Author's Profile Photo

SarPhat Official

14/02/2025

ချစ်သူများအတွက် ချစ်သူများနေ့

1 min read
General Knowledge
Psychology
ချစ်သူများအတွက် ချစ်သူများနေ့'s photo

“ချစ်သူများနေ့” အကြောင်း ပြောရမယ်ဆိုရင် St.Valentine ဆိုတဲ့ ဘုန်းတော်ကြီးတစ်ဦး အကြောင်းကတော့ မပါမဖြစ် ကြားဖူးကြမှာပါ။

Valentine's Day ဘယ်ကဖြစ်လာလဲဆိုတာ မသိတဲ့သူတွေအတွက် ဟိုးအရင် ရောမခေတ်တုန်းက စစ်ထွက်တဲ့အခါ ချစ်သူရည်းစားတွေ၊ ဇနီးမယားတွေကို တမ်းတလွမ်းဆွတ်မှုကြောင့် စစ်ရှုံးကြတဲ့အတွက် ရောမမြို့မှာ ရည်းစားမထားရ၊ လက်ထပ်ထိမ်းမြှားခြင်း မပြုရလို့ ပြင်းပြင်းထန်ထန်အမိန့်ထုတ်ခဲ့ပြီး နှလုံးသားရဲရင့်တဲ့ ချစ်သူ ၂ဦးကတော့ ချစ်တတ်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း (St. Valentine) ကို လက်ထပ်ပေးဖို့ တောင်းဆိုခဲ့ကြရာကနေ စတင်ဖြစ်ပေါ်လာတာပါပဲ။

ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း ကလည်း ချစ်သူတို့ရဲ့ ဘဝ၊ ချစ်ခြင်းမေတ္တာရဲ့ နက်ရှိုင်းမှုကို နားလည်စာနာတတ်သူဖြစ်တာကြောင့် ကိုယ့်အသက်ကိုယ် ပဓာနမထားဘဲ လက်ထပ်ပေးလိုက်ရာကနေ ဘုရင်ကြီးသိတော့ ဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်ပြီး ချစ်သူတွေအတွက် အသက်ပေးခဲ့တဲ့ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း ကို ဂုဏ်ပြုတဲ့အနေနဲ့ Valentine's Day (သို့မဟုတ်) ချစ်သူများနေ့လို့ ဖြစ်လာခဲ့တာပါ။

နိုင်ငံတဝှမ်းမှာ Valentine’s Day ကို အကြီးအကျယ်ကျင်းပကြပေမယ့် Valentine’s Day ကို အားမပေးတဲ့နိုင်ငံတွေလည်း ရှိကြပါသေးတယ်။

အဲ့နိုင်ငံတွေကတော့

ပါကစ္စတန်
အီရန်
Uzbekistan
မလေးရှား
အင်ဒိုနီးရှား
ဆော်ဒီ
India
ရုရှား တို့ပါပဲ။

တကယ်တော့ ချစ်ခြင်းမေတ္တာတွေ ပြည့်ဝနေမယ်ဆိုရင် နေ့တိုင်းက Valentine’s Day လို့ပဲ သတ်မှတ်ရင် မမှားပါဘူး။

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး "ဂ" နှင့်သက်ဆိုင်သော သတ်ပုံများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levels