the IX
📚 ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 📚
၁၅.
၁ ။
မျက်လုံးများက လေးကန်နေဆဲဖြစ်သော်လည်း စကားပြောသံခပ်သဲ့သဲ့က အကြားအာရုံထဲသို့ဝင်ရောက်လာသဖြင့် ထူးသစ် မျက်လုံးများကိုဖွင့်ကာ အသံလာရာဆီသို့ ကြည့်လိုက်မိသည် ။ မိမိအား စိုးရိမ်သည့်မျက်ဝန်းတို့ဖြင့်ကြည့်နေသည့်လရိပ်အေးအပြင် ကောင်းခန့်သာနှင့်မိမိ၏အဒေါ်အကြီးဆုံးဖြစ်သူကိုပါ တစ်စုတစ်စည်းတည်းတွေ့လိုက်ရသောကြောင့် လှဲနေရာမှထလိုက်ပြီး
" မင်းတို့ရောက်နေကြတာလား "
ဟု မေးလိုက်သည် ။ အဒေါ်အကြီးဆုံးဖြစ်သူက မိမိကိုပြုံးပြပြီး
" သူငယ်ချင်းတွေနဲ့လက်ဖက်စားလိုက်အုံး သားလေး ..... ကြီးမေစျေးခဏပြေးလိုက်အုံးမယ် "
ဟု ပြောသဖြင့် အိပ်ချင်မူးတူးနှင့်ခေါင်းညိတ်လိုက်ပြီး လရိပ်အေးကိုကြည့်ကာ
" ဘယ်ကနေဘယ်လိုလမ်းမှားပြီးရောက်လာတာလဲ "
ဟူ၍ မေးလိုက်သည် ။ ကောင်းခန့်သာက
" မင်းခြေထောက်က သက်သာရဲ့လား ..... ငါလရိပ်အေးဆီကစာအုပ်ငှားလာတယ် ..... မင်းကူးရအောင်လို့ "
ဟု လရိပ်အေး၏အဖြေကိုမစောင့်ပဲ ဝင်ပြောသဖြင့် ကျေနပ်စွာပြုံးလိုက်ပြီး
" ကျေးဇူးပဲ "
ဟူ၍ ပြောလိုက်သည် ။ လရိပ်အေးကလည်း ခေါင်းညိတ်ကာ
" မင်းမကူးနိုင်ရင်ငါ့ကိုပေးလိုက်လေ ..... ငါကူးပေးမယ် "
ဟု ဝင်ပြောသဖြင့် ခေါင်းညိတ်လိုက်ကာ
" အေးပါ ..... ကျေးဇူးပဲ ..... လောလောဆယ်တော့ လက်ဖက်စားကြအုံး ..... ငါအခန်းထဲခဏဝင်လိုက်အုံးမယ် "
ဟူ၍ ပြောပြီး မတ်တပ်ထရပ်လိုက်သည် ။
၂ ။
အခန်းထဲဝင်သွားသောထူးသစ်ပိုင်က အချိန်တိုအတွင်း၌ ပြန်ရောက်လာပြီး အိပ်ချင်မူးတူးနှင့် စားပွဲပေါ်တွင်တင်ထားသောလက်ဖက်သုပ်ပန်းကန်ကိုထိုင်စားနေသောကြောင့် လရိပ်လည်း အူလည်လည်နှင့် ကောင်းခန့်သာကိုကြည့်လိုက်သည် ။ ကောင်းခန့်သာကလည်း မိမိကိုပြန်ကြည့်လာသောကြောင့် ချောင်းဟန့်လိုက်ပြီး
" ထူးသစ်ပိုင် "
