Author's Profile Photo

Yara

16/01/2025

အချိန်ဆွဲခြင်း (Procrastination)

1 min read
Personal Development
General Knowledge

အခုတလော ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မိသလောက် ကျွန်မ သိပ်အချိန်ဆွဲနေတတ်တာပဲ။ ကိစ္စတစ်ခုက လုပ်မှဖြစ်မယ်၊ ကိုယ်လုပ်မှလည်း ပြီးမယ်၊ လုပ်လည်း လုပ်ရမယ်၊ လုပ်ရမယ်မှန်းလည်း သိတယ်၊ ဒါပေမဲ့ စလုပ်ဖို့အတွက် ခဲယဉ်းနေတယ်။

တစ်ခါတလေ ကျွန်မတို့အားလုံး နေ့ရွှေ့ညရွှေ့၊ ဟိုနေ့မှ ဒီနေ့မှ ရွှေ့လာလိုက်တာ တကယ်တမ်း မလုပ်လို့မရတော့တဲ့ အနေအထားတစ်ခုကို ရောက်ပြီလည်းဆိုရော ဝရုန်းသုန်းကား၊ အစီအစဉ်မကျ၊ ကတိုက်ကရိုက်နဲ့ အပြီးသတ်လိုက်ရတာမျိုးတွေ ကြုံဖူးကြမှာပါ။

Deadline enjoyer လို့တင်စားရလောက်အောင် အဲဒီလို အနီးကပ်မှ အပြီးသတ်ရတာမျိုးကိုပဲ ပျော်လာသလိုလို ခံစားရပါတယ်။

အဲဒီလို အချိန်ဆွဲခြင်းရဲ့ ဆိုးကျိုးက ဘာဖြစ်မလဲဆိုတော့ စိတ်ဖိစီးတာပါပဲ။ စိတ်ဖိစီးတာရဲ့ နောက်မှာ ဆက်ဖြစ်‌လာတာကတော့ နောင်တရတာ။ ငါ့မှာအချိန်တွေ အများကြီးရှိရဲ့သားနဲ့ ဘာလို့ စောစောစီးစီး မလုပ်ဖြစ်ပါလိမ့်။ နောက်တစ်ခါ ငါ အချိန်မီပြီးအောင် လုပ်ရမယ်ဆိုတဲ့အတွေး ဝင်လာပြန်ပါရော။ ဒီတစ်ခါတော့ ရှိစေတော့ပေါ့လေ။

အဲ့လိုနဲ့ မသေမသပ်တဲ့ အလုပ်တစ်ခုပြီးသွားပါလေရော။ နောက်တစ်ကြိမ်ကျပြန်တော့လည်း အကျင့်ကိုပြင်လိုက်သလား ဆိုတော့ မပြင်နိုင်ပြန်ပါဘူး။ ဒုံရင်းက ဒုံရင်းပဲ ရသလောက် အချိန်ဆွဲ‌ပြန်ပါတယ်။


ကြာတော့ ကိုယ့်ကိုကိုယ် self-respect ‌နည်းလာပါတော့တယ်။ ဒါကြောင့် ဒီအကျင့်ကို ပြင်ကိုပြင်မယ်၊ ဒီတိုင်းဆက်သွားနေရင် ခွေးဖြစ်တော့မယ်၊ ကြာလာရင် ကိုယ့်ရဲ့ အလုပ်လုပ်နိုင်စွမ်းကိုပါ ထိခိုက်ပြီး လုပ်ငန်းခွင်မှာ အဆင်မပြေမှုတွေ ဖြစ်ကို ဖြစ်လာတော့မှာဆိုတာကို ခေါင်းထဲနာနာရိုက်သွင်းထားလိုက်ပါတယ်။

Influencer တစ်ယောက်ပြောဖူးသလို အချိန်ဆွဲတတ်တဲ့ သူတွေအတွက် အကောင်း‌ဆုံးနည်းလမ်းကတော့ 3 secs alarm ပါပဲ။

ဒီအလုပ် လုပ်ရမယ်ဆိုတဲ့ အ‌တွေးဝင်လာတာနဲ့ "1 2 3" ရေလိုက်ပြီး ချက်ချင်း ထလုပ်ပစ်လိုက်ပါတယ်။ ဒီတော့ အချိန်ဆွဲချင်တဲ့ အတွေးလည်း ပျောက်သွားပြီး အဆုံးထိ မပြီးနိုင်ရင်တောင် တစ်စိတ်တစ်ပိုင်းတော့ စပြီးသွားတာပေါ့။ တစ်နည်းအားဖြင့် လက်တွေ့ဆန်ဆန် တွေးပြီး လက်တွေ့ကျကျလုပ်လိုက်တာပါ။ စိတ်ကူးထဲမှာ တွေးပြီး လုပ်နေတာထက် လက်တွေ့ထလုပ်လိုက်တော့ အလုပ်ပြီးမြောက်သွားတာကို မျက်မြင်တွေ့ရပါတယ်။

ဒါကြောင့် ကျွန်မ အခုနောက်ပိုင်း ဒီအလွယ်ကူဆုံးနည်းလမ်းနဲ့ အချိန်ဆွဲချင်တဲ့ အကျင့်ကို ဖျောက်နိုင်အောင် ကြိုးစားနေပါတယ်။

Sarphat မှာ စာတစ်ပုဒ်ရေးပြီးတိုင်း တော်တော်ကြာကြာပျောက်သွား တတ်တာကလည်း ကျွန်မရဲ့ အချိန်ဆွဲတတ်တဲ့ အကျင့်ကြောင့်ပါပဲ။ ရလာတဲ့ Idea ကို နေ့ရွှေညရွှေ့ရင်း စိတ်ထဲမှာပဲ ပြန်ပျောက်သွားတာကြောင့် မရေးဖြစ်ပဲ ကြန့်ကြာနေတာပါ။ အခုတော့ ‌"အချိန်ဆွဲခြင်း" အကြောင်းကို အချိန်မဆွဲပဲ ရေးလိုက်ရင်း နည်းလမ်းလေးတစ်ခုကိုလည်း မျှဝေပေးလိုက်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ။

#Yara (16.1.2025)





Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း