Author's Profile Photo

Kaung Set Lwin

20/02/2025

အမည်မသိရောင်ခြည်

1 min read
General Knowledge
History
Science
အမည်မသိရောင်ခြည်'s photo

ကမ္ဘာပေါ်မှာ ရှာဖွေတွေ့ရှိမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေတာတော့ အမှန်ပဲ။ အသုံးဝင် အကျိုးရှိတွေလည်း ပါသလို ဗဟုသုတရစရာတွေလည်း ပါတာပေါ့။ အချို့ဟာတွေဆို တော်တော်အံ့သြစရာကောင်းလွန်းလို့ကျွန်တော်တို့ ကိုယ်တိုင် အစပိုင်းမှာ မယုံနိုင်၊ မျက်ဝါးထင်ထင် သက်သေပြလိုက်တော့မှ ချီးကျူးဂုဏ်ပြုကြရတာတွေလည်း အများကြီး။

အဲဒီလိုတွေ့ရှိမှုတွေထဲမှ အမည်မသိရောင်ခြည်တန်းတစ်ခုအကြောင်း ပြောပြရမယ်ဆိုရင်...



အချိန်က ၁၈၅၉ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့၊ "Whichen Rontgen"ဆိုတဲ့ ဂျာမန်သိပ္ပံပညာရှင်တစ်ယောက်က ကတ်သုတ်အလင်းတန်း (Cathode Ray) တွေကို သုတေသနလုပ်နေတဲ့ အချိန်ပေါ့။ သူအဲဒီအလင်းတန်းကို သုတေသနေလုပ်ဖို့ အခန်းမီးတွေ မှိတ်လိုက်တယ်၊ ပြီးတော့ သူ့ရဲ့လေဟာနယ်ဖန်ပြွန်ကို ကတ်ထူစက္ကူပုံးထဲကို ထည့်၊ ပြီးတော့ ဝိုင်ယာကြိုးတွေကတစ်ဆင့် လျှပ်စစ်ဓါတ်ပေးလိုက်တယ်။


အဲဒီလို စမ်းသပ်ကြည့်နေတဲ့ အချိန်မှာ သူအလင်းတန်းတစ်ခုကို သတိထားမိလိုက်တယ်။ အလင်းတန်းဆိုပေမယ့် ရောင်ခြည်တစ်ခုပေါ့။ အဲဒီရောင်ခြည်က ကတ်ထူပြားပေါ်က ဘေရီယမ်ဓါတ်သတ္တုတစ်မျိုး (Barium Platinocyanide)နှင့်ဓါတ်ပြုပြီး ထွက်ပေါ်လာတယ်ဆိုတာ သိလိုက်ရတယ်။ အခုမှတွေ့တာဖြစ်လို့ ဘာရောင်ခြည်မှန်းလည်း သူမသိ။ အဲဒီတော့ သူက အဲဒီရောင်ခြည်ကို သင်္ချာမှာဆို မသိကိန်းကို များသောအားဖြင့် x ထားသလိုမျိုး အမည်မသိရောင်ခြည်ဆိုပြီး "X-RAY"လို့ နာမည်ပေးလိုက်ပါတော့တယ်။



အဲဒီလို ရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာ X-Rayကို သုတေသနလုပ်ကြည့်တယ်။ အစတုန်းက အရာဝတ္ထုတွေကို ဖောက်သွားနိုင်တယ်ဆိုတာပဲသိတာ၊ စူးစမ်းလေ့လာချင်တဲ့စိတ်နဲ့ လက်ကို X-Rayထွန်းကြည့်လိုက်တဲ့ အခါမှာတော့ မခွဲမစိတ်ဘဲနဲ့ ပထမဆုံးကိုယ့်ရဲ့ လက်ထဲကအရိုးတွေကို မြင်ရတဲ့သူဖြစ်လာပါတော့တယ်။ သူ့ရဲ့ ရှာဖွေတွေ့ရှိမှုကို လူထုရှေ့မှာ ချပြလိုက်တဲ့အခါ တော်တော်လေးနာမည်ကြီးသွားခဲ့ပါတယ်။
သတင်းစာတွေမှာလည်း နာမည်ကြီးသွားသလို၊
အင်္ကျီအဝတ်အစားဆိုင်တွေကတောင် X-Rayမပေါက်နိုင်တဲ့ အဝတ်အစားတွေ ရောင်းလာကြပါသတဲ့။ နှစ်အနည်းငယ်အတွင်းမှာ သူ့ရဲ့X-Rayဟာ ဆေးပညာနယ်ပယ်အထိရောက်ရှိသွားပြီး ဒီနေ့အချိန်အထိ လူသားအကျိုးပြု အရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

ဒီလောက်ဆိုရင် စာဖတ်သူလည်း အမည်မသိရောင်ခြည် (ဒါမှမဟုတ်) X-Rayတွေ့ရှိမှုအကြောင်း သိရှိသွားကြပြီလို့ထင်ပါတယ်။ နောက်ဆောင်းပါးတွေမှာလည်း ဗဟုသုတရစရာအကြောင်းအရာတွေကို စိတ်ဝင်စားဖွယ်ရေးသားတင်ပြသွားမှာဖြစ်လို့
Followလုပ်ခဲ့ဖို့ မမေ့ကြပါနဲ့နော်။





  • 5: 55 P.M

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး "ဂ" နှင့်သက်ဆိုင်သော သတ်ပုံများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levels