ဟု ခေါ်လိုက်သည် ။ ထူးသစ်ပိုင်က မိမိကိုစကားမပြန်ပဲ မျက်ခုံးပင့်ကာကြည့်လာသောကြောင့် လွယ်အိတ်ထဲမှ ထူးသစ်ပိုင်၏စာအုပ်များကိုထုတ်လိုက်ပြီး
" ဟိုနေ့ကမင်းကိုငါကူးပေးထားတဲ့မင်းစာအုပ်တွေ ..... ပေးဖို့မေ့နေတာ "
ဟု ပြောလိုက်သည် ။ ထိုအခါမှ ထူးသစ်ပိုင်က ပြုံးနေကျအပြုံးကိုပြုံးပြီး
" ဪ ..... ငါအခုတလောစာလုပ်လား ၊ မလုပ်လားဆို မင်းဆီစာအုပ်ပါသွားတာတောင်သတိမရဘူး "
ဟု ပြောသည် ။ ထိုအခါမှ ကောင်းခန့်သာက
" စာမလုပ်လည်း တော်ပြီးသားလူတွေဆိုတော့ Roll 1 က မဆင်းဘူးမဟုတ်လား "
ဟု ဝင်ပြောသည် ။ ထူးသစ်ပိုင်က ကောင်းခန့်သာ၏စကားကို
" ပေါက်ကရ "
ဟု တုံ့ပြန်ပြီး မိမိအား အားနာသည့်အကြည့်တို့နှင့်ကြည့်လာသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး
" ဘယ်သူ Roll 1 ရမယ်ဆိုတာ စာမေးပွဲဖြေကြည့်မှသိမှာပေါ့ "
ဟု ကောင်းခန့်သာကိုကြည့်ကာ ပြောလိုက်သည် ။ ကောင်းခန့်သာက မဆိုင်းမတွပဲ
" ထူးသစ်ပိုင်ပဲ Roll 1 ရမယ်ဆိုတာ ငါသိနေတယ်ကွာ "
ဟု မိမိစကားကို တုံ့ပြန်သည် ။ ကောင်းခန့်သာ၏စကားကြောင့် ပြုံးယောင်သမ်းနေသော ထူးသစ်ပိုင်၏မျက်နှာက မသိမသာတည်သွားပြီး
" ငါ့ကိုအထင်တွေစွတ်ကြီးမနေနဲ့ ကောင်းခန့် ..... ငါ့အတွက်က ဘောလုံးကန်ရဖို့ကပိုအရေးကြီးတယ် "
ဟု ဝင်ပြောသည် ။ ဤအတိုင်းဆိုလျှင် မိမိတို့စကားရည်လုပွဲက ပြီးဆုံးတော့မည်မဟုတ်သောကြောင့် မတ်တပ်ထရပ်လိုက်ပြီး
" ငါ့ညီမကိုကျောင်းကြိုရအုံးမှာမို့လို့ ငါအရင်ပြန်နှင့်တော့မယ် "
ဟု ပြောလိုက်သည် ။
၃ ။
ထူးသစ် ကောင်းခန့်သာနှင့်သိကျွမ်းသည်မှာမကြာသေးသော်လည်း တစ်ခန်းလုံးတွင် မိမိကိုသာခင်တွယ်နေပြီး သဘောမနောကောင်းသည့်ကောင်းခန့်သာနှင့် အပေါင်းအသင်းလုပ်ရသည်မှာ စိတ်ပျော်ရွှင်စေသောကြောင့် ကောင်းခန့်သာနှင့်သူငယ်ချင်းဖြစ်ရသည်မှာ စိတ်မပင်ပန်းသော်လည်း လရိပ်အေးနှင့်သူငယ်ချင်းဖြစ်ရသည်ကမူ စိတ်ပင်ပန်းစေသည် ။
အကြောင်းမှာမူ .....
