Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

26/02/2025

ငရဲတမျှ

4 mins read
Novel
ငရဲတမျှ's photo

ငရဲတမျှ
အပိုင်း ၆

ထိုမိန်းကလေးနဲ့အတူကားစီးလာတာ အတော်လေးကြာတော့ သူကစကားစလာတယ်
"ညီမလေး ဘာဖြစ်ခဲ့တာလဲအမကိုပြောပြပါလား"
"ဟုတ် ဒါမယ့် ညီမပြောတာတွေအကုန်လုံးကအမှန်တွေပါ ယုံပေးပါနော် ညီမက......."
ကျွန်မဖြစ်ကြောင်းကုန်စင်အကုန်ပြောပြလိုက်တယ် ထိုမိန်းကလေးမျက်နှာမှာအံ့ဩမှုအထင်းသားတွေ့ရပြီး ကျွန်မကိုယုံကြည်တာမြင်ရတာကြောင့်ကျွန်မစိတ်အေးရတယ်
"ညီမလေး ဒါဆို အခုဘယ်သွားမလည်း အမအိမ်မှာလိုက်နေမလား "
"တကယ်လားဟင် ကျေးဇူး ကျေးဇူးပါနော်အမရယ် ညီမ တကယ်ကို အကူညီမရှိတော့ပါဘူး သူနဲ့လဲမနေချင်ဘူး ကလေးကိုညီမတယောက်ထဲမွေးနိုင်ပါတယ် ကျေးဇူးမမေ့ပါဘူးအမရယ် ညီမကိုရဲစခန်းပို့ပေးပါလားဟင် အဲ့ကိုအရင်သွားမှရမှာ အဲ့အိမ်မှာလူတယောက်ဖမ်းခံထားရတယ်"
"ညီမလေးပြောတာသူတို့ယုံပါ့မလား အမဆီဘဲအရင်လိုက်ခဲ့ပါလား"
"ဒါမယ့် "
"စိတ်မပူပါနဲ့ညီမလေးရယ် သူလဲရဲတယောက်ဘဲဟာ သူ့ကိုယ်သူကာကွယ်နိုင်မှာပါ "
"ဟုတ်တော့ဟုတ်ပေမယ့် ဟင် "
ကျွန်မပြောတဲ့စကားထဲ ဖမ်းခံထားရတာ ရဲဆိုတာမပါသေးပေမယ့် ထိုမိန်းကလေးကသိနေတယ်
"ဘာဖြစ်လို့လဲညီမလေး "
"ရှင် မ မဖြစ်ပါဘူး ဟို ညီမဒီမှာဘဲဆင်းလိုက်ပါ့မယ် ဒီမှာဘဲချပေးပါနော်"
"သော်လင်းက ခေါ်ထားပေးလို့ပြောထားတယ် ကောင်းကောင်းလိုက်ခဲ့နော် "
"ဟင် မဟုတ်ဘူး ဘာလို့"
ကျွန်မသတိရတယ်ဆိုတံခါးဖွင့်ပေမယ့် တံခါးကလော့ချထားတယ် ထိုမိန်းကလေးတကယ်ဘဲဘယ်သူလဲ လူသတ်သမားတွေဘယ်လောက်တောင်ရှိနေတာလဲ ချက်ချထားတာကြောင့်ဘယ်လိုမှဖွင့်မရ ကျွန်မဖွင့်နေတုန်း ကားတစီးကျွန်မတို့ကားရှေ့ရောက်လာတယ် ထိုကားကိုကျွန်မမှတ်မိတာပေါ့ သော့်ရဲ့ကားလေ မကြာပါ သော်ကထိုကားပေါ်မှဆင်းလာကာ ကျွန်မဆီလာတော့သည်
"ကယ်ပါ ကယ်ကြပါ မလာပါနဲ့ "
ကျွန်မကားပေါ်မှာရှိတဲ့ပစ္စည်းတွေထဲ ဝက်အူလှည့်တွေ့တာကြောင့် သူတို့မသိအောင်ကျွန်မလက်ထဲဆုပ်ထားလိုက်တယ်
"ယမင်း တံခါးဖွင့်"
