Author's Profile Photo

Tawtawti

13/01/2025

ကော်ဖီရာဇဝင် ( ကဗျာလုံးချင်း )

5 mins read
Poetry
Art
Social Media Marketing

@ကော်ဖီရာဇဝင်

ကဗျာ ( ၂၁ ) ပုဒ်

( 1 )

" လက်ဆောင် "

Brand တံဆိပ်မရှိပေမယ့်
ကိုယ့်...ရည်မှန်းစိတ်နဲ့
စေတနာ Handmadeထည်က
ငွေအဿပြာ လွယ်ကူရင်တောင်
ဘယ်နေရာမှာမှ ဝယ်ယူလို့မရနိုင်ပါ

မတျတောတရားကို
တန်ဖိုးဖြတ်လို့ရတဲ့ စံရှိရင်
မြင်ဖူးအောင်ပြလေ
အမှတ်တရဆိုတာ
မင့်အနားမှာသာ
အသက်မက ရှင်သန်လိုစိတ်ကြောင့်
နှလုံးသားလက်ရာနဲ့ဖန်တီးပေးမှုပါ

အလေးထားသမျှတော့
မင်းအတွက်
ဂန္တဝင်ကဗျာတပုဒ်လို ပြန်ကြည့်လိုက်တိုင်း
အမြဲတမ်းသစ်လွင်နေမယ့်
တုနှိုင်းမဲ့အရာပါ။

-တော်တော်တည်

( 2 )

" ကော်ဖီ "

ချူချာတဲ့ကောင်မလေးကို
နှလုံးသားနဲ့ပျူငှာခဲ့မိတော့
ကြယ်ကြွေညရဲ့အသက်က
သူအိပ်ပျော်ပါစေဆိုတဲ့
ဆုတောင်းပဲ

သူ့အပြုံးမှာ နစ်မျောရက်တွေထဲ
ကိုယ်ကိုယ်တိုင်ကို
လွတ်လမ်းမမြင်ချင်တဲ့အခါ
ကိုယ့်အတ္တက
သူကျန်းမာနေမှ ဖြစ်မှာပါ

လိုအပ်ရင်
ကျောပြင်ကို ဝေါယာဥ်လို
ဖန်တီးပေးချင်သူခမျာ
အတုအပမမြည်တဲ့
တယုတယ ဂရုစိုက်ပေးမိသမျှ
ကိုယ့်ကိုယ်ကိုယ်ငဲ့ညှာသနားပြီး
မတည့်စာတွေမစားဖို့လည်း
ဆင်ခြေထက် ဆင်ခြင်ပေးပေါ့ကွယ်

နေကောင်းချိန်
ပျော်ရွှင်နေတဲ့ သူ့စိတ်ကလေးကို
လှမ်းမြင်ရတဲ့အရသာ
ကဖီးဓာတ်လို လန်းဆန်းကြည်နူးဖို့
ကိုယ်ဟာ.. စွဲနေမိပြီလေ...

အသက်ရှုဝပါစေ
မနက်အတူ ထခွင့်ရချင်တယ်။

-တော်တော်တည်

( 3 )

" ရာဇဝင် "

ချစ်တယ်ဗျ
မောင်မောက်လို ဖွဲ့သီရရင်
ရွှေနှယ် သွန်းပုံဆင်း

ချစ်တာပေါ့ဗျာ
ရှင်မဟာရဋ္ဌသာရကို
ခေါ်ခေါ်ပြီးပြလိုက်ချင်တယ်
ကသိုဏ်းရှုတောင်
နှိုင်းတုမရတဲ့ အလှကြောင့်
ကိုယ့်အတွက်တော့
တရားမရမယ့်အတူတူ
နှမလက်လျှော့နေလေတော့ဆိုပြီး
'ထ'မလွမ်းပြချင်ပါဘူး

ချစ်လို့ပါ အရှင်ဘုရား
ဦးဇင်းလိုမဖြစ်အောင်
ချစ်သူနှစ်ဦး ရာဇဝင်မှာ
အမြဲတမ်းအပြုံးချင်းဆုံဖို့
ကဗျာကောင်းကင်ကနေ စောင့်ရှောက်ပါ။

