Author's Profile Photo

SarPhat Author

20/02/2025

စကားလုံးတွေရဲ့ အဓိပ္ပာယ်

1 min read
Education
စကားလုံးတွေရဲ့ အဓိပ္ပာယ်'s photo

စာတွေ ရေးတဲ့အခါ စံစာလုံးပေါင်းတင်မက အဓိပ္ပာယ်ပါ တိတိပပ ထိထိမိမိ ဖြစ်ဖို့ ဆိုရင် 'မြန်မာအဘိဓာန်'ကို ဆောင်ထားရပါမယ်။ အချို့စကားလုံးတွေက တစ်လုံးတည်းမှာကို အဓိပ္ပာယ် တစ်မျိုးမက ကွဲပြားခွဲခြား ရှိနေတာ၊ အချို့စကားလုံးချင်းက ဆင်သလိုလိုနဲ့ အဓိပ္ပာယ် အတိမ်အနက် ကွာတာ၊ အချို့စကားလုံးတွေက စာလုံးပေါင်း မတူပေမဲ့ အဓိပ္ပာယ်ချင်း တူတာ စသဖြင့် သိမှတ် လေ့လာစရာတွေ အများကြီး ရှိပါတယ်။
'ပန်း' ဆိုတဲ့ နာမ် ဆိုရင် အဓိပ္ပာယ်အထွေထွေ ရှိတာကြောင့် သူ့အဓိပ္ပာယ်တွေကို သိထားမယ် ဆိုရင် 'ပန်း ပန်တယ်၊ ပန်း ဝင်ပြီ၊ ပန်းသေတယ်၊ ပန်းလက်ရာ' စသဖြင့် ကိုယ် ရည်ညွှန်းလိုတဲ့ အဓိပ္ပာယ်နဲ့ အံဝင်အောင် သုံးနိုင်ပါတယ်။ 'ချို့ယွင်း၊ ချွတ်ယွင်း'တို့ဟာ အဓိပ္ပာယ် ဆင်သယောင်ယာင် ထင်ရပေမဲ့ 'ချို့ယွင်း'ဟာ တစ်စိတ်တစ်ပိုင်း ပျက်စီးတာ (သုံးလို့ ရသေးတာ) မျိုးကို ဆိုလိုပြီး 'ချွတ်ယွင်း'ကတော့ အလုံးစုံ ပျက်စီးတာ (သုံးလို့ မရတော့တာ) မျိုးကို ဆိုလိုတာကြောင့် ကိုယ် ရည်ညွှန်းလိုတဲ့ အဓိပ္ပာယ်နဲ့ အံဝင်တဲ့ စကားလုံးမျိုးကို ရွေးသုံးနိုင်ပါတယ်။ 'ဆိုးဝါး'နဲ့ 'ဆိုးရွား'တို့ကျတော့ စာလုံးပေါင်းချင်း မတူပေမဲ့ အဓိပ္ပာယ်ချင်းကျတော့ အတူတူပဲမို့ နှစ်သက်ရာ စကားလုံးကို သုံးလို့ ရပါတယ်။
ဒီလိုမျိုး ဆိုလိုရင်း အဓိပ္ပာယ် အံဝင် ထိမိ လျော်ကန်အောင် သုံးနိုင်ဖို့ ဆိုရင် 'မြန်မာအဘိဓာန်'ကို ဆောင်ထားရပါလိမ့်မယ်။ ဆော့ဖဝဲအနေနဲ့လဲ ရှိပြီး စာအုပ်အနေနဲ့ ဆိုရင်တော့ ၂၀၁၈ မှာ တတိယအကြိမ် တည်းဖြတ်ထုတ်ဝေတဲ့ မူနဲ့ နောက်ပိုင်း ပြန်ထုတ်တဲ့ စာအုပ်တွေကို ဆောင်ရပါမယ်။

အေးကျော်မင်း
၂၀-၂-၂၀၂၅

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?