Author's Profile Photo

Tawtawti

24/01/2025

ပစ္စုပ္ပါန်အတုပ္ပတ္တိ ( ကဗျာလုံးချင်း )

5 mins read
Book Review
Poetry
Art


@ပစ္စုပ္ပါန်အတုပ္ပတ္တိ

ကဗျာ ( ၂၁ ) ပုဒ်

(1)

"မြတ်နိုးစိတ်"

ဘဒ္ဒကမ္ဘာမှာ
ကိုယ်က အသက်တမျှသာချစ်လည်း
မင့်အတွက်
အမှတ်ရစရာမဖြစ်ဘဲ ရှိပါစေ
မနက်ကနေ ညအထိ
အလှကြည့်ပဲ နေတော့မယ်

အလှကြည့်နေရတာများ
ဘဝအသိကရှိသေးလို့
မစမိရေး ထိန်းချုပ်ရတာပါ

ထိန်းချုပ်ရဆို
အနာဂတ်က
ကဗျာစပ်ရုံနဲ့မပြည့်စုံဘူးလေ

မပြည့်စုံတဲ့အခါ
အလွှာတဖက်မှာ တွေ့ကြုံရမယ့်
အခြေအနေ အမြင်တွေကို
ရင်ဆိုင်နိုင်ပြီး
အဆင်ပြေပြေ ကြင်နာနိုင်ရေးအတွက်
ခိုဝင်ရာ ရင်ခွင်လှစေအောင်
ကြိုတင်ကာ ပြင်ဆင်ရဦးမှာပေါ့

ပြင်ဆင်နေရတုန်းအခိုက်
မြေစမ်းခရမ်းပျိုးမမြည်ဘဲ
ခြေတလှမ်းတိုးတိုင်း
ရွှေနန်းကိုထမ်းပိုးပေးလိုတဲ့
အချစ်မျိုးနဲ့ကြောင့်
သံယောဇဥ်ဘယ်လိုချည်နှောင်လည်း
သည်မောင်ရဲ့အတွေးမြုံထဲ
ချစ်မိသူ မယ်တပါးလေးရေ...
သြော်...ငေးနေရုံရယ်

ငေးနေရုံပါကွယ်
ဘဒ္ဒကမ္ဘာမှာ
အလှကြည့်နေရတာများ
ထိန်းချုပ်ရဆို
မပြည့်စုံတဲ့အခါ
ပြင်ဆင်နေရတုန်းအခိုက်
မြတ်နိုးစိတ် မည်သို့ရှိလည်း
ပြင်ဆင်နေရတုန်းအခိုက်
မပြည့်စုံတဲ့အခါ
ထိန်းချုပ်ရဆို
အလှကြည့်နေရတာရတာများ
ဘဒ္ဒကမ္ဘာမှာ
ငေးနေရုံပါကွယ်။

-တော်တော်တည်

(2)

"ဘာမြူဒါရင်ခွင်"

ကိုယ်ပျိုးထားတဲ့ဥယျာဥ်မှာ
မင့်ဆန္ဒစေရာ ခူးဆွတ်ဖို့
ချစ်တယ်လို့ပြောမယ်။

ကမ္ဘာမီးလောင်ရင်
ကိုယ့်နှလုံးသားတောင် ချနင်းဖို့
ချစ်တယ်လို့ပြောမယ်

ကိုယ့်စကားကို ကိုယ်လေးစားဖို့
ချစ်တယ်လို့ပြောမယ်။

ကိုယ့်တန်ဖိုးထားမှုကို မင့်ကြည်နူးဖို့
ချစ်တယ်လို့ပြောမယ်။

ကိုယ့်အသက်လို မင့်ကိုမြတ်နိုးဖို့
ချစ်တယ်လို့ပြောမယ်။

ကိုယ့်ဘဝရဲ့
ပြန်လမ်းမဲ့ ဘာမြူဒါဒေသအဖြစ်
မင့်ရင်ခွင်မှာ ပျော်ဝင်စေဖို့
ချစ်တယ်လို့ပြောမယ်။

ကိုယ်ပြိုလဲတိုင်း
မင့်အကြင်နာအကြည့်အောက်မှာပဲ
သွေးကြောတွေ လည်ပတ်ခွင့်ရှိဖို့
ချစ်တယ်လို့ပြောမယ်။

-တော်တော်တည်

(3)

"တောင်းဆိုသံ"

