Author's Profile Photo

ဆွေ (မန္တလေး)

31/01/2025

ပညာတော့သင်ပါ သင်သင့်တဲ့ပညာကို သင်ပါ။

1 min read
Business
Book Review
Career & Job Market
ပညာတော့သင်ပါ သင်သင့်တဲ့ပညာကို သင်ပါ။'s photo

စာတော််အောင် လုပ် အဆင့်ကောင်းအောင် လုပ် ဂုဏ်ထူးပါအောင် လုပ် ဒါမှ ဆရာဝန်ကြီး ဖြစ်မှာ အလုပ်ကောင်းကောင်းလုပ်လို့ရမှာလို့ ငယ်ငယ်ကတည်းက ဂျင်းထည့်ခံလာရတဲ့ Generation ထဲ အခု Review ပေးမဲ့သူ ကျွန်မ ကိုယ်တိုင်ပါဝင်လာခဲ့ပါတယ်။

စာအုပ်အမြည်း


ကျောင်းပညာရေး အရေးမကြီးဘူးလားဆိုတော့ မဟုတ်ပါဘူး။ ထမင်းစားလက်မှတ် တစ်ခုအနေနဲ့တော့ အသုံးဝင်နိုင်ပါတယ်။ ဒါပေမဲ့ စတိုးဆိုင် တစ်ခုတည်း ဝင်ပြီး ကိုယ်လိုချင်တဲ့ ပစ္စည်း သို့မဟုတ် စားစရာ တစ်ခုခုကို ဈေးနှုန်းမကြည့်ပဲ ကောက်ယူနိုင်လောက်အောင်ထိတော့ မထောက်ပံ့ပေးနိုင်ဘူးဆိုရင်ရော လက်ခံမလား။ ချွင်းချက်အနေနဲ့ ဆရာဝန်တွေ အင်ဂျင်နီယာတွေလို Professional လိုင်းတွေကိုတော့ ကျွန်မ မဆိုလိုပါဘူး။ ရိုးရိုးဘွဲ့လို့ ဆိုလိုက်တာနဲ့ အသုံးဝင်တာ English မေဂျာ တစ်ခုလောက်ပဲ ရှိပါတော့တယ်။ ဒါတောင် ၂၀၁၈ နောက်ပိုင်း English ဘာသာရပ် သို့မဟုတ် စကားပြောတတ်ရုံနဲ့ ကျွန်မတို့မှာ သာမန် လူတစ်ယောက်လို ဖြစ်လာနေပါပြီ။ နောက်ပိုင်း တရုတ်၊ ကိုးရီးယား၊ ဂျပန်် တင်မက ထိုင်း ဘာသာစကားတို့ တစ်ခုခုနဲ့ပါ တွဲပြောနိုင်နေမှ ကုန်ဈေးနှုန်းနဲ့ level လိုက်နိုင်မဲ့ လခတစ်ခုကို ရဖို့ မျှော်လင့်လို့ရမှာပါ။ ဒါတောင် လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့ကြုံနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု သို့မဟုတ် လက်မှတ် တစ်ခုခု ပိုသာတဲ့သူဟာ ကိုယ့်ထက် ပိုအခွင့်လမ်းများတဲ့ ခေတ်အခြေနေဖြစ်နေပါပြီ။ ဒါဆို ကျွန်မတို့ ပြင်ပ လောကမှာ အသုံးချလို့မရမဲ့ ဘာသာရပ်တွေကို ဘာလို့ အချိန်ကုန်ခံသင်နေရတာလဲ?

