Dream for GREEN - Myanmar
Greenies လေးတို့ရေ … 🍀
🔆 "Light Pollution" အလင်းရောင် ညစ်ညမ်းမှု ဖြစ်စေတယ် ဆိုတာ ဘာကိုပြောတာလဲ သိပါသလား?
✅ အဓိက အကြောင်းရင်းကတော့ ညဘက်မှာ မလိုအပ်ပဲ ဖွင့်ထားတဲ့ မီးသီး၊ မီးလုံးနဲ့ မီးချောင်း စတဲ့ အလင်းရောင်တွေကြောင့် အလင်း ညစ်ညမ်းမှု ဖြစ်ရပါတယ် ...
🔆 အလင်း ညစ်ညမ်းမှုက ဘယ်အရာတွေကို ထိခိုက်မှု ဖြစ်စေသလဲ?
✅ ညဘက် စူးရှတောက်ပလွန်းတဲ့ မြို့ပြရဲ့ မီးအရောင်တွေကြောင့် ကမ္ဘာမြေကြီးကို သဟဇာတ ဖြစ်စေတဲ့ အင်းဆက်တွေရဲ့ သဘာဝဖြစ်စဉ်တွေကို နှောင့်နှေးပျက်စီးစေတဲ့အပြင်ကို ကမ္ဘာ့သက်ရှိတွေအတွက် အလွန်အရေးပါတဲ့ သစ်ပင်လေးတွေရဲ့ Photosynthesis အလင်းမှီစု အစာချက်တဲ့ လုပ်ငန်းကို ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်စေပါတယ် ...
✅ ဒါ့အပြင် ညအလင်းရောင်တွေဟာ ပင်လယ်လိပ်တွေရဲ့ ဥဥခြင်းဖြစ်စဥ်ကို အနှောင့်အယှက်ဖြစ်စေပြီး ငှက်တွေ အုပ်စုလိုက် ပျံသန်းခြင်းနဲ့ ရွှေ့ပြောင်းနေထိုင်တဲ့ ဖြစ်စဉ်အတွက် အတားအဆီး ဖြစ်စေပါတယ် ...
🔆 အလင်း ညစ်ညမ်းမှုကြောင့် ဒို့တွေရဲ့ ကမ်ဘာမြေကို ဆိုးကျိုးတွေ မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ?
✅ နေ့ဘက် ညဘက်တွေမှာ မလိုအပ်ပဲ ဖွင့်ထားတဲ့ မီးတွေကို ပိတ်ပေးပါ ...
✅ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေမယ့် LED မီးလုံးနဲ့ CFL မီးလုံးတွေကို အသုံးပြုပေးပါ ...
ဒါတွေ လုပ်ခြင်းအားဖြင့် တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ နှစ်စဉ် ၂% လောက်တိုးလာနေတဲ့ အလင်း ညစ်ညမ်းမှုကို လျှော့ချနိုင်မယ့်အပြင် စွမ်းအင် အသုံးစရိတ် ချွေတာရာလဲ ရောက်တာမို့ သတိတရနဲ့ နေ့စဉ်မပြတ် လုပ်ဆောင်ကြရအောင်နော် 💚
ကိုးကားချက် (References):
https://www.unep.org/news-and-stories/story/global-light-pollution-affecting-ecosystems-what-can-we-do
https://greenerideal.com/infographics/best-eco-friendly-light-bulbs-reduce-light-pollution/
Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar
Instagram 👉 https://www.instagram.com/dreamforgreen.myanmar/
Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured
Tiktok 👉 https://www.tiktok.com/@dreamforgreenmyanmar တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …
#DreamforGREEN #စိမ်းလန်းခြင်းအတွက်အိပ်မက် #GREENforAllonEarth #Tips #LightPollution
Keep Reading