာမန်ဟာ တာရွန်ကို လာတွေ့ခဲ့ပါတယ် ပြီးတော့ ရာမန်ဟာ အားပေးစကားများပြောပြီး အချိန်ကြာကြာသူငယ်ချင်းနားနေပေးရမည့်အစား သူရဲ့ အိတ်ကပ်ထဲက ပိုက်ဆံ အချို့ကို တာရွန်ကိုပေးပြီး ထွက်သွားခဲ့ပါတယ်။
တာရွန်ဟာ လုံလောက်တဲ့ ပိုက်ဆံကိုပြန်ရှာခဲ့ပြီးနောက် ရာမန်ကို ပိုက်ဆံတွေ သွားပြန်ပေးခဲ့ပါတယ်။ ရာမန်ရဲ့ ရိုင်းပြီးကြမ်းတမ်းစွာ ပြုမှုခဲ့တဲ့ အပြုအမှုကိုတာရွန်မမေ့နိုင်ခဲ့ပါဘူး။
သိပ်မကြာခင်မှာ ရာမန်လည်းပဲ နေမကောင်းဖြစ်ပြီး ဆရာ၀န်က သူ့ကို ကောင်းကောင်းအနားယူဖို့ အကြံပေးခဲ့ပါတယ်။ တာရွန်ဟာ ရာမန်နေမကောင်းတဲ့ သတင်းကိုကြားပြီးနောက် သူ့ရဲ့ အလုပ်များကို စွန့်ပြီး ရာမန်ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ ရာမန် ကျန်းမာလာတဲ့ အထိ ဘေးနားမှာနေပြီးဂရုစိုက်ပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ ရာမန်ဟာ တာရွန်နဲ့ ဆုံတွေ့ခဲ့ပြီး "တာရွန် သူငယ်ချင်း မင်း‌‌ေနမ‌ေကာင်းတုန်းက မင်းနားမှာ ရှိ မနေပဲ ပိုက်ဆံတွေပဲပေးခဲ့တယ် မင်းက ငါ့ကို အဲ့ပိုက်ဆံတွေပြန်ဆပ်ခဲ့တာတွေကို အပြစ်ရှိသလို ခံစားရတယ် ၊ မင်းကတော့ ငါနေမကောင်းတဲ့ အချိန်မှာ ငါ့ဘေးနားမှာ နေပြီး ငါ့ကို ဂရုစိုက်ပေးခဲ့တယ် စောင်ရှောက်ပေးခဲ့တယ် ။ ငါဒီကျေးဇူးတွေကို ဘယ်လိုဆပ် ရမလဲ သူငယ်ချင်း"
တာရွန်က ရာမန်ကိုပွေ့ဖတ်လိုက်ပြီး
"ပိုက်ဆံဟာ အရာအားလုံးမဟုတ်ဘူးဆိုတာကို မင်းကို သိစေချင်ခဲ့တာ မင်းနားလည်သွားတဲ့ အတွက် ငါအရမ်း ၀မ်းသာတယ် သူငယ်ချင်း"

"ပိုက်ဆံဟာ အရာအားလုံး မဟုတ်ပါ။ ဂရုစိုက်မှုနဲ့ ချစ်ခင်မှုများသည် တန်ဖိုးရှိသော ခင်မင်ရင်းနှီးမှုဖြစ်သည်။"
Best friend.. အိန္ဒိယ ပုံပြင် ကို ဆီလျော်အောင်ဘာသာပြန်ပါသည်။
ကိုယ်တိုင်‌ဘာသာပြန်ရေးသားထားပါသည်။
Heaven (Dream World)

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?