နှလုံးသားကို
အလိုလိုက်ခွင့်ရှိပါရစေ

အတ္တဆိုလို့
တဦးနဲ့တဦး
ပါရမီဖြည့်သူတွေဖြစ်ဖို့
မင့်ကို
ပိုင်ဆိုင်ချင်မိရုံပဲကွယ်

သတိရခြင်းတွေ ထပ်တူကြရင်
ဘာကို ဝေးတယ် ခေါ်ပါ့မယ်
ကိုယ်တယောက်တည်းဆန္ဒနဲ့တော့
မရဘူးပေါ့။

-တော်တော်တည်

(4)

"အကြင်နာသင်္ချာ"

မင့်နဲ့ကိုယ်နဲ့ပေါင်း
မင့်ကို နှလုံးသားမှာမှတ်
လက်တချောင်းထောင်
မင့် ပြီးတော့ ကိုယ်
အဖြေ... စွယ်တော်ရွက်။

-တော်တော်တည်

(5)

"အညာမိုး"

မနက်ဖြန်တိုင်း
လက်ပံကိုင်းက ငှက်မောင်နှံပမာ
အကြင်နာတွေ ဆက်ရန်နော်။

ချစ်တာအမြဲ သိတွေးကာ
သစ္စာလည်း ရှိပေးပါ

ကဗျာလွှာ စာဖွဲ့ပျိုးဆို
အညာမှာ ရွာတဲ့မိုးလို
တို့ကမ္ဘာလေး အေးပါစေ။

-တော်တော်တည်

(6)

"မင့်လက်ခုပ်ထဲကထီး"

ပန်းကောင်းကို အညွန့်မချိုးသလို
လွမ်းကောင်းရုံ ချစ်ခဲ့တာမှမဟုတ်တာ
ဘဝကို
လိုအပ်ချိန်သုံးလည်း အသင့်ရှိတဲ့သူ
မလိုအပ်တော့တဲ့အခါ..ခေါက်ထားလည်း
မိုးပေးခွင့်ကို မျှော်တဲ့သူ။

-တော်တော်တည်

(7)

"ပစ်စုပ်ပါနျ ပုံရိပ်"

အနာဂတ်အတွက် မမှားယွင်းရအောင် အားတင်းလို့
လောကဓံက အသက်ရှုလိုက်တိုင်း
ဝဲဘက်ရင်အုံလို နိမ့်လိုက်မြင့်လိုက်ဖြစ်လို့
အရာရာအတွက် စိတ်ရောလူရော မောလို့
မင့်ဓာတ်ပုံလေးကို တမြတ်တနိုးငေးလို့
အခန်းကျဥ်းလေးထဲမှာ တကိုယ်ရည်တကာယ ဆွေးလို့
လွမ်းလွန်းလို့
စို့နင့်မျက်ရည် လွန်မိတာကလွဲလို့
ဘာမှ မတတ်နိုင်သေးလို့...။

-တော်တော်တည်

(8)

"ရှင်သန်မှု"

လွမ်းစရာကိုနာစရာနဲ့ဖြေလိုက်
နာစရာကို လွမ်းစရာနဲ့ဖြေလိုက်နဲ့
ကိုယ် နွမ်းနေတာကို
မင့် ပြန်လာတာနဲ့ ဖြေစရာကော
မရနိုင်တော့ဘူးလား

အသက်ရှင်ချင်သေးတယ်ဆိုရင်
စိတ်ဓာတ်နဲ့ကိုယ့်မျက်ရည်က ခဏပဲ ကျလို့ရမယ်
အသက်မရှင်ချင်တော့ဘူးဆိုရင်
ကိုယ့်ကို မေတ္တာရှိသောသူများမျက်ရည်ကျဖို့က
အမွှေးတိုင်အိတ်တခုပဲ ရှိဖို့လိုပါမယ်

အိတ်ကိုဆွဲဆန့်ပြီး
လည်ပင်းကိုပတ်လိုက်တဲ့အခါ
ထရမ်မာတွေ..ဒဏ်ရာတွေ
ဘယ်သူမှမမြင်ရတော့မဲ့အကြောင်း
စမ်းသပ်ဖူးရဲ့

မသေတဲ့ ချစ်ခြင်းကို ရွေးချယ်ချင်တာကြောင့်
မေတ္တာ ပြန်လည်ထားချင်သေးလို့
ရှင်သန်အောင်နေထိုင်ခဲ့တယ်။

-တော်တော်တည်

(9)

"ချစ်သူပြောသော စကားလုံးများ"

လှုပ်လိုက်ရင် ပိုနာမှာသိလို့
ငြိမ်နေမိတဲ့ဒဏ်ရာလို
ပုံပြင်လေးတပုဒ်ကိုတော့
ပြန်လည် ရေးမထုတ်ဖြစ်သေးပါ

