SarPhat Author
မြန်မာဗျည်းအမည်တွေနဲ့ သိမှတ်ရာရာ
****
မြန်မာဗျည်း ၃၃ လုံးရဲ့ အမည်နဲ့ ရေးသားပုံတွေ၊ ကိန်းဂဏန်း (၁၀ မျိုး) ရေးသားပုံတွေ၊ မြန်မာသရရေးသားပုံ စတာတွေမှာ စနစ်တကျ သတ်မှတ်ထားတဲ့ ရေးထုံးစည်းစနစ် ရှိပါတယ်။ မြန်မာတွေအနေနဲ့ မြန်စာလုံးတွေကို ဘယ်လို စနစ်တကျ ရေးသားရတယ် ဆိုတာ သိမှတ်ထားသင့်တာပဲ မဟုတ်လား။ ဒါကြောင့် ကျကျနန လေ့လာမှတ်သားနိုင်ဖို့ မြန်မာအဘိဓာန်ပါ ဖော်ပြထားပုံကနေ လေ့လာကြည့်နိုင်ပါတယ်။
တကယ်တော့ မြန်မာတစ်ယောက်အနေနဲ့ ကိုယ့်မြန်မာအက္ခရာ ရေးသားပုံတွေကို ပိုင်ပိုင်နိုင်နိုင် သိမှတ်ထားတာက ဂုဏ်တက်စရာတစ်ခုပါ။ လက်တွေ့မှာတော့ စာသင်သားတွေက လွဲရင် ကွန်ပျူတာလက်ကွက်တွေ၊ ဖုန်းလက်ကွက်တွေနဲ့ နှိပ်ရေးနေကြတာ ဖြစ်လို့ မြန်မာအက္ခရာ ရေးသားပုံတွေကို တိတိပပ မသိရင်လဲ ဘာမှ အခက်ကြုံစရာ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ ဗျည်း၊ သရ ရေးသားပုံတွေကို ကျကျနန လေ့လာလိုသူတွေအဖို့ ဘယ်လို ရစ်ရ၊ ဝိုက်ရမလဲလို့ မြားတွေနဲ့ ဖော်ပြထားတာမို့ မြင်မြင်သာသာ လေ့လာကြည့်နိုင်ပါတယ်။
အေးကျော်မင်း
၂၁-၂-၂၀၂၅
Keep Reading