LY Cho
ဆရာသိုးဆောင်းလို့ ပြောလိုက်တာနဲ့ စာဖတ်သူတို့မျက်လုံးထဲ ပြေးမြင်မိတာ " အကြင်သူသည်" ပါ။ ကျွန်တော် ဖတ်ဖူးသမျှထဲမှာတော့ အကြင်သူသည် စာအုပ်က နှလုံးသားထဲ စွဲမြဲစွာ ထင်ကျန်လျက်ပါပဲ။
ယခု ညွှန်းပေးမယ့် စာအုပ်လေးကတော့ "အကြင်သူသည်" ထက်မသာဘူးဆိုရင်တော့ မလျော့စေရဘူးလို့ အာမခံနိုင်ပါတယ်။ ထိုစာအုပ်လေးကတော့ "လက်ညှိုးထိုး၍ ပန်းဝေသည် " ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်။
ဒီစာအုပ်လေးကို သူ့ရဲ့ ဝတ္ထုနာမည်လေးကို သဘောကျပြီး ဖတ်ဖြစ်ခဲ့တာပါ။ ကျွန်တော် ထင်တာက ချစ်သူတွေရဲ့ အချစ်အကြောင်း (ရသ အနေနဲ့ပြောရရင် သိဂ်ါရ ရသ) တင် ခံစားရမယ်လို့ ထင်မိခဲ့တာပါ။ ဒါပေမယ့် စာအုပ်ဖတ်လိုက်တဲ့ အချိန်မှာတော့ အထင်နဲ့ အမြင် လွဲသွားခဲ့ရပါတယ်။
"ငါချစ်ရင် မိုးကို လှေကားထောင်ပေးမယ်၊ပင်လယ်ကို တံတားခင်းပေးမယ်၊ ငါမုန်းရင်တော့ ငရဲကိုတောင် ပြာကျအောင် မီးရှို့ပစ်မယ်" ဒါဟာ ဘွဲ့ထူး ဂုဏ်ထူးတွေ ၊ ပကာသနတွေကို ရေးဖွဲ့ထားတာမဟုတ်ပါဘူး။ စကားလုံး အချွန်အတက်တွေနဲ့ နှလုံးသားကို ထိုးစိုက်ထားတာလည်း မဟုတ်ဘူးဆိုတာ ဒီစာအုပ်လေး ဖတ်နေရင်း နားလည် ခံစားမိလိမ့်မယ်။
" ဘာပဲ ဖြစ်ဖြစ်ပေါ့ကွယ်... ချစ်သူလက်သာ ထိကိုင်ထားရရင် အသက်မရှူပေမယ့်လည်း အသက်ရှိနေပါတယ်" လူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာတရား၊ သစ္စာတရားတွေ ကြီးမားမှုကို ဒီစာအုပ်လေး ဖတ်ရင်း ခံစားမိလာပါလိမ့်မယ်။
ဒီစာအုပ်လေးက ချစ်ခြင်း မေတ္တာ အကြောင်းတင် မဟုတ်ပဲ လူတွေရဲ့ လောဘ၊ ဒေါသ ၊ လူတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှု၊ အတ္တကြီးမှုတွေ ကြားမှာ အချစ်ကြီးပြီး သစ္စာကြီးကြတဲ့ ချစ်သူနှစ်ဦးရဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်လေးတွေကို ဆရာသိုးဆောင်းက ဇာတ်အိမ်ခိုင်ခိုင် သဘာဝကျစွာ ရေးသားထားတာဖြစ်ပါတယ်။
စာအုပ်ဖတ်ရှုရန် 🔗 🔗 https://t.me/foryou1272006/504?single
စာဖတ်သူတို့အားလုံး အဓိပ္ပာယ်ရှိသော နေ့ရက်လေးတွေ ဖန်တီးနိုင်ကြပါစေရှင်💗
Keep Reading