TW’s writings
ဂီတ ဟာကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတခုပါပဲ။ ဒီလိုပြောလိုက်လို့ အကြီးကြီးတော့မထင်သွားပါနဲ့။ ကျွန်တော်ဟာ ဂီတ ကိုကြိုက်နှစ်သက်သူ၊ သီချင်းများကိုနားထောင်သူ သာမန်ပရိတ်သတ်တယောက်ပါပဲ။ သီချင်းနားမထောင်ပဲကုန်ဆုံးသွားတဲ့နေ့ရယ်လို့မရှိသလောက်ဖြစ်ပါတယ်။ သီချင်းမျိုးစုံကို ကြိုက်နှစ်သက်ပြီး၊ ဖန်တီးတဲ့ သူများကိုလည်း အလွန်လေးစားအားကျရပါတယ်။ အမျိုးအစားများစွာရှိတဲ့ထဲမှာ Rap-ရပ်(ပ်) ဂီတဟာအကြိုက်ဆုံးထဲက တခုဖြစ်ပါတယ်။ ဒီနေ့ စိတ်ထဲပေါ်လာတဲ့အကြောင်းအရာလေးကတော့ လောလောဆယ် အကြိုက်တွေ့နေတဲ့ Rap သီချင်း တချို့ကို မျှဝေချင်တာပဲဖြစ်ပါတယ်။
“ရပ်ကွက်ညနေ” ဒီသီချင်းက ရန်ကုန်သမိုင်းက rapper “Zatt Down”နဲ့ ရှမ်းပြည် အောင်ပန်းက rapper “Alien “တို့နှစ်ယောက်ရဲ့ collab song ဖြစ်တယ်။ တောင်ပေါ် မြေပြန့် ပေါင်းစပ်မှုပေါ့နော်။
ဘာကို remind ဖြစ်စေသလဲဆိုတော့ သားစိုးနဲ့ ရန်ရန်ချန်း တို့ရဲ့ ရန်ကုန်-မန္တလေး-ရန်ကုန် သီချင်းပဲ။
ကိုယ့်မြို့၊ ကိုယ့်ရပ်ကွက် ကို represents လုပ်ပြီး သီချင်းခေါင်းစဉ် ရပ်ကွက်ညနေဆိုတဲ့ အတိုင်း သူတို့ရဲ့ရပ်ကွက်ထဲကဘဝတွေ၊ ညနေတွေကို လူငယ်ဆန်ဆန် ပုံဖော် ရွတ်ပြသွားတာပါ။
မြူးကြွတဲ့ beat ပေါ်မှာ အချိတ်အဆက်မိနေတဲ့ rhyme တွေနဲ့ မြန်ဆန်ဆန်းသစ်ထားတဲ့ flow တွေ၊ လူငယ်တွေရဲ့ အကျင့်စရိုက်တွေ၊ slangs တွေ နဲ့ ထိမိနေတဲ့ lyrics တွေကိုသတိထားမိတယ်။ “ငယ်ရွယ်ချိန် လွတ်လပ်မှုတွေကို ငါလည်း လွဲမိမှာကြောက်တယ်” ဆိုတဲ့ စာသားကလူငယ်တွေရဲ့ ငယ်ဂုဏ်ကို ထင်ဟပ်နေတယ်။ ပြီးတော့ တခြား rapper တွေကိုshoutout လုပ်ပြီးဆိုထားတာတွေကိုလည်းတွေ့ရပါတယ်။
Rap သီချင်းကြိုက်သူတွေအတွက် နားထောင်သင့်တဲ့ သီချင်းတစ်ပုဒ်ပါပဲ။
“မီးခြစ်များနဲ့ခရီးဖြစ်မသွားနဲ့” သီချင်းခေါင်းစဉ်ကိုက စိတ်ဝင်စားစရာ။ ကာရန်ပါချိတ်ထားသေး။
The Phosphorus က rap ဘဲတွေရဲ့သီချင်းပါ။ Riovolap, Kayarr, Young Dre နဲ့ Yazar Myo Thank တို့ကိုယ်တိုင်စပ်ဆိုထားတယ်၊ Yazar Myo Thank က produce လုပ်ထားတယ်လို့လေ့လာရပါတယ်။
ဆန်းသစ်ပြီးထူးခြားတဲ့ vibe ကို ရတယ်။ chorus က ခွန်အား ကိုဖြစ်စေတယ်။ သီချင်းရဲ့ အချိုးအကွေ့ အဖြတ်အတောက် အဝင်အထွက် တွေက လှပသေသပ်တယ်လို့ခံစားရတယ်။
