ဆွေ (မန္တလေး)

English self-study လုပ်နေတဲ့သူတိုင်းအတွက် အသုံးဝင်တဲ့ Youtube Channel တစ်ခုကို Review ပေးပါ့မယ်။
ဆရာမိုးရှင်းရေးတဲ့ English စကားအမြန်ဆုံးပြောတတ်ဖို့ စာအုပ်မှာ ညွှန်းပေးထားတဲ့ Channel တစ်ခုလည်းဖြစ်ပါတယ်။
ဒီ Channel မှာ ဘာတွေလေ့လာလို့ရသလဲ။
Vocabulary, Grammar and English Culture တွေကို Channel ရဲ့ English Plus Program မှာလေ့လာလို့ရပါတယ်။ နောက်ထပ် လူကြိုက်များတဲ့ Programs တွေက 6 Minute English နဲ့ the English We Speak ပဲဖြစ်ပါတယ်။ ပုံမှန်ဆို Movieတွေကြည့်မှသာ လေ့လာလို့ရတဲ့ Usage တွေကို အဓိက ဒီ Program တွေမှာ Daily Usage တွေ လေ့လာလို့ရနေတာပါ။ ပြီးတော့ အသံဖိုင်တွေအပြင် ပြောသွားတဲ့ စကားတွေကို PDF file နဲ့ Download လုပ်ပြီး ကြိုက်တဲ့အချိန်မှာ လေ့လာလို့ရနေတာပဲဖြစ်ပါတယ်။
ဘယ်သူတွေအတွက် သင့်တော်လဲ။
အမတို့ Telegram Self-study Learners တွေအတွက် တင်ပေးနေတဲ့ Phonetic Lessons တွေကလည်း ဒီ Channel ကနေ လေ့လာခိုင်းနေတာပဲဖြစ်ပါတယ်။
Channel Name: BBC Learning English
Youtube Link: https://www.youtube.com/@bbclearningenglish
Telegram Self-study English Learners Channel: https://t.me/englishselfstudylearner
ဆွေ (မန္တလေး)
၉၊ ဖေဖော််ဝါရီလ၊ ၂၀၂၅။
Keep Reading