Author's Profile Photo

Whisper of Words

24/01/2025

ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ

1 min read
ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ's photo

မိန်းမတစ်ယောက်ဟာ ချစ်မိပြီဆိုရင် ပိုင်ဆိုင်သမျှအရာအားလုံးကို ပုံအောပြီး/အစွန့်လွှတ်ခံပြီးတော့ကို ချစ်တတ်ကြတယ်တဲ့။

ဒါဆို
ယောက်ျားခန္ဓာကိုယ်ထဲ ပိတ်မိနေတဲ့ မိန်းမတွေကရော....

ဒေစီဂျိန်းဆိုတာ ဝါရင့် သမ္ဘာရင့် နာမည်ကျော် နတ်ကတော်တစ်ယောက်...။ နာမည်အရင်းက ဘစီတဲ့။ ပွဲတစ်ခါက,တိုင်း လျှမ်းလျှမ်းတောက်ကျော်ပြီး တပည့်တပန်းတွေအများကြီးနဲ့ လက်ဖျားမှာငွေသီး လိုရာကိုရွှေအတိပြီးနိုင်တဲ့ မိန်းမလျာမကြီးပေါ့။

ဒီမိန်းမလျာမကြီးမှာလည်း အသက်လေးဆယ့်ခြောက်နှစ်ရောက်ခါမှ ကိုယ်ထမင်းကိုယ်စားပြီး အပူကိုယ််တိုင်ရှာသတဲ့။
အပူလေးကတော့ အင်မတန်ချောတယ်။ ဆယ့်ခြောက်နှစ်အရွယ် မင်းမောင်တဲ့...

မျက်ခုံးမျက်လုံးကောင်းကောင်း ရုပ်ရည်ချောချောရှိတဲ့မင်းမောင်ကို ဒေစီဂျိန်းက ပွဲက‌နေရင်းကတွေ့မိပြီး အချစ်ကြီးချစ်မိသွားရာက မင်းမောင်ကို သူ့အမေဆီကနေ ငွေငါးရာနဲ့ အပြတ်ဝယ်သတဲ့။

ဒီလိုနဲ့ မင်းမောင်ဟာ ဒေစီဂျိန်းရဲ့ လင်ကလေးဖြစ်လာသကော...

သို့ပေမဲ့ မင်းမောင်ဟာ ဒေစီဂျိန်းကို အမေလို၊ အစ်မကြီးလို၊ အစ်ကိုလို၊ ဦးလေးလိုသာ စိတ်ထဲရှိပြန်တယ်။

မိန်းမလျာပီပီ အရာအားလုံးကို မင်းမောင့်စိတ်ကြိုက် မင်းမောင့်သဘောနဲ့ မင်းမောင်ကိုပုံအောပေးထားတဲ့ဒေစီဂျိန်းဟာ မင်းမောင့်မှာ သူနဲ့ရွယ်တူတဲ့ ချစ်ရသူရှိနေတာကို လက်ခံနိုင်ပါ့မလား။

တစ်နေ့ကိုယ့်ဆီကထွက်ခွာသွားမယ်မှန်းသိသိနဲ့ ငွေငါးရာပေးပြီးအရဝယ်ထားတဲ့ မိန်းမလျာကြီးဟာ သူ့ဘဝထဲကနေ သူချစ်တဲ့မင်းမောင် အမှန်တစ်ကယ်ထွက်သွားမယ်ဆိုတဲ့အခါ စွန့်လွှတ်ပေးနိုင်ပါ့မလားဆိုတာကတော့...

နုနုကတော့လေ ဆရာမနုနုရည်(အင်းဝ)ကို ဒီစာအုပ်နဲ့စ,သိတာပါပဲ။
မင်းကြီး၊ မင်းလေး နတ်နှစ်ပါးကိုပူဇော်ကြတဲ့ မြန်မာတို့ရဲ့ နတ်ကိုးကွယ်တဲ့ဓလေ့ကို နှံ့နှံ့စပ်စပ်ရေးသားထားတဲ့အပြင် တောင်ပြုန်းပွဲတော်ကျင်းပကြပုံတွေကိုပါ စိတ်မျက်စိနဲ့ မြင်ယောင်လာအောင် သေချာဖော်ပြထားတာမို့ နတ်မကိုးကွယ်တဲ့နုနုကတောင် တစ်နှစ်လောက်တော့ တောင်ပြုန်းပွဲသွားမယ်လို့သာ တာစူရင်း... ။

#ပြုံး၍လည်းကန်တော့ခံတော်မူပါ_ရယ်၍လည်းကန်တော့ခံတော်မူပါ
#နုနုရည်(အင်းဝ)
#Review_by_NuNu

Keep Reading