Author's Profile Photo

Dream for GREEN - Myanmar

20/02/2025

"Light Pollution" ဆိုတာ ဘာလဲ? 🤔

1 min read
General Knowledge
Environment & Sustainability
"Light Pollution" ဆိုတာ ဘာလဲ? 🤔's photo

Greenies လေးတို့ရေ … 🍀

🔆 "Light Pollution" အလင်းရောင် ညစ်ညမ်းမှု ဖြစ်စေတယ် ဆိုတာ ဘာကိုပြောတာလဲ သိပါသလား?
✅ အဓိက အကြောင်းရင်းကတော့ ညဘက်မှာ မလိုအပ်ပဲ ဖွင့်ထားတဲ့ မီးသီး၊ မီးလုံးနဲ့ မီးချောင်း စတဲ့ အလင်းရောင်တွေကြောင့် အလင်း ညစ်ညမ်းမှု ဖြစ်ရပါတယ် ...

🔆 အလင်း ညစ်ညမ်းမှုက ဘယ်အရာတွေကို ထိခိုက်မှု ဖြစ်စေသလဲ?
✅ ညဘက် စူးရှတောက်ပလွန်းတဲ့ မြို့ပြရဲ့ မီးအရောင်တွေကြောင့် ကမ္ဘာမြေကြီးကို သဟဇာတ ဖြစ်စေတဲ့ အင်းဆက်တွေရဲ့ သဘာဝဖြစ်စဉ်တွေကို နှောင့်နှေးပျက်စီးစေတဲ့အပြင်ကို ကမ္ဘာ့သက်ရှိတွေအတွက် အလွန်အရေးပါတဲ့ သစ်ပင်လေးတွေရဲ့ Photosynthesis အလင်းမှီစု အစာချက်တဲ့ လုပ်ငန်းကို ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်စေပါတယ် ...
✅ ဒါ့အပြင် ညအလင်းရောင်တွေဟာ ပင်လယ်လိပ်တွေရဲ့ ဥဥခြင်းဖြစ်စဥ်ကို အနှောင့်အယှက်ဖြစ်စေပြီး ငှက်တွေ အုပ်စုလိုက် ပျံသန်းခြင်းနဲ့ ရွှေ့ပြောင်းနေထိုင်တဲ့ ဖြစ်စဉ်အတွက် အတားအဆီး ဖြစ်စေပါတယ် ...

🔆 အလင်း ညစ်ညမ်းမှုကြောင့် ဒို့တွေရဲ့ ကမ်ဘာမြေကို ဆိုးကျိုးတွေ မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ?
✅ နေ့ဘက် ညဘက်တွေမှာ မလိုအပ်ပဲ ဖွင့်ထားတဲ့ မီးတွေကို ပိတ်ပေးပါ ...
✅ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေမယ့် LED မီးလုံးနဲ့ CFL မီးလုံးတွေကို အသုံးပြုပေးပါ ...

ဒါတွေ လုပ်ခြင်းအားဖြင့် တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ နှစ်စဉ် ၂% လောက်တိုးလာနေတဲ့ အလင်း ညစ်ညမ်းမှုကို လျှော့ချနိုင်မယ့်အပြင် စွမ်းအင် အသုံးစရိတ် ချွေတာရာလဲ ရောက်တာမို့ သတိတရနဲ့ နေ့စဉ်မပြတ် လုပ်ဆောင်ကြရအောင်နော် 💚


ကိုးကားချက် (References):
https://www.unep.org/news-and-stories/story/global-light-pollution-affecting-ecosystems-what-can-we-do
https://greenerideal.com/infographics/best-eco-friendly-light-bulbs-reduce-light-pollution/

Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar
Instagram 👉 https://www.instagram.com/dreamforgreen.myanmar/
Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured
Tiktok 👉 https://www.tiktok.com/@dreamforgreenmyanmar တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …

#DreamforGREEN #စိမ်းလန်းခြင်းအတွက်အိပ်မက် #GREENforAllonEarth #Tips #LightPollution

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsအလုပ်ထွက်ဖို့ စဉ်းစားနေပြီလား