မူလက လရိပ်အေးသည် လေပြေ့အစ်ကိုဖြစ်ကြောင်းမသိခဲ့သည့်အပြင် မိမိနှင့်လရိပ်အေးသည် အတော်ဆုံးကျောင်းသားဖြစ်သည်ဟူသောဂုဏ်ပုဒ်ကို လုယူရမည့်လူဖြစ်သောကြောင့် လရိပ်အေးနှင့်သူငယ်ချင်းဖြစ်လိုခဲ့သော်လည်း လရိပ်အေးက လေပြေသည်မိမိအပေါ်၌ခံစားချက်ရှိနေကြောင်း ပြောပြပြီးသည့်နောက်တွင် လရိပ်အေးနှင့်သူငယ်ချင်းမဖြစ်လိုတော့ ။ လရိပ်အေးကိုမြင်ရုံနှင့်ပင် မွန်းကြပ်လာသောကြောင့် လရိပ်အေးကိုရှောင်ရန်စိတ်ကူးခဲ့သော်လည်း မမျှော်လင့်ပဲ လရိပ်အေးက မိမိနှင့်ပို၍နီးကပ်သောနေရာသို့ပင်ရောက်လာသောကြောင့်ဖြစ်သည် ။
သို့သော် .....
မိမိက အကြောင်းအရာတစ်ခုအပေါ်၌ အချိန်အတော်ကြာအောင် စိတ်ညစ်နေတတ်သောလူမျိုးမဟုတ်သည့်အပြင် လရိပ်အေးနှင့်သူငယ်ချင်းဖြစ်ရခြင်းက မိမိအတွက် ထိခိုက်နစ်နာစေခြင်းမရှိသောကြောင့် အိမ်အထိ ကောင်းခန့်သာနှင့်ပါလာသောလရိပ်အေးကို ကောင်းခန့်သာလောက်မရင်းနှီးသည့်သူငယ်ချင်းအဖြစ် သတ်မှတ်ထားလိုက်သည် ။
၄ ။
စကားနိုင်လုနေရခြင်းကို ငြီးငွေ့လာသောကြောင့် ပြောလိုက်သော
" ငါ့ညီမကိုကျောင်းကြိုရအုံးမှာမို့လို့ ငါအရင်ပြန်နှင့်တော့မယ် "
ဟူသည့် လရိပ်၏စကားကို ထူးသစ်ပိုင်က
" ငါလည်းလိုက်မယ် "
ဟု တုံ့ပြန်သောကြောင့် ထူးသစ်ပိုင်ကို မျက်လုံးပြူးကာကြည့်လိုက်သည် ။ မိမိကဲ့သို့ပင် ကောင်းခန့်သာကလည်း ထူးသစ်ပိုင်ကိုကြည့်ပြီး
" မင်းမူးနေတာလား ထူးသစ် "
ဟု မေးသည် ။ ထူးသစ်ပိုင်ကိုကြည့်ရသည်မှာ ယနေ့ပုံမှန်မဟုတ်သဖြင့် ကောင်းခန့်သာကဲ့သို့ပင် ခေါင်းညိတ်လိုက်ပြီး
" ဟုတ်တယ် ထူးသစ်ပိုင် ..... မင်းဘာဖြစ်နေတာလဲ "
ဟု မေးလိုက်သည် ။ ထူးသစ်ပိုင်က အားရပါးရပြုံးပြီး
" နေပူလို့နည်းနည်းလွတ်သွားတာနေမှာပေါ့ "
ဟု ရွှတ်နောက်နောက်ပြန်ဖြေသော်လည်း မိမိတို့နှစ်ဦးစလုံးက မရယ်ကြသောကြောင့် ခေါင်းကုတ်ကာ
" မင်းတို့ကလည်း ရယ်စရာပြောရင်ရယ်ကြလေ "
ဟူ၍ ပြောသည် ။ ပြီးမှ
" ငါမိုးလင်းကတည်းက ဒီအိမ်ရှေ့မှာ ထိုင်လိုက် ၊ ထလိုက်လုပ်နေရတာငြီးငွေ့လာပြီ ..... ကိုယ့်ဘာသာအပြင်ထွက်ဖို့ကလည်း ဒီအခြေအနေနဲ့ဖြစ်မှာမဟုတ်ဘူး ..... အဲ့ဒါကြောင့် မင်းတို့လာတုံးလေး မင်းတို့ကိုအကြောင်းပြပြီးအပြင်လိုက်မလို့ "
ဟု ဆက်ပြောသည် ။ ထူးသစ်ပိုင်၏စကားကို ကောင်းခန့်သာက
" မင်းပျင်းရင်လိုက်လေ "
ဟု တုံ့ပြန်သော်လည်း မိမိကမူ
" ခြေထောက်ဒဏ်ရာရနေတာကို ဘယ်ကိုလိုက်မှာလဲ ..... မရောက်ဖူးတဲ့နေရာလည်းမဟုတ်ဘူး "
ဟူ၍ ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် ထူးသစ်ပိုင်က ချက်ချင်းမှိုင်ကျသွားပြီး
" အေးပေါ့လေ ..... ငါ့ဘဝကသူများကိုအားကိုးပြီးနေနေရတဲ့အခြေအနေဆိုတော့လည်း သူများကိုစိတ်ရှုပ်အောင်လုပ်လို့ဘယ်ဖြစ်မလဲ "
ဟု ပြောသည် ။ ထူးသစ်ပိုင်၏စကားသည် မိမိက ထူးသစ်ပိုင်အားမတော်မတရားအနိုင်ကျင့်နေသည့်သဘောသက်ရောက်နေသောကြောင့်
" ထူးသစ်ပိုင် "
ဟု ခေါ်လိုက်သည် ။
သို့သော် .....
