SarPhat Author
တချို့ကျောင်းသူတွေကMotivationတွေနားထောင်ပြီးစာလုပ်ကြလေ့ရှိပါတယ်။တချို့ကျောင်းသားတွေကြတော့လည်း Motivation တွေနားထောင်ပေမယ့်စာမလိုက်နိုင်ဘူးစာမကျက်နိုင်ကြပါဘူး။ဒါကြောင့်Motivationမလိုတယ့်စာလုပ်နည်းတစ်မျိုးကိုမျှဝေပေးသွားပါမယ်။
Top No.1အတန်းဖော်တွေနှင့်အတူဆွေးနွေးပါ။
အတန်းဖော်တွေနှင့်အတူတကွစာဆွေးနွေးလေ့လာတိုင်ပင်ကြည့်ပါ။စာကိုအရင်နားလည်အောင်ဖတ်ပါ။နားလည်သွားပြီဆိုရင်နားမလည်သေးတယ့်အတန်းဖော်တွေကိုသေချာရှင်းပြပါ။အဲ့လိုရှင်းပြတော့ကိုယ်ကစာကိုနှစ်ခါနားလည်သွားပြီးဦးနှောက်က အမြဲမှတ်မိနေမှာဖြစ်ပါတယ်။ဒိီလိုစာလုပ်တာက Motivation မလိုတော့ပါဘူး။
Top No.2စာလ်ိုက်နိုင်တယ့်အတန်းဖော်တွေနဲ့စာအတူလုပ်ပါ။
သင်ကစာမရဘူးဆိုရင်စာရတယ့်စာအမြဲလုပ်တယ့်အတန်းဖော်တွေနဲ့ခင်မင်ရင်းနှီးအောင်လုပ်ပြီးကိုယ်နားမလည်တယ့်စာတွေပြန်ရှင်းပြခိုင်းနိုင်ပါတယ်။ဒါကလည်း Motivation မလိုတယ့်စာလုပ်နည်းတစ်မျိုးဘဲဖြစ်ပါတယ်။
Top No.3အချိန်ဇယားဆွဲပြီးစာလုပ်ပါ။
အချိန်ဇယားဆွဲပြီး စာလုပ်ခြင်းကလည်း Motivation မလိုတယ့်စာလုပ်နည်းတစ်မျိုးပါ။နောက်ပြီးတော့ စာကို1နာရီလောက်ကြည့်ပြိး15မိနစ်Break time ပေးပါ။
Top No.4စာကိုရေးကျက်ပါ။
ဒါက လွယ်တော့မလွယ်ပါဘူး။ရေးကျက်တယ်ဆိုတာအတော်ခက်တယ့်စာလုပ်နည်းတစ်မျိုးပါ။ဘယ်လိုရေးကျက်လည်းဆိုတော့စာအပုဒ်ကြီးတစ်ပုဒ်ကိုအပိုဒ်တစ်ပိုဒ်ချင်းဆီကိုခွဲပြီးစာအုပ်ထဲမှာချရေးရပါတယ်။တစ်ပိုဒ်ချင်းစီရအောင်ကျက်ပြီးတော့စာအုပ်ထဲမှာအပိုဒ်တွေစုလိုက်ပြီးအလွတ်ချရေးလိုက်တယ့်ပုံစံမျိုးပါ။ဒါကတော့ကျွန်မကျက်နေကြနည်းလမ်းလေးတစ်ခုပါ။
Top No.5အရင်ဦးဆုံးနားလည်အောင်လုပ်ပါ။
ဒါကလည်း Motivation မလိုတယ့်စာလုပ်နည်းတစ်မျိုးဘဲဖြစ်ပါတယ်။စာကိုကြက်တူရွှေးအော်သလိုအရင်ဦးဆုံးမကျက်ဘဲစာကိုသေချာဖတ်ပြိးနားလည်အောင်လုပ်တယ့်ပုံစံမျိုးပါ။ပြီးတော့လက်အမှုအရာနဲ့တစ်ခြားတစ်ယောက်ကိုနားလည်အောင်ရှင်းပြနေသလိုမျိုးလုပ်ပါ။လက်အမှုအရာပြပြီး နားလည်အောင်စာလုပ်ခြင်းကလည်း ဦးနှောက်မှာအမြဲအမှတ်ရနေတက်ပါတယ်။
Nandar
Keep Reading