Minal

ဘဝကြီးမှာဘယ်အရာမှလွယ်ကူးတာမရှိပါဘူး။အရာအားလုံးက ကြိုးစားလုပ်ယူရတာပါပဲ။အရည်းအချင်းမရှိတောင် ကိုယ်ကဇွဲ၊လုံ့လ၊ဝီရိယရှိနေရင် ဘယ်အရာမဆို ကိုယ့်ရဲ့လက်တစ်ကမ်းမှာအမြဲရှိပါတယ်။
လူရယ်လိုဖြစ်လာရင် လိုချင်တက်မှတ်မူတွေ၊စိတ်ဆန္ဒတွေနဲ့ ဘယ်တော့မှမရပ်တန့်နိုင်တော့တဲ့လောဘတွေနဲ့ ရှင်းသန်းနေရတာပါ။အကြောင်းနဲ့အကျိုးကို သေချာခွဲချာတတ်ရင်တော့ ဘဝကြီးမှာလောဘ၊ဒေါသ၊မောဟကင်းကင်းနဲ့နေထိုင်နိုင်ပါလိမ့်မယ်။
စိတ်ချမ်းသာဖို့သာအဓိကပေမဲ့ ကိုယ့်မှာရှိတဲ့ရည်မှန်းချက်ပန်းတိုင်တွေ စိတ်ကူးအိမ်မက်တွေကိုလက်တွေ့အကောင်းထည်ဖော်နိုင်အောင်ကြိုးစားရပါ့မယ်။
ဥပမာ
- တစ်လကိုပိုက်ဆံဘယ်လောက်ရအောင်စုမယ်
- youtuber,vloger,writer,bussinတစ်ခုခုကိုလုပ်နိုင်ရမယ်
- မိဘတွေကိုဘယ်လိုအခြေအနေထားချင်တယ်
- ကိုယ်နေချင်တဲ့ပုံစံ ဘယ်အရာမဆို(တန်းဖိုးကြီးလည်ရပါတယ်)
ကိုယ်ကမြင့်တာပဲမှန်းပါ။ဘဝကိုမြင့်မြင့်မှန်းစေချင်ပါတယ်။တဂယ်လို့ ကိုယ်လိုချင်သလောက်ဖြစ်မလာခဲ့ရင်တောင်စိတ်မပျက်လိုက်ပါနဲ့။လက်မလျော့လိုက်ပါနဲ့။ဆက်ကြိုးစားပါ ကြိုးစားမှအောင်မြင်မှာပါ။ကြိုးစားမူတိုင်ကလည် ဘယ်တော့မှအချည်အနှီးမဖြစ်ဘူးဆိုတာမှတ်ထားပါ။
လောကမှာ အောင်မြင်ကျော်ကြားနေတဲ့သူတွေ၊ချမ်းသာတဲ့သူတွေ၊ကိုယ်အားကျနေတဲ့သူတွေတိုင်းက ကြိုးစားလို့ဖြစ်လာတာချည်ပါ။
ဘယ်သူမှလွယ်လွယ်နဲ့ နေရာတစ်ခုရလာတာမဟုတ်ပါဘူး။ကျွန်တော်ကြိုးစားနေပါတယ်၊ကျမကြိုးစာနေပါတယ်ဆိုပြီး ဟစ်အော်နေတဲ့သူဘယ်သူမှမရှိပါဘူး။ဒါကြောင့် မိမိကြိုးစားနေတဲ့အချိန်မှာလဲ တိုးတိုးတိတ်တိတ်ကြိုးစားစေချင်ပါတယ်။ဘယ်သူကိုယ်မှ ဂရုမစိုက်ပါနဲ့။
မိမိလုပ်စရာရှိတာတွေကိုသာ လက်မလျော့ဘဲဆက်လုပ်ပါ။နောင်တမရချင်ရင်တော့ အဓီကကလက်မလျှော့ပါနဲ့။
စာချစ်သူများကိုအစဥ်ချစ်ခင်လေးစားလျက်ပါရှင်💜
လူငယ်တိုင်ပျော်ရွှင်လွတ်လပ်ကြပါစေ🍀🍀
Minal မိငယ် (3:15 AM) Tue
#Sarphat
Keep Reading