ထူးသစ်ပိုင်က ပြန်မထူး ။ ထိုအစား ဆတ်တီပေါ်တွင်ပြန်လှဲအိပ်သွားသည် ။ ကောင်းခန့်သာက မိမိကိုတံတောင်နှင့်တွတ်ကာ ထူးသစ်ပိုင်အား မေးငေါ့ပြသောကြောင့် ခေါင်းကုတ်လိုက်ပြီး
" ကဲကွာ ..... ဒီလောက်တောင်ဖြစ်နေတာ လိုက်ခဲ့ကွာ ..... လိုက်ခဲ့ "
ဟု ပြောလိုက်သည် ။ ယခုအချိန်အထိလည်း ထူးသစ်ပိုင်က မလှုပ်သောကြောင့်
" မိလေပြေကိုတောင်ငါမချော့တတ်လို့မချော့ဘူးနော် ထူးသစ်ပိုင် ..... အဲ့ဒါကြောင့် ငါမင်းကိုထပ်ချော့မယ်မထင်နဲ့ ..... မလိုက်ရင်နေခဲ့တော့ ..... ငါသွားတော့မယ် "
ဟု ပြောကာ ကောင်းခန့်သာကိုပါ နေရာမှဆွဲခေါ်လာခဲ့လိုက်သည် ။ ထိုအခါမှ ထူးသစ်ပိုင်က ဝုန်းကနဲထထိုင်ပြီး
" နေအုံး ..... လိုက်မယ် "
ဟု အော်ကာ ထော့နဲ့ထော့နဲ့နှင့် မိမိတို့ထံသို့ပြေးလာသည် ။
၅ ။
ထူးသစ်က ခြေထောက်နာနေ၍ လမ်းမလျှောက်နိုင်သည့်အပြင် လေပြေ့ကိုလည်း လရိပ်အေးက စက်ဘီးနှင့်သွားကြိုမည်ဖြစ်သောကြောင့် လေပြေတို့ကျောင်းသို့ စက်ဘီးနှစ်စီးနှင့်ထွက်လာခဲ့လိုက်သည် ။
မိမိတို့ ကျောင်းသို့ရောက်ချိန်နှင့် ကျောင်းဆင်းသည့်အချိန်က ကွက်တိဖြစ်သွားသောကြောင့် အချိန်အနည်းငယ်အတွင်းမှာပင် လေပြေက မိမိတို့အနားသို့ရောက်လာသည် ။ ထို့ကြောင့် လေပြေ့ကိုလက်လှမ်းပြလိုက်ပြီး
" မိလေပြေ "
ဟု ခေါ်လိုက်သည် ။ လေပြေကလည်း ရွှင်မြူးသွားဟန်ဖြင့် အနားသို့ပြေးလာသည် ။ ဤသို့ပြေးလာရင်း မိမိဘေးတွင်ရပ်နေသော လရိပ်အေးကိုတွေ့သောအခါ ကိုယ်ရှိန်သတ်ကာ
" ကိုကြီးတို့သုံးယောက်စလုံး ဘာဖြစ်လို့ရောက်လာတာလဲ "
ဟု မေးသည် ။ လရိပ်အေးက လေပြေ့မေးခွန်းကို ပြန်မဖြေသေးပဲ မိမိအားမျက်စောင်းထိုးသောကြောင့် မိမိကပင်
" ကိုယ့်ညီမကိုလာကြိုတာအကြောင်းပြချက်လိုနေသေးလို့လား "
ဟု အဖြေပေးလိုက်သည် ။ ထိုအခါမှ လရိပ်အေးက
" အပိုစကားတွေပြောမနေနဲ့ ..... ငါမအားဘူး ..... စက်ဘီးပေါ်တက်တော့ မိလေပြေ "