သော်ပြောတော့သူတံခါးဖွင့်ပေးလိုက်ပြီး သော်ကကျွန်မဆီလာတယ်
"အသက် ဘာလို့အဓိပ္ပါယ်မရှိတာတွေလုပ်နေတာလဲ လာ ပြန်မယ်"
"သော်လင်းနင်ကလည်းကြာလိုက်တာ ကြီးမေရောနေကောင်းလား "
ကြီးမေဆိုတော့ အမေ့တူမပေါ့ သူဒီကိစ္စတွေသိပြီးသားလား
"အေး ကျေးဇူးဘဲ လိုက်ဦးမလားနင် "
"တော်ပြီငါသွားစရာရှိသေးတယ် ဒါနဲ့ နင့်မိန်းမအရမ်းကြောက်နေတယ်နော် ဂရုစိုက်ဦး သေချာရှင်းပြလေ မရှင်းပြရသေးဘူးလား "
"အချိန်မရလို့ပါ ငါပြောမှာပါ"
"အေး အော်ဒါနဲ့ဟိုရဲကိုကိစ္စမရှင်းရသေးဘူးလား အမြန်ရှင်းလိုက်ပြသနာတက်မယ်"
သော်ကခေါင်းငြိမ့်ပြလိုက်ပြီးကျွန်မကိုတွဲသည် သူတို့အတွက်လူတယောက်ကိုသတ်ဖို့ကအရမ်းလွယ်လွန်းနေတယ်မဟုတ်လား ကျွန်မသော်နဲ့ကားပေါ်တက်ပြီး လက်ထဲကဝက်အူလှည့်ကို ဝှက်ထားလိုက်တယ် အန္တာရာယ်ကြုံရင်ကျွန်မကလေးအတွက်အရဲစွန့်ရမှာ
"အသက် မင်းကို့ကိုတောင်မယုံတော့ဘူးလား "
"....."
"တခုခုပြောအသက် ဟမ် မင်းဗိုက်ထဲမှာကို့ကလေးရှိတာမေ့သွားပြီလား "
"မမေ့ဘူး ကျွန်မကလေး ရှင့်လိုလူသတ်သမားရဲ့ကလေးမဟုတ်ဘူး "
"ဘာ အသက် ကို့ကိုဘယ်လိုပြောလိုက်တာ ကို့ကိုကြည့်စမ်း"
"ဘာလဲ ကျွန်မကိုရောသတ်မလို့လား "
"မင်းနားမလည်ဘူးအသက် မင်းဘာမှမသိဘူး ကိုမင်းကိုကာကွယ်ပေးနေတာ မင်းကို့ကိုယုံစမ်းပါအသက်ရယ် မနက်ဆိုကိုမရှိတော့ဘူး မင်းကိုဘယ်လိုစိတ်ချပြီးထားခဲ့ရမှာလဲ"
မနက်ဖြန်ဆိုသော်သဘော်တက်တော့မှာ အမှန်ပြောရရင် သော်တယောက်သာကျွန်မကိုအန္တာရာယ်မပေးမယ့်လူဆိုတာကျွန်မခံစားမိပါတယ်
"ရှင်းပြလေ ဘာလိုဒီလိုတွေလုပ်နေတာလည်းဆိုတာ ကျွန်မကိုရှင်းပြ "
"အသက်ကိုပြောတာတွေကြားပြီး ကို့ကိုရွံမယ်ဆိုရင်လည်းရွံနိုင်တယ် မုန်းနိုင်တယ် ဒါမယ့် အိမ်ကနေထွက်မသွားပါနဲ့ မင်းအသက်အန္တာရာယ်ရှိလာလိမ့်မယ် ကိုတို့မိသားစုကအသက်ကိုပြောခဲ့သလိုဘဲ အဘိုးကနေမွေးတာအဖေတယောက်တည်းမွေးတယ် အမေ့ကိုယူပြီးတဲ့ချိန် အမေ့မှာပြသနာရှိနေမှန်းသိတော့ အမေနဲ့အဖေ့ကိုကွာရှင်းဖို့အထိလုပ်ခဲ့တယ် ခွဲခဲ့တယ် အဲ့ပြသနာက အမေကမွေးတည်းက