မောရိသျှ

လိုတာမရ ရတာမလိုမှန်း သိသိလျက်နဲ့ အတင်းကြိုးစားချင်ကြတယ်။ ဇွတ်လုပ်ပြီးတော့မှ ရလာတဲ့ ရလဒ်အပေါ် ကျေနပ်နိုင်သလားဆိုတော့ စိတ်ပျက်စရာတွေကြီးပဲ။ ကောင်းတာဆို ဘာဖြစ်ဖြစ် လိုချင်ကြတယ်။ ရအောင်လုပ်ကြတယ်။ အမြဲဆုပ်ကိုင်ထားချင်ကြတယ်။ အလုပ်ကောင်း၊ ပျော်စရာအတွေ့အကြုံ၊ သာယာစရာ အတွေ့အကြုံ၊ ရယ်မောစရာအဖြစ်လေးတွေ၊ စားကောင်းသောက်ကောင်း မြိန်ရည်ယှက်ရည်စားသောက်ရခိုက်တွေ၊ အဝတ် အစားသစ် အသုံးအဆောင်အသစ်တွေကို စိတ်တိုင်းကျ ဝယ်နိုင်တဲ့အခိုက်တွေ၊ ကားသစ်လေးကို စိတ်ကြိုက်မောင်းနှင်ပြီး ကြည်နူးရတာတွေ၊ လူမှုကွန်ယက်ပေါ် ဟာသဓါတ်ပုံတွေ မျှဝေပြီး ကျီစားတဲ့အချိန်တွေ၊ လူတွေရဲ့ စိတ်ဝင်စားမှုကို ထင်မထားဘဲ ရနေတာမျိုးတွေက ကောင်းတယ်လို့သတ်မှတ်ထားကြတယ်။ဟုတ်လည်း ဟုတ်ပါတယ်။ ပျော်စရာကို ပျော်စရာမဟုတ်ဘူးလို့ ပြောလို့မှ မရဘဲ။ဒါပေမဲ့ဘဝဆိုတာက ကောင်းတာတွေပဲ ဖြစ်လာတာမှ မဟုတ်တာ၊ မကောင်းတာတွေနဲ့လည်း မကြုံချင်ဘဲ ကြုံရသေးတယ်။
နေမကောင်း ထိုင်မကောင်းဖြစ်ရတာတွေ၊ အလုပ်လက်မဲ့ပြီး ဝေလေလေဘဝမှာ တေလေဂျပိုးလို ဖြစ်နေရတာတွေ၊ ဝမ်းနည်းပက်လက် နောင်တဗရပွနဲ့ နာကျင်ခံစားနေရတာတွေ၊ သာယာမှု ပျော်ရွှင်မှုဆိုတာ မရှိဘဲ စိတ်ဖိဆီးမှုတွေကြောင့် စိတ်ဒဏ်ရာအပြင်းအထန် ခံစားနေရတာတွေ၊ အလုပ်ကြိုးစားသလောက် အထမမြောက် အကျိုးမဖြစ်ဘဲ အားမလိုအားမရ ဖြစ်ရတာမျိုးတွေ၊ ကြိုးစားချင်စိတ်ရှိသလောက် ကြိုးစားပေမယ့်လည်း ကြိုးစားသ လောက် အကျိုးမဖြစ်တဲ့အပြင် တုံ့ရင်းကတုံ့ရင်း တိုးတက်မှုတခုမှ မရှိဘဲ အပျင်းဘဝမှာ ဖျင်းနေတရာတွေ စသဖြင့် မကောင်းတာတွေမှ အများကြီးပါ။
ဘဝမှာ ဖြစ်ဖြစ်သမျှ အကျိုးဆက်တိုင်းက ကိုယ့်အကြောင်းကြောင့်ပါပဲ။ ကိုယ့်အပေါ်မှာပဲ မူတည်နေတာပါ။ ဘဝဆိုတာက အမှန်တော့ ကောင်းတခါဆိုးတလှည့် အလှည့်ကျဖြစ်နေတာမဟုတ်ပါဘူး၊ ရောသမမွှေ ဖြစ်ချင်တိုင်းဖြစ်နေပြီး နိမ့်ချည်မြင့်ချည် လေယူရာယိမ်းနိုင်မှသာ တော်ရာကျတာပါ။ စွဲလမ်းထားလို့လည်း အကျိုးမရှိသလို အစွဲအလမ်းကင်းနိုင်တိုင်းလည်း အလုပ်မဖြစ်ပါဘူး။ ရေစီးရာ စုန်မျှောရင်း ကြုံသမျှကို ရင်ဆိုင်နိုင်မှ ဘဝဆိုတာ အဆီအနှစ်ပြည့်ဝတာမျိုးပါ။ ဒါနဲ့ပတ်သက်ပြီး ဧပ္ပိတေတုစ် (Epictetus) ပြောခဲ့တာလေး ရှိတယ်။