ဟု လေပြေ့ကိုပြောသည် ။ အူတိုနေသောလရိပ်အေးကို ထပ်စလိုသေးသော်လည်း အထိုးခံရမည်စိုးသောကြောင့် လေပြေ့ကို ပြုံးပြလိုက်ပြီး ကောင်းခန့်သာနင်းမည့်စက်ဘီးနောက်ခုံပေါ်တွင် ထိုင်လိုက်သည် ။
၆ ။
အချိန်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေသောလေပြေက ဦးမောင်မောင်ခြံလမ်းသို့ရောက်ကာနီးသောအခါမှ
" ကိုကြီး ..... သမီးခေါက်မုန့်စားချင်တယ် "
ဟု ပူဆာသည် ။ လေပြေ့ဆန္ဒကို လိုက်လျောပေးလိုသော်လည်း ထူးသစ်ပိုင်နှင့်အစ်ကိုမှားနေသောလေပြေ့ကို တမင်ညစ်လိုသောကြောင့်
" နောက်နေ့မှစား ..... ပိုက်ဆံမပါဘူး "
ဟု ပြောလိုက်သည် ။ လေပြေက
" ကိုကြီးက တော်တော်စိတ်ပုတ်တာပဲ "
ဟု မကျေမနပ်ရေရွတ်သော်လည်း နောက်ထပ်မပူဆာတော့သောကြောင့် ကြိတ်ပြုံးလိုက်ပြီး စက်ဘီးကို ခပ်ဖြည်းဖြည်းနင်းလာခဲ့လိုက်သည် ။ ထိုစဥ်
" မိလေပြေ "
ဟူသော ခေါ်သံနှင့်အတူ ထူးသစ်ပိုင်တို့စက်ဘီးက ဘေးသို့ရောက်လာသည် ။
ထူးသစ်ပိုင်က မိမိကိုမကြည့်ပဲ လေပြေ့အား
" ကြိုက်တယ်မဟုတ်လား "
ဟု မေးကာ သတင်းစာစက္ကူနှင့်ထုတ်ထားသောခေါက်မုန့်ထုတ်ကို လေပြေ့အား ကမ်းပေးသည် ။ လေပြေက မိမိအနောက်တွင်ရောက်နေသောကြောင့် လေပြေ့မျက်နှာကိုမမြင်ရသော်လည်း
" ကျေးဇူးပဲ ကိုကြီးပိုင် ..... အဲ့ဒါတွေကြောင့် ကိုကြီးပိုင်ကိုချစ်တာ "
ဟု ထူးသစ်ပိုင်အားပြန်ပြောလိုက်သည့် လေပြေ့အသံက ရွှင်မြူးနေသည့်ဟန်အပြည့်နှင့်ဖြစ်သောကြောင့် စက်ဘီးကို တမင်အရှိန်တင်ကာနင်းလိုက်သည် ။
၇ ။
လေပြေနှင့်မိမိကိုကြည့်ကာ အူတိုနေသောလရိပ်အေးကို ထူးသစ် ထပ်မစတော့လိုသော်လည်း အူအတိုလွန်ပြီး လေပြေ့ကို အကန်များသာပြောနေသည့်လရိပ်အေးစိတ်ဆိုးသည့်ပုံစံက ရယ်စရာကောင်းနေသောကြောင့် စက်ဘီးကို လမ်းတစ်ဝက်တွင်ရပ်ကာ လရိပ်အေး လေပြေ့ကိုမဝယ်ကျွေးသည့်ခေါက်မုန့်ဆိုင်မှ လေပြေတို့မောင်နှမနှင့်ကောင်းခန့်သာအတွက် ခေါက်မုန့်ကိုးခုကိုဝယ်လိုက်သည် ။