လူအသားစားတာ တနှစ်ကိုတယောက်မစားရရင်အမေအပြင်းဖျားတယ် အဖေနဲ့ယူပြီး အမကိုမွေးတဲ့အချိန် အဘိုးကဒီအကြောင်းသိသွားတယ် အဖေကိုယ်တိုင်ကဖုံးကွယ်ပေးထားတာမို့ ၂ယောက်လုံးကို ကွာရှင်းခိုင်းပြီးအဖေ့ကိုနိုင်ငံခြားပို့လိုက်တာ အဲ့ထဲကအဖေကနောက်အိမ်ထောင်ပြုသွားတာ အမေကအဘိုးကိုနာပြီး သူကလဲ့စားချေတဲ့အနေနဲ့အဘိုးကိုသတ်ခဲ့တယ် အဲ့ချိန်ကိုမွေးပြီ အဘိုးသေတော့ကိုတို့တွေဒီအိမ်ကိုအမွေရခဲ့တယ် အဖေကအဲ့ချိန်တည်းကတခါတောင်ပြန်မလာခဲ့ဘူး အမေဘာလို့အသားတွေနေ့တိုင်းစားလဲအသက်အခုသိပြီလား"
သော်ပြောတာတွေကြားပြီး ကျွန်မအမေ့ကိုကြောက်လာမိတယ် သူနေ့တိုင်းစားနေတာအမဲသားမဟုတ်ဘဲလူအသားတဲ့လား
"အသက်ကြောက်တယ် အသက် အသက်အဲ့အိမ်မှာမနေချင်ဘူး သော် ကယ်ပါ အသက်မနေရဲဘူး"
"အသက်ကိုပြောတာနားထောင်ပြီး ငြိမ်ငြိမ်လေးနေရင်ဒီလိုဖြစ်မှာမဟုတ်ဘူး အခုအမေ့ဆီပြန်သွားမှရမှာ ကို့ကိုယုံ ဒီတခေါက်ပြန်လာရင်အိမ်ခွဲကြမယ် နော်"
"ဟင့်အင်း ကြောက်တယ် မထားခဲ့ပါနဲ့ "
"အမေကအသက်ကိုချစ်ပါတယ် ဘာမှမလုပ်ဘူး အသက်ကလဲဘာမှမလုပ်နဲ့ ဒီတိုင်းနေပုံမှန်ဘဲနေ ကြားလား"
"အမေကဘာလို့လူကိုစားတာလဲဟင် "
"အမေတို့တမျိုးလုံး ကလေးအစလူကြီးအဆုံးလူသားစားကြတယ် အစပိုင်းမှာသေခါစလူရဲ့အသားစားတယ် နောက်ပိုင်း သေခါနီး တဖြည်းဖြည်းနဲ့လူသတ်စားတာ ဒါမစားရင်အသက်မရှင်နိုင်ဘူး ကိုအမေ့ကိုအသေခံရမှာလား"
"ဒါပေမယ့် လူတွေအများကြီးကိုသတ်ပြီးမှအသက်ရှင်ရတာကမဟုတ်ဘူးလေသော်ရယ် အပြစ်မှမရှိဘဲ "
"ဒါဆိုကိုဘာလုပ်ရမှာလဲ အမေကိုကူညီပေးရုံကလွဲလို့ကိုမတတ်နိုင်ဘူး အမေလေအသက်ရဲ့ကို့အမေ "
သော်ကပြောရင်းကျွန်မရင်ဘက်ထဲတိုးလာကာငိုသည် ကျွန်မဘာမှမတတ်နိုင်
"သော် ရဲကိုရောသတ်မှာလားဟင် "
"သူ့ကိုမသတ်ရင် ကိုတို့တမိသားစုလုံးထောင်ထဲသွားရမှာ အခုချိန်ထိသူ့ကိုအရှင်ထားထားတယ်ဆိုတာအမေသဘောဘဲ ကိုနဲ့မဆိုင်ဘူး အသက်ကို့ကိုကတိပေးပါ သူ့ကိုမကူညီဘူးလို့"
ကျွန်မခေါင်းငြိမ့်ပြလိုက်ပါတယ် ဒါမယ့်အပြစ်မရှိသူကိုဘယ်လိုများမျက်နှာလွှဲရက်မှာလဲ....