“ကိုယ့်အနားက ရှိရှိသမျှ လူတိုင်းနဲ့ အမြဲထာဝရ အတူနေခွင့်ရလိမ့်မယ်လို့ ထင်ထားရင် မှားသွားမယ်၊ ဘယ်သူကမှ ထာဝရ အတူရှိအောင် မလုပ်နိုင်ဘူး။ ထာဝရဆိုတာကိုက အဓိပ္ပါယ်မရှိတာ။ လူတိုင်းအပေါ် ကိုယ်ကကောင်းတိုင်း ကိုယ်ကောင်းသလို ကိုယ့်အပေါ် ကောင်းလာလိမ့်မယ်လို့လည်း မထင်နဲ့။ သူက ကိုယ်မဟုတ်ဘူး။ ကိုယ်လည်း သူ့လို ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး။ မဖြစ်နိုင်တာကို ဖြစ်ချင်နေတာက ရူးရုံသက်သက်ပဲ၊ ဒါပေမဲ့ မဖြစ်နိုင်တာကို ဖြစ်ချင်နေရုံမဟုတ်တော့ဘဲ မဖြစ်ဖြစ် ဖြစ်အောင် အတင်းလုပ်နေရင် မိုက်ရာကျသွားပြီ။ ထိန်းချုပ်လို့ မရနိုင်တာကို ဘာလို့များ အတင်းချုပ်ကိုင်ချင်နေတာလဲ။ စိတ်ပင်ပန်းဆင်းရဲစရာတွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်ပါ။ အပူအကူးမခံပါနဲ့။ မလိုအပ်ဘဲ အပူမယူနဲ့။ စိတ်လွတ်ကိုယ်လွတ် ပေါ့ပေါ့ပါးပါးပဲ နေလိုက်ပါ။”
ဧပ္ပိတေတုစ်ရဲ့ စကားတွေက ပြောလိုက်တိုင်း ထိမိတယ်။ မှန်နေလို့လည်း ကျွန်တော် အမြဲ နားထောင်ဖြစ်တယ်။ သူပြောတာ သိပ်ဟုတ်တယ်။ စိတ်ပျက်စရာတွေကို ကိုယ်တိုင်လည်း မဖြစ်မိအောင် ဆင်ဆင်ခြင်ခြင် နေသင့်သလို စိတ်ဆင်းရဲစရာတွေကိုလည်း မယူဖြစ်အောင် နေတတ်ဖို့ အလွန် အရေးကြီးတယ်ဗျ။ သိပ်မကြာသေးမီကပဲ တပဓမ္မအတွေးအခေါ်တွေ အခြေခံထားတဲ့ ချမ်းသာနည်းအကြောင်း စာအုပ်ရေးဖို့ မြေစမ်းခရမ်းပျိုးထားလိုက်တယ်။ အရင်စာအုပ်တွေလိုပဲ ကိုယ့်အားကိုယ်ကိုးထုတ်ဝေဖို့ ရည်ရွယ်ထားတာပါ။ သူများကို အားကိုးနေစရာ မလိုတော့ အပူအပင်အကြောင့်အကြ ကင်းတယ်။
ဒါပေမဲ့ တစ်ခုပဲ။ ထုတ်ဝေသူတယောက်ယောက်နဲ့ အလုပ်လုပ်ရင် အများအားဖြင့် ကိုယ့်ထက် သိတော်တတ်တဲ့ ပညာရှင်တွေနဲ့ တွဲလုပ်ရတာဆိုတော့ သက်ဆိုင်ရာ နယ်ပယ်ရဲ့ အတွေ့အကြုံသစ်တွေကို လေ့လာခွင့်ရတယ်ဗျ။ ကိုယ့်ဟာနဲ့ကိုယ်ကျတော့ စမ်းတဝါးဝါးနဲ့ လုပ်ရင်းသင်ရတယ်။ တကယ်တော်တဲ့ စာတည်းမှူးတွေနဲ့ လုပ်ခဲ့ဖူးတယ်။ မသိထားတဲ့ လုပ်ငန်းဆိုင်ရာ အချက်တွေ အများကြီးရှိနေသေးပါလားဆိုပြီး သင်ယူစရာတွေ အများကြီးရှိသေးတဲ့အပေါ် နောင်တရခဲ့ဖူးတယ်။ ပြီးတော့ နောက်တစ်ချက်က သူများနဲ့လုပ်ရင် ဘယ်တော့မှ မပေါ့ဖြစ်ဘူး။ ဘာလုပ်လုပ် သေသေချာချာ ဂဃနဏ လုပ်ဖြစ်တယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားချင်စိတ် ပေါ်လာတယ်။ မပျင်းရဲတော့ဘူး။ မခိုရဲတော့ဘူး။ အလုပ်ကို အလုပ်လို လုပ်ဖြစ်သွားတယ်။
အရာအားလုံးကို ထိန်းချုပ်လိုစိတ်နဲ့ ပြင်ဆင်တာက အဆင်မပြေဘူးဗျ။ ကိုယ့်အနေနဲ့ ဘယ်လောက်ပဲ တော်နေ တတ်နေပါစေ၊ ကြိုပြင်ဆင်ထားပြီး အကောင်းဆုံးစီစဉ်ထာ
Unlock to read this premium article with 100 points.