လေပြေက မိမိနှင့်သိကျွမ်းသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သောကြောင့် လေပြေသည် ပဲမပါသောခေါက်မုန့်ကိုသာကြိုက်နှစ်သက်ကြောင်း သိနေပြီဖြစ်သည် ။ ထို့ကြောင့် လေပြေ့အတွက်လုပ်လာသောခေါက်မုန့်ကို လက်ထဲတွင်ကိုင်ပြီး ကောင်းခန့်သာအား လေပြေတို့စက်ဘီးအနီးတွင် စက်ဘီးကိုရပ်စေလိုက်ပြီး လေပြေ့ကို
" မိလေပြေ "
ဟု ခေါ်လိုက်ပြီး
" ကြိုက်တယ်မဟုတ်လား "
ဟူ၍ မေးလိုက်ကာ သတင်းစာစက္ကူနှင့်ထုတ်ထားသောခေါက်မုန့်ထုတ်ကို လေပြေ့အား ကမ်းပေးလိုက်သည် ။ လေပြေ၏
" ကျေးဇူးပဲ ကိုကြီးပိုင် ..... အဲ့ဒါတွေကြောင့် ကိုကြီးပိုင်ကိုချစ်တာ "
ဟူသော တုံ့ပြန်စကားအဆုံးတွင် လရိပ်အေး၏မျက်နှာက သိသိသာသာမဲမှောင်သွားသည် ။ အူတိုလွန်းသောလရိပ်အေးကိုစရသည်မှာ ပျော်စရာကောင်းသောကြောင့် ထပ်စလိုသော်လည်း လရိပ်အေးက စက်ဘီးကို လေကဲ့သို့လျင်မြန်သောအရှိန်နှင့် နင်းထွက်သွားသောကြောင့် စပင်မစနိုင်တော့ပဲ အားရပါးရအော်ရယ်လိုက်မိသည် ။
၈ ။
လေပြေ့ကို ကျူရှင်သို့ပို့ပေးပြီးလျှင် လရိပ်က အဒေါ်ဖြစ်သူ၏ဆိုင်သို့သွားကာ ဆိုင်ကူထိုင်ပေးရအုံးမည်ဖြစ်သော်လည်း တပူးပူးတတွဲတွဲလုပ်နေသော လေပြေနှင့်ထူးသစ်ပိုင်ကို ကြည့်မရသောကြောင့် ကျူရှင်ထဲဝင်ရန်ပြင်နေသော လေပြေ့လက်ထဲမှခေါက်မုန့်ကို တမင်လုစားလိုက်သည် ။ လေပြေက
" ဟာ ..... ကိုကြီး "
ဟု အော်ပြီး
" ကိုကြီးကအကျင့်မကောင်းဘူး ..... သူများဟာကိုလုစားတယ် "
ဟူ၍ ပြောသည် ။ ထို့ကြောင့် လေပြေ့ကိုလျှာထုတ်ပြလိုက်ပြီး
" အငယ်ဖြစ်ပြီး အကြီးကိုဦးချမှပေါ့ "
ဟူ၍ ပြောလိုက်သည် ။ ထိုစဥ်
" ကလေးဟာကိုလျှောက်လုမနေနဲ့ ..... ရော့ ..... ကိုယ်ဟာကိုယ်စား "
ဟူသော စကားကိုပြောရင်း ထူးသစ်ပိုင်က မိမိလက်ထဲသို့ သတင်းစာစက္ကူနှင့်ပတ်ထားသည့်ခေါက်မုန့်ထုတ်ကို ကမ်းပေးသည် ။ လေပြေက ထူးသစ်ပိုင်ပေးသောထိုခေါက်မုန့်ထုတ်ကိုချောင်းကြည့်ပြီး
" ဟွန်း ..... ပဲစိတွေနဲ့ "