"အသက် ပြန်လာပြီလား မျက်နှာမကောင်းပါလား ဘာဖြစ်လို့လဲ ကလေးအခြေနေရော"
"ကောင်းပါတယ်အမ အသက်နေသိပ်မကောင်းလို့လေ အမေရောအိပ်ပြီလား "
"အင်း အိပ်သွားပြီ ဘာမှမတွေးနဲ့နော်အသက်နားလိုက်"
အမကကျွန်မကိုပြုံးပြရင်း အခန်းထဲဝင်သွားသည် သူတို့လဲမတတ်သာလို့ဒီလိုလုပ်ရတာလို့ပြောပြနေသလိုပင် ဒါပေမယ့် ကျွန်မကြောက်ဆဲပင် အမကတခါတလေအရမ်းကြောက်စရာကောင်းတယ်
။။။။။။။
သော်နဲ့ကျွန်မ ညဘက်အထိမအိပ်ဘဲ ကျွန်မသိချင်သမျှတွေကိုမေးတယ် သော်ကအကုန်လုံးကိုပြောပြခဲ့တယ် အရင်ကသော်ကအမေလူမသတ်အောင် မှောင်ခိုစျေးကွက်ကနေ လူ့ကလီစာတွေဝယ်ပေးခဲ့ပေမယ့် သော်သဘော်တက်တုန်းဒေါ်ထားထားကိုသတ်လိုက်တာဖြစ်တယ် ဟိုးအရင်နှစ်တွေကလည်း သော်ဝယ်ပေးရင်းကို အမေကစိတ်မရှိရင်မရှိသလို လူသတ်သည်ဟုဆိုသည် ကြားထဲလူပျောက်အမှုတွေနဲ့လာစုံစမ်းသမျှကို အမနဲ့သော်က ဒိုင်ခံဖြေရှင်းနေပေမယ့် တချို့သက်သေရှိတာမျိုးဆိုမတတ်သာဘဲ ယခုရဲလိုမျိုးဖမ်းချုပ်ထားရတယ် သော်နဲ့အမ ကွာခြားတာက အမကအမေ့ကိုမတားဘဲ အမေလုပ်ချင်သမျှကိုအားပေးတာ ယခုချိန်ထိ ဒီလိုအေးအေးလူလူနေနိုင်တာ ကံကောင်း၍ဟုဆိုရမည် သော်ကဒီအလုပ်တွေကနေကင်းလွတ်ချင်ပြီဖြစ်တာကြောင့်ကျွန်မနဲ့အိမ်ခွဲ​နေဖို့ သဘော်တက်နေရတာဖြစ်ကြောင်းရှင်းပြခဲ့တယ် အမတို့ရှေ့မှာလူသတ်တဲ့အလုပ်ကိုမနှစ်သက်ပေမယ့် ဟန်ဆောင်နေရကြောင်းပါပြောပြခဲ့တယ်
"သော် အသက်တောင်းပန်ပါတယ်နော် အသက်မသိခဲ့လို့ပါ "
"မလိုပါဘူးအသက်ရယ် ကိုကိုယ်တိုင်လဲသွေးစွန်းတဲ့အလုပ်တွေလုပ်နေတာဘဲလေ ကိုတို့ကလေးလေးကို ဒါတွေမမြင်ရအောင်စောင့်ရှောက်ကြမယ်နော် ကို့ကိုကတိပေးပါ ဒီကိစ္စတွေနဲ့ဝေးဝေးနေပါ့မယ်လို့ "
"အင်းကတိပေးပါတယ် အသက်ရှောင်ပါ့မယ်"
။။။။။။
။။။။။။
သော်ကလေယာဥ်ပေါ်မတက်ခင်အထိ ကျွန်မကိုကတိအထပ်ထပ်တောင်းကာ ဂရုစိုက်ဖို့မှာခဲ့တယ်
ကျွန်မသော့်ကိုလိုက်ပို့ပြီးအိမ်ပြန်လာတော့ အမေကခြံထဲမှာကျွန်မစိုက်ထားတဲ့အပင်လေးတွေကိုကြည့်နေတယ်
"သမီး ပြန်လာပြီလား "
"ရှင် ဟုတ်"
ကျွန်မခပ်သွက်သွက်နှုတ်ဆက်ကာအခန်းထဲဝင်ခဲ့တယ် အမကထုံးစံအတိုင်းအခန်းထဲမှာစာသင်နေတယ် အိမ်ကြီးကခြောက်ကပ်နေပြီး အရင်ကထက်အထီးကျန်ဆန်လွန်းတယ်
ကျွန်မထိုအခန်းကိုကြည့်တော့အရင်လိုဘဲသော့ခတ်ထားတယ် ကျွန်မကြည့်နေတုန်းအမကရောက်လာပြီး