ဒီမေးခွန်းရဲ့ အဖြေကို ဖြေပေးရုံမက အလုပ်ကို သူလို ကိုယ်လို လုပ်နိုင််််တယ် သုံးနိုင်စွဲနိုင်တယ် အိမ်ထောင်တစ်ခုကောင်းကောင်းရပ်တည်နိုင်ပါတယ်ဆိုတဲ့ ကျွန်မတို့လို လူလတ်တန်းစားတွေ ရုန်းထွက်မရနေတဲ့ ထောင်ချောက်တွေကိုပါ မီးမောင်းထိုးပြမဲ့ စာအုပ်လို့ ရည်ညွှန်းချင်ပါတယ်။ ဘယ်လိုထောင်ချောက်တွေလဲ? အသေးစားလုပ်ငန်းရှင်တွေ စတင် ခံစားနေရတဲ့ အမြတ်ခွန်၊ ဝင်ငွေခွန်၊ အိမ်ဝယ်မယ်ရောင်းမယ်ဆိုရင်တောင် အရင်ကတော့ ဝယ်ခွန်ကိုပဲ ဦးတည်ဆောင်လို့ပဲရပေမယ့် အခုရောင်းခွန်ရော ဝယ်ခွန်‌ရောပါ ဆောင်မှ အရောင်းအဝယ်တစ်ခုပြီးဆုံးသည့်အခြေနေ၊ နောက်ပြီး အကုန်သိပြီးထားသား မီးခွန်၊ ရေခွန်၊ ကားရှိသူဆိုလျှင် ဘီးခွန် ဒီလို အခွန်တွေ၊ ဘဏ်တိုးတွေ ဒီလို ထောင်ချောက်တွေထဲကနေရော အလုပ်လုပ်တယ်။ ငွေရလာတယ်။ အခွန်ပေးလိုက်ရတယ်။ အတိုးပေးလိုက်ရတယ်။ နောက်ပြီးထပ် အလုပ်လုပ်ပြန်တယ်။ နောက်တစ်လလည်း ဒီလိုပဲ အစိုးရနဲ့ ဘဏ်တွေကိုသာ လုပ်ကျွေးနေရသလို သံသရာလည်နေတယ်။

ဒီလိုသံသရာ ရပ်ဝန်းထဲကနေ ကျွန်မတို့ ဘယ်လိုရုန်းထွက်ပြီး Financial Freedom ထဲကို ခုန်ဝင်ရမလဲဆိုတာ ဂိမ်းလေးတစ်ခုကို အကြောင်းပြုပြီး ဖတ်ရမဲ့ စာအုပ်ပါ။ ဘာသာပြန်စာအုပ်လည်းဖြစ်ပါတယ်။

စာအုပ်နာမည်

ဖအေနှစ်ဦး သင်ပေးသည့် ဆင်းရဲနည်း၊ ချမ်းသာနည်း

ဘာသာပြန်သူ

မြတ်ငြိမ်း

ဘယ်သူတွေဖတ်သင့်သလဲ

Financial Freedom ဆိုတဲ့ ခံစားချက်ကိုရချင်တဲ့သူတိုင်း သို့မဟုတ် ကိုယ်ဝယ်ချင်တဲ့အရာ လိုချင်တဲ့အရာတစ်ခုခုကို ဈေးနှုန်းမကြည့်နိုင်ပဲ ဝယ်ရမလား ဒါဝယ်လိုက်ရင် ဘာတွေပေးရအုန်းမှာ ညာတွေပေးရအုန်းမှာ ဒါမျိုးတွက်ချက်နေစရာမလိုတဲ့ Lifestyle မျိုးရချင်ပါတယ်ဆိုတဲ့ လူတိုင်းဖတ်သင့်တယ်လို့ ကျွန််မတော့မြင်ပါတယ်။ အနည်းဆုံး ငွေကြေးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်မိနေလဲ ဘာတွေတော့ပြင်ဖို့ လိုမလဲဆိုတာ သိသွားမှာပါ။

Rating

6.5/10

ဖတ်သည့်ကာလ

၂၀၊ ဇန်နဝါရီလ၊ ၂၀၂၅ မှ ၃၁၊ ဇန်နဝါရီလ၊ ၂၀၂၅ထိ။

ဆွေ (မန္တလေး)
၁၊ ဖေဖော််ဝါရီလ၊ ၂၀၂၅။

Keep Reading

ချမ်းသာဖို့အတွက် ဘာလိုသလဲငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုး"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။အောင်မြင်ဖို့ အဓိက ဘာလိုသလဲ ချွေတာမလား၊ ပိုရှာမလား3L for Successမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုလုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