ဟု ရေရွတ်သည် ။ ထူးသစ်ပိုင်ကမူ ခေါက်မုန့်ကို ပလုတ်ပလောင်းစားနေသောကောင်းခန့်သာ၏ပခုံးကိုဖက်ပြီး
" ကျေးဇူးတင်ဖို့မလိုဘူး "
ဟု ပြောကာ ခြံတံခါးကိုဖွင့်၍ အိမ်ထဲသို့ဝင်သွားသည် ။
၉ ။
ထူးသစ် တစ်နေကုန်အိမ်ထဲတွင်အောင်းနေရသောကြောင့် ပျင်းနေသမျှတို့သည် လေပြေ့ကိုသွားကြိုပြီးပြန်လာသည့်အချိန်တွင် ကြက်ပျောက် ၊ ငှက်ပျောက် ပျောက်ကုန်သဖြင့် အိမ်ထဲသို့ရောက်သည်နှင့် လရိပ်အေးပြန်ပေးသွားသော မိမိစာအုပ်များကို လှန်ကြည့်လိုက်သည် ။
မိမိ၏လှုပ်ရှားမှုမှန်သမျှကို လိုက်ကြည့်နေသောကောင်းခန့်သာက မိမိစာအုပ်လှန်သည်ကိုတွေ့သည်နှင့်
" ဒီနေ့သင်တာတွေငါကူးပေးမယ်လေ ..... မင်းစာအုပ်တွေထုတ်လိုက် "
ဟု ပြောသည် ။ ခြေထောက်ထိသည်က လက်အထိမသက်ရောက်သောကြောင့် ပြုံးပြလိုက်ပြီး
" ငါ့ဘာသာငါပဲကူးလိုက်ပါ့မယ် ..... ခြေထောက်နာပေမဲ့စာတော့ကူးနိုင်ပါတယ် "
ဟု ပြောလိုက်သည် ။ ကောင်းခန့်သာက ခေါင်းညိတ်၍
" ဒါဆို ငါပြန်တော့မယ် ..... မနက်ဖြန်မှထပ်လာခဲ့မယ် "
ဟု မိမိစကားကို တုံ့ပြန်သောကြောင့် မိမိကလည်း
" ဒီနေ့အတွက်ကျေးဇူးပဲ ကောင်းခန့် ..... ငါလိုက်မပို့တော့ဘူး "
ဟူ၍ ပြောလိုက်သည် ။
၁၀ ။
လရိပ် အဒေါ်ဖြစ်သူ၏ဆိုင်သို့ရောက်သောအခါ ဆိုင်ထဲတွင် အဒေါ်ဖြစ်သူကမရှိပဲ မိခင်ဖြစ်သူနှင့် ထူးသစ်ပိုင်၏အဒေါ်ဟုထင်ရသောအမျိုးသမီးကြီးတစ်ဦးက ဆိုင်အတွင်းဘက်ကျကျတွင် စကားပြောနေကြသည်ကိုတွေ့ရသည် ။ နှစ်ယောက်သား ခပ်ကြိတ်ကြိတ်ပြောနေကြခြင်းဖြစ်သောကြောင့် အကြောင်းအရာကိုအတိအကျမသိရသော်လည်း
" ထူးသစ် "
ဟူသော စကားကို မကြာခဏကြားနေရသဖြင့် ထူးသစ်ပိုင်အကြောင်းပြောနေကြခြင်းဖြစ်ပေလိမ့်မည်ဟု တွက်ဆမိသည် ။
သို့သော် .....
လူကြီးများ၏ကိစ္စက မိမိနှင့်မသက်ဆိုင်သောကြောင့် လွယ်အိတ်ကို တိုင်တွင်ချိတ်လိုက်ပြီး လုပ်နေကျအတိုင
Unlock to read this premium article with 10 points.