Author's Profile Photo

YadanarOo

1/03/2025

သင်္ကြန်ရိုးရာများနှင့် ခေတ်ပြိုင်မှု

1 min read
General Knowledge
Culture
Entertainment
သင်္ကြန်ရိုးရာများနှင့် ခေတ်ပြိုင်မှု's photo

ဆောင်းမြူများကတဖြေးဖြေးပါးလျလာခဲ့ပြီး ဥဩငှက်ငယ်တို့၏မြည်တွန်သံနဲ့အတူ အပင်ငယ်တို့ဟာလည်း ရွက်ဟောင်းခြွေကာ ရွက်သစ်တို့ဖြင့်အသွင်သစ်ကိုဖော်ဆောင်ရင်း နွေကာလသို့ရောက်ရှိခဲ့လေပြီ။ ထိုသို့ရာသီပြောင်းလဲလာတာနဲ့အတူ မြန်မာ့ရိုးရာသင်္ကြန်အခါသမယကိုလည်း မေ့ထားဖို့ရာမဖြစ်နိုင်ပါ။

မြန်မာ့ယဉ်ကျေးမှုအထဲမှာ အရေးပါဆုံး ရိုးရာပွဲတော်တစ်ခုက မြန်မာ့သင်္ကြန် ဖြစ်ပါတယ်။ အရိုးရှင်းဆုံးအနေနဲ့ ရေသန့်ဖြင့် အတိတ်က တိုင်တည်မှုတွေကို ရှင်းပစ်ပြီး အသစ်စတင်ခြင်း ဆိုတဲ့ သဘောတရားပါဝင်ပါတယ်။ အနုပညာ၊ ယဉ်ကျေးမှုနဲ့ လူမှုရေးပေါင်းစပ်မှုကြောင့် သင်္ကြန်ဟာ တစ်မျိုးမဟုတ် တစ်မျိုးဖြစ်ပြီး ခေတ်အလိုက် ပုံစံပြောင်းလဲလာမှုတွေလည်း ဖြစ်ပေါ်လာပါတယ်။

သင်္ကြန်ကို မြန်မာနှစ်သစ်ကူးလို့လည်းခေါ်ကြပြီး သင်္ကြန်ကာလဟာဆိုရင် ဧပြီလရဲ့အလယ်မှာကျရောက်တတ်ပြီး ၄ရက် ဒါမှမဟုတ် ၅ရက်ကြာမြင့်တတ်ပါတယ်။

၁၉၆၂ ခုနှစ် ဧပြီလ ၁၃ ရက် သင်္ကြန်ကျရက် ၁၄ ရက် သင်္ကြန်အကြတ်ရက် ၁၅ ရက် ၁၆ ရက် သင်္ကြန်တက်ရက် မြန်မာဗေဒင်ကျမ်းများ၌ တနင်္ဂနွေဂြိုဟ်သည် တစ်နှစ်တစ်ကြိမ် မိဿရာသီသို့ဝင်သောအခါ၌ မိဿ သင်္ကြန်ခေါ်၏။ အနောက်နိုင်ငံ သိုးဆောင်းလူမျိုးတို့၏ နိုင်ငံရေးဟောကိန်းများ၌လည်း မတ်လ ၂၁ ရက် နေ့ သာယနရဝိမိဿရာသီဝင် ဇွန်လ၂၁ ရက်နေ့ သာယနရဝိကြဋ် ရာသီဝင် စက်တင်ဘာလ၂၃ ရက် သာယနရဝိတူရာသီဝင် ဒီဇင်ဘာ ၂၂ ရက် သာယနရဝိမကာရရာသီဝင်စသော အချိန်များဖြင့် ဒွာရလေးခွင် သင်္ကြန်ဝင်ဟောကိန်းများကို ရာသီ၏ နှစ်စဉ်ဂြိုဟ်သွားပြက္ခဒိန်နှင့် ဟောကိန်းစာအုပ်တွင် ဖော်ပြလေ့ရှိ၏။ သို့ရာတွင်ဗေဒင်လောကတွင် သင်္ကြန်မည်သည် တနင်္ဂနွေရဝိဖုဋဂြိုဟ်စင် ရာသီများသို့ ဝင်ချိန်ဖြစ်၏။



ရှေးက မြန်မာ့သင်္ကြန် ကို ယဉ်ကျေးမှုနှင့် အတိတ်ဆိုးများကို ရေဖြင့်ဆေးကြောပစ်ခြင်း ဆိုတဲ့ သဘောတရားနဲ့ ကျင်းပလေ့ရှိပေမဲ့ ယခင်နှစ်များအတွင်း သင်္ကြန်ပွဲတော်ဟာ ရိုးရာမှ ခေတ်ပြိုင်ပွဲတော်တစ်ခုအဖြစ် ပြောင်းလဲလာပြီး ဖျော်ဖြေရေး၊ အနုပညာ၊ လူမှုမီဒီယာနှင့် ခေတ်မီနည်းပညာများ ပါဝင်လာပါတယ်။ မြန်မာ့သင်္ကြန်ဟာ ရိုးရာယဉ်ကျေးမှုအနေနဲ့ ရှင်သန်ရုံသာမက၊ ခေတ်မီဖျော်ဖြေရေးနှင့် ပေါင်းစပ်မှုလိုအပ်ပါတယ်။ သို့ပေမဲ့ ယနေ့ခေတ် Entertainment သင်္ကြန်ကရိုးရာအဓိပ္ပာယ်များ ဆုံးရှုံးသွားခြင်း ဖြစ်မနေစေရန် ရိုးရာနှင့် ခေတ်ပြိုင်မှုများကို ညှိနှိုင်းသင့်တယ်လို့ယုံကြည်ပါတယ်။

သင်္ကြန်ဟာ Entertainment ပွဲတော်မဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းရာ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ သင်္ကြန်၏ ယဉ်ကျေးမှုတန်ဖိုးများကို မျိုးဆက်သစ်များ သိရှိပြီး တန်ဖိုးထားစေရန်မှာလည်း အရေးကြီးပါတယ်။

၁.၃.၂၀၂၅

Keep Reading

လူငယ်နှင့် အောင်မြင်မှု...မုန်းခိုင်းတိုင်း မုန်းမှာလား စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာရေးဆရာနတ်နွယ်ဆိုတာThe Fall Of Spartacusဘုရင့်နောင် ဖောင်ဖျက်တဲ့ ထုံး နှလုံးမူမယ်ဆိုရင်....သူဌေးဝါဒ (၂၃)Victor Hugo ပေးတဲ့သင်ခန်းစာ𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚Oppenheimer ရုပ်ရှင်ကိုလေ့လာခြင်း