တဦးချင်းစီရဲ့ rap ဆိုပုံဆိုပေါက်တွေက ထူးပြောစရာမလို။ တယောက်တမျိူး skill တွေကြွယ်ပြထားတယ်။ beat, lyrics, rhyme အကုန်ထိမိတယ်၊ creative ဖြစ်တယ်၊ bounce လဲဖြစ်တယ်။
ကျွန်တော်တော့ ကြိုက်တယ်။ l love it ပဲ။
“Violent Heart” YAN နဲ့ 223 တို့ရဲ့သီချင်း။ ပုံမှန်ဆို flow နဲ့ beat ကိုအလေးပေးဖန်တီးလေ့ရှိတဲ့ 223 တို့ ဒီသီချင်းမှာတော့ lyrics ကိုဦးစားပေးထားတယ်။ ရင်ထဲကလာတာလို့လဲခံစားရတယ်။
ဘဝထဲက lyrics တွေဖြစ်တယ်။ ငယ်ငယ်တုန်းက ဖြူစင်မှုတွေ၊ ဖြစ်ချင်ခဲ့တာတွေ၊ သူငယ်ချင်းတွေ၊ ရူးသွပ်မှုတွေ၊ လောကဓံတွေ၊ အတွေ့အကြုံအဆိုးအကောင်းတွေ၊ အမှတ်တရတွေ နဲ့ ဘဝ တွေကို ဒီသီချင်းထဲမှာတွေ့ရတယ်။
“အမေ့နှလုံသားနဲ့ရှင်သန်တုန်း၊ အဖေ့သွေးများနဲ့ hustle လုပ်” ဆိုတဲ့ YAN & 223 တို့ရဲ့ ဒီသီချင်းဟာလဲ လိုက်ပါစီးမျောလို့ကောင်းတဲ့ track တပုဒ်ပါပဲ။
“လမ်းသစ်” မာန်အပြည့်နဲ့ အမြဲဆိုတတ်တဲ့ MHA က rapper G Tone ရဲ့ သီချင်းဖြစ်ပါတယ်။
ဒီသီချင်းမှာ အကြိုက်ဆုံး အချက်က second generation က rapper တော်တော်များများကို mention ပြီး သူတို့ရဲ့ ထူးခြားတဲ့လက္ခဏာတွေ၊ studio တွေ နဲ့ beat-making label တွေကို mention လုပ်ထား၊ shoutout လုပ်ထားတာတွေပါပဲ။
ဘယ်တော့မှမရိုးတဲ့ flow နဲ့ အရမ်း bounce ဖြစ်တဲ့သီချင်းလို့ထင်တယ်။ show ပွဲတွေမှာ လိုက်ဆိုလို့ကောင်းတာမျိုး၊ သောင်းကြမ်းလို့ကောင်းတာမျိုး ဒီသီချင်းက။ အိမ်မှာနားကြပ်တပ်ပြီးနားထောင်းရင်ကို လွှင့်နေတာ။
သူဖောက်တဲ့လမ်းသစ်ကို “ယုံကြည်ရင်နောက်ကလိုက်ခဲ့” ဆိုတဲ့စာသားနဲ့အဆုံးသတ်ထားတာက dope ဖြစ်နေရောပဲ။
“UG Dream” ရသ ရဲ့ masterpiece တပုဒ်။ SGL က featuring ဝင်ဆိုထားပါတယ်။
တကယ်ကောင်းတဲ့သီချင်း။ ဘယ်တော့မှမရိုးမယ့်သီချင်း။ “Never get old”၊ “Old but gold”၊ “Couldn’t get enough “ ဆိုတာတွေနဲ့ထိုက်တန်တဲ့ သီချင်း။ တကယ်ရွှေပါ။ ရသရဲ့ hip hop အစစ်၊ အမွှေအနှစ်တခုပါ။
Underground rapper တယောက်ရဲ့ ဘဝ၊ ခက်ခဲကြမ်းတမ်းတဲ့ဖြတ်သန်းမှုတွေ၊ ကြိုးစားမှုတွေ၊ ရူးသွပ်မှု၊ rap မာန နဲ့ အိပ်မက်တွေကို ဒီသီချင်းထဲမှာ မြင်တွေ့ရမှာပါ။
အဓိပ္ပါယ်ရှိပြီး ကျစ်လစ် ကွန့်မြူးတဲ့ စာသားအစုအဖွဲ့၊ လှပပြီးရိုးရှင်းအေးဆေးတဲ့ သံစဉ်၊ ထူးခြားပြည့်စုံတဲ့ flow တွေပေါင်းစပ်လိုက်တဲ့အခါ ရသ ရဲ့masterpiece တပုဒ်ထွက်လာတာပါ။ SGL ရဲ့ feature Rap ကလည်းသီချင်းကိုပိုကောင်းသွားစေတာ ငြင်းလို့မရပါဘူး။
Keep Reading