"အသက် အမနဲ့လိုက်ခဲ့"
ထိုသို့ဆိုကာကျွန်မကိုအခန်းထဲခေါ်သွားတယ် အထဲမှာရဲကကြမ်းပြင်ပေါ်လဲနေပြီး အသက်ပင်ရှူတော့ပုံမရ ကျွန်မလန့်သွားမိသည်
"အသက်က ဒီအိမ်ရဲ့ချွေးမဆိုတော့ ဒါတွေကိုရင်းနှီးနေရမယ် သော်လင်းပြောပြထားတယ်မလား ရော့ ရေနဲ့ပက်လိုက်"
ကျွန်မ အမပေးသောရေခွက်ကိုယူကာ ရဲကိုပက်လိုက်သည်
"အွတ် ..အွင်း"
ကျွန်မထိုရဲရဲ့အကြည့်ကိုရင်မဆိုင်ရဲပါ
"ကြည့်အသက် သူ့ကိုသေချာကြည့် ဘာလဲ ငါတို့တစ်မိသားစုလုံးထောင်ထဲပို့မယ့်သူကို ကယ်ချင်လို့လား ဖွင့်လိုက်ပါးစပ်ကို"
ကျွန်မလက်များတုန်ယင်နေမိတယ် စိတ်ထဲမှာအထပ်ထပ်ခါခါတောင်းပန်နေတာ သူသိရင်ကောင်းမှာပါ
"မင်း ဘယ်လိုလုပ် မင်းကပါ လူသတ်သမားဖြစ်နေတာလား"
ကျွန်မခေါင်းခါပြမိပေမယ့် ထိုလူပြောတာမှန်နေတာမလား ကျွန်မ မခံမရပ်နိုင်မှုတွေကိုမျက်ရည်အဖြစ်သာပြောင်းလဲစီးဆင်းစေလိုက်တယ်
"စကားအပိုပြောမနေနဲ့ သောက်လိုက် ငါမသတ်ရင်တောင် နင်သေမှာဘဲ ငါသတ်တာခံချင်လား ကိုယ်ဘာသာသေမလား တခုရွေး "
အခု အဆိပ်သောက်ခိုင်းနေတာမဟုတ်လား ရက်စက်လိုက်တာ
"အမ ဘာလို့ "
"အသက် နင်ပါးစပ်ပိတ်ထား "
"မလုပ်ပါနဲ့အမရယ် သူ သူဘာမှပြောမှာမဟုတ်ပါဘူး အဲ့လိုမလုပ်ပါနဲ့ လွှတ် လွှတ်ပေးလိုက်ပါအမရယ် အသက်တောင်း"
ရုတ်တရက် အမရဲ့လက်ဖဝါးတဖက်ကျွန်မပါးပေါ်ပြင်းထန်စွာကျရောက်လာခဲ့ပြီး ကျွန်မကြမ်းပြင်ပေါ်လဲကျမိသွားသည်
"လျှာမရှည်နဲ့ နင်ကငါ့ယောင်းမပေမယ့် သူစိမ်းဘဲ သော်လင်းမရှိဘူးဆိုတာသတိရ ဟဲ့ သောက်လို့ပြောနေတယ်မလား "
ကျွန်မအမလက်ထဲမှဆေးခွက်ကိုယူကာ လွှင့်ပစ်လိုက်သည်
"ဟင် ကောင်မ နင်ကများ "
သူကျွန်မဆံပင်ကိုဆွဲကာ နံရံနဲ့ရိုက်လိုက်သည် ကျွန်မတစ်ခေါင်းလုံးမူးဝေကာ ခွေကျသွားသည် အမကကျွန်မကိုသေချာကြည့်ပြီး အခန်းထဲထားခဲ့တော့သည် အမနောက်ကျောပြင်ဟာတဖြေးဖြေးမှေးမှောင်သွားတော့သည်......

အပိုင်း ၇မနက်တင်ပါ့မယ်ရှင့်
ချစ်သောreaders လေးတွေ😘



Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုး"သွားပါ...ကလေးငယ်"မေတ္တာမဏ္ဍိုင်မျက်နှာကို တော်တော်တည် ထားသည်ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ ရှန်ဂရီလာ"သည်မိုး"တစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲ" စကားလက်ဆောင် ( ၁၀၀ )"