Author's Profile Photo

Minal

16/01/2025

အဝေးရောက်လူငယ်လေးများအတွက်🕊️

1 min read
General Knowledge
Entrepreneurship
18 Again
အဝေးရောက်လူငယ်လေးများအတွက်🕊️'s photo


အိမ်ကိုလွမ်းတဲ့ခံစားချက်
ဒီလိုခံစာချက်တွေက ကိုယ့်အိမ်နဲ့ခွဲပြီတစ်ခြားတစ်နေရာမှာအလုပ်လုပ်နေရတဲ့သူတွေ
တိုင်တစ်ပါးအကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေတဲ့သူတွေ ခံစားရတဲ့ခံစားချက်ပါ။

နံနက်ခင်းလင်းလို့ အိမ်မူ့ကိစ္စ၊အချက်အပြုတ်တွေအစရှိသည်တွေကို ကိုယ်တစ်ယောက်လုပ်ရပြီး။
ကိုယ်ရဲ့လုပ်ငန်းခွင်အသီသီနဲ့နေ့စဥ်လုပ်စရာတွေနဲ့အချိန်ကုန်ရင်နေရတယ်။
ညနေဘက်အိမ်ပြန်ရောက်ရင်လည် ပင်ပန်းနေတယ်သဘောမထားပဲ လုပ်စရာရှိတာလုပ်၊စားစရာရှိတာစားပြီးတစ်နေ့တာကို အထီးကျန်စွာဖြတ်သန်းရတယ်။

နားရက်တွေရှိတောင် တနယ်တကျေးမှာ(သို့မဟုတ် )တိုင်းတစ်ပါးမှာ တစ်ယောက်ထဲအားလပ်ရက်တွေကို အဓိပ္ပာယ်မဲ့သလိုဖြတ်သန်းရတယ်။တစ်ဖန်ပြန်ပြီးအားလပ်ရက်တွေကုန်ဆုံးတော့ လုပ်ငန်းခွင်ကိုပြန်သွားရ အချိန်တွေကုန်ဆုံပြီး ပျော်စရာမရှိ အထီးကျန်စွာနဲ့ဖြတ်သန်းနေရတဲ့သူတွေရှိပါတယ်။

ကိုယ့်မိဘအိမ်မှာဆို ဘာမှလုပ်စရာမလိုဘဲ နံနက်ခင်းမျက်နှာသစ်ပြီတာနဲ့စားစရာကအသင့်ပါ။ကိုယ်လုပ်စရာရှိတာလုပ်ပြီ အားလပ်ချိန်တွေ၊ထမင်းစားဝိုင်းတွေမှာဆိုလည် တစ်ယောက်ထဲမဟုတ်ဘဲ မိသားစုနဲ့ဆိုတော့ ပျော်စရာကောင်းလှပါတယ်။အဲ့ဒီအခိုက်အတန့်တွေကဘာနဲ့မှလဲလို့မရပါဘူး။

တစ်နယ်တကျေးမှာနေရတဲ့သူ၊တိုင်းတစ်ပါးမှာရှိနေတဲ့သူတွေ အိမ်ကိုလွမ်းတယ်၊မိသားစုကိုလွမ်းတယ် မဆန်းပါဘူး။မလွဲသာလို့သာခနခွဲရတဲ့အခိုက်တန့်တွေပါ။

ဒီလိုအခိုက်အတန့်တွေမှာတောင် မိသားစုနဲ့အတူရှိနေတယ်လို့ခံစားရအောင်၊တစ်ယောက်ထဲဆိုပြီအထီးမကျန်ရအောင် ပျော်ပျော်နေတတ်အောင်ပြောပြပေးသွားမှာပါ။

ပထမဆုံး
မိသာစုရှိကိုတစ်ပတ်တစ်ခါဖြစ်ဖြစ်၊တနေ့တစ်ခါဖြစ်ဖြစ် အဆင်ပြေတဲ့အချိန်ဖုန်းခေါ်တာ(သို့)video callခေါ်တာလုပ်သင့်ပါတယ်။မအားဘူးဆိုတောင် ညမအိပ်ခင်တွေခေါ်တာမျိုးတွေလုပ်ပေးသင့်ပါတယ်။

ဒုတိယ
ကိုယ့်ရဲ့အချိန်တွေကိုစီမန်ခံခွဲတတ်ပါစေ။ဘယ်နေ့မှာဘာရှိတယ်။မနက်ကိုဘယ်အချိန်ထပြီ ညကိုဘယ်အချိန်အိပ်မယ်ဆိုပြီ သတ်မှတ်ထားရင်ပိုအဆင်ပြေပါလိမ့်မယ်။ဒီလိုဆိုရင် ကိုယ်အတွက် တွေးပြီအားငယ်ချိန်တောင်ရှိမှာမဟုတ်ပါဘူး။

တတိယ
အားလပ်ရက်တွေမှာအပြင်ထွက်ပါ။အိမ်ထဲကြည့်လဲမပုန်းပါနဲ့။ကိုယ်နေတဲ့နေရာမဟုတ်ဘူးဆိုပြီး သွားရလာရမှာတွေမကြောက်ပါနဲ့။မသိတဲ့သူတွေကိုမိတ်ဆွေဖွဲ့ကြည့်ပါ၊စကားစပြောကြည့်တာတွေလုပ်ပြီ အပေါင်းအသင်းရှာပါ။

စတုတ္တ
စာအုပ်ဖတ်ပါ။စာဖတ်ခြင်းက ဘာမှမလုပ်ဘဲနဲ့တောင် ကမ္ဘာပတ်သလိုဖြစ်နေပါလိမ့်မယ်။စာဖတ်တဲ့အကျင့်လုပ်ပါ။စာများများဖတ်ပါ။

ဒီလိုဆိုရင်တော့ အထီးကျန်တယ် ၊အိမ်ကိုလွမ်းတဲ့ခံစားချက်တွေ၊တစ်ယောက်ထဲဆိုပြီအားငယ်တာတွေ မရှိသလောက်ဖြစ်သွားပါလိမ့်မယ်။

စာချစ်သူများကိုလေးစားချစ်ခင်ကျေးဇူးတင်လျက်💜

လူငယ်တိုင်ပျော်ရွှင်လွတ်လပ်ကြပါစေ🍀🍀

9:44 PM Thu
Minal မိငယ်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးလိုမှသုံးပါ"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"အင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း