အရာရာကို သံယောဇဥ်ဖြတ်လိုက်ဖို့ပဲ
အသင့်ပြင်ရမလား
မလိုချင်ပါ ဆိုရင်
စွန့်လွှတ်ခံလိုက်မယ်
မလိုလားရင်လည်း
စွန့်လွှတ်လိုက်ရုံ..ဆိုပြီးပေါ့

အနတ္တလောကမှာ
အတ္တမထားချင်ပါကွယ်
ဒါပေမဲ့
ကိုယ့် အမြတ်နိုးဆုံးအရာကို ရပြီးခဲ့ရာမှ
ဖွဲတခင်းလို မီးရွှို့ပစ်လိုက်ဖို့ကလည်း
အသဲရင်းထားမိရင်
ခဲယဥ်းတယ်ကွယ်။

-တော်တော်တည်

(10)

"အချစ်ဘေးဒုက္ခသည်"

နှလုံးသားပြိုကျ
မျက်ရည်ချိန်မြင့်တက်

နှင်းယောင်ဆောင်သောမိုးမှာ
ဘဝနစ်ရတယ်

မင့်ကိုယုံကြည်သမျှ..

တရက်ကုန်သွားတိုင်း
တို့တွေ့ရဖို့
တရက်ပိုနီးလာတယ်လို့
ယူဆမိခဲ့ပေမယ့်
တရက်ကုန်သွားတိုင်း
တို့ဆုံရဖို့
တရက်ပိုပြီး ဝေးသွားပြီလားကွယ်။

-တော်တော်တည်
၂၃.၁၀.၂၀၂၄
နံနက် ၁၀:၁၈

(11)

"ဝေး"

တရံတခါမှာ...
ချစ်ခြင်းတရားနဲ့ ဝေးခဲ့တယ်

ကံကြမ္မာမှာ
အမှန်တရားနဲ့ ဝေးခဲ့တယ်

"အလံ"တရာမှာ
မေတ္တာတရားနဲ့ဝေးခဲ့တယ်

ဘယ်လောက်လွမ်း..လွမ်း
စွက်ဖက် ရက်စက်မှုများကြား
တယောက်အနမ်းကို တယောက် မရတော့ပုံ

နှစ်ယောက် သစ္စာထားလည်း
တွက်ချက် သတ်မှတ်မှုများကြား
တယောက်လမ်းမှာ တယောက်မဆုံနိုင်တော့ပုံ

ဒဏ်ရာမှာ
အကြင်နာတရားနဲ့ ဝေးခဲ့တယ်

ခန္ဓာမှာ
အကျွတ်တရားနဲ့ ဝေးခဲ့တယ်

သံသရာမှာ
ဝဋ်တရားနဲ့ဝေးပါစေ။

-တော်တော်တည်

(12)

"ခေတ်ပေါ် လူငယ်"

မင့်မှာရှိတဲ့အရည်အချင်းနဲ့
မင့်ထမင်းစားခွင့်မရရင်
မင့်ဘယ်လိုခံစားရမလဲ
မင့်ဦးနှောက်ကို ဂရုစိုက်မယ်ထင်လား

တကိုယ်စာဝဋ်ပဲထားပါတော့
နှစ်ကိုယ်တာအချစ်ကိုလည်း
မင့်ဘယ်လို တွေးဝံ့မလဲ
မင့်နှလုံးသားကို အလေးထားမယ်ထင်လား

ဘဝဆိုတာ တိုက်ပွဲတဲ့
ဒါဆို
အချစ်နဲ့စစ်ကို တွေ့ကြုံရင်လည်း
အချစ်နဲ့စစ်မှာ စိတ်ကူးယဥ်နေလို့မရ
လက်တွေ့အနေအထားမှာလည်း
လက်ကောလာဘ်ရော
ဖြတ်ခံထားရသလို တွေ့ကြုံနေရတယ်ဆိုပါစို့

ရင်ဆိုင်စရာ မပြည့်စုံဘဲ
ဝင်တိုးမိတဲ့အခါ
စစ်ကြောင့်
တချို့က ကိုယ်ဒဏ်ရာနဲ့ ကျဆုံးရရဲ့
အချစ်ကြောင့်
တချို့က စိတ်ဒဏ်ရာနဲ့ ကျရှုံးရတယ်

မျ

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။Haruki Murakami ဘာကြောင့်ဆုမရသေးတာလဲတောရိုင်းမြေErnest Hemingway ဘဝဟာသများမိတ်ဆွေမှရန်သူဖြစ်သွားခြင်းအချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူးဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်သုံးနှစ်သုံးမိုး

Unlock to read this premium article with 10 points.