-တော်တော်တည်

( 4 )

" သစ္စာ "

တို့ဝေးသွားကြတဲ့အခါ
မင့်က ရွှေမျက်ရည်ကျပေါ့
ကိုယ်ကျရတဲ့ မျက်ရည်ကတော့
ရွှေဖြစ်သွားတယ်

ရွှေနန်းမှာစံတော့ ရွှေမျက်ရည်
ကိုယ့်မျက်ရည်နဲ့ဖြစ်တည်သမျှ ကဗျာက
ကိုယ့်အတွက် ရွှေ

လူဆိုတာ
မျက်ရည်ကျချိန်ရှိတယ်လို့
သမ္မာကျမ်းစာမှာ ပါတယ်
သမ္မာသမတ်ကျကျ
ကိုယ်မျက်ရည်ကျပါတယ်

မျက်ရည်လဲ့နေတဲ့
မျက်ဝန်းက အတောက်ပဆုံးမဟုတ်လား
မင့်က ရွှေအဆင်းနဲ့သာ တောက်ပပါ
ကိုယ်က နွေဦးလိုသာ တောက်ပပါ့မယ်

တနေ့တော့
ရွှေမျက်ရည်အတွက်
နွေသက်သေပြပါ့မယ်
ပိတောက်ရဲ့သင်းရနံ့က
တယောက်အတွက်ပဲ ဆွင့်ပျံ့မယ်။

-တော်တော်တည်

(5)

" အညာ "

အညာကိုတွေးကြည့်တော့
ကဗျာလိုရေးမိပေါ့

ညာတဲ့သူနဲ့
အညာမိသူ
အညာသူလည်းမဟုတ်
အညာသားလည်းမဟုတ်

အညာသူအညာသားကတော့
ရိုးသားပါသတဲ့
ဒါပေမဲ့
ညာတဲ့သူကို အညာသူလို့ခေါ်ရင်
တချို့က အညာသူမဟုတ်ဘဲ
အေးပုံအေးလက်နဲ့
တောင်ပေါ်မြို့လေးကနေ
အညာသူ ဖြစ်သွားကြတယ်
အညာမိသူကို အညာသားလို့ခေါ်ရင်လည်း
တချို့က အညာသားလည်းမဟုတ်ဘဲ
လည်ပုံလည်လက်နဲ့
ရန်ကုန်မြေကနေ
အညာသားဖြစ်သွားရတယ်

ဘာပဲဖြစ်ဖြစ်
ရန်ကုန်သားလေးတယောက်ခမျာ
တမာတွေချိုမှပဲ
တောင်ပေါ်သူရဲ့
အညာကိုမေ့မတဲ့။

-တော်တော်တည်

( 6 )

" အချစ်ပင်လယ် "

ကိုယ်တရေးနိုးတိုင်း
မင့်ကို အနားနားရှိစေချင်မိရဲ့
ကိုယ်ယောင်ယမ်းပြီး
ဖက်လိုက်ရင်တောင်
မင့်ပုခုံးလေးပဲဖြစ်စေချင်ခဲ့တာ
ကိုယ့်မနက်က
မင့်ပါးပြင်ရဲ့ ရနံ့လေးနဲ့
လှပချင်တာပေါ့
အချစ်က
ပင်လယ်တမျှပေမဲ့
ပင်လယ်ရေလို ငတ်မပြေလည်း
ပင်လယ်လို မတည်ငြိမ်ခဲ့ရပါလားကွယ်။

-တော်တော်တည်

( 7 )

" အသုံးမဝင်တဲ့အချစ် "

ပြတင်းတံခါးပိတ်လည်း
ဝင်လာချင်တဲ့လေပြည်က
မင့်အတွက်
အေးမြစရာ အသက်မဲ့အောင်
ယပ်တောင်လို
တနေရာနဲ့ ချိတ်မနေပါဘူး
ညင်သာဝေ့ခတ်ဆဲပဲလေ

တဦးသူ အလိုမရှိလည်း
နှလုံးသားပီသစွာနဲ့
သတိတရ မေတ္တာပို့ပါတယ်

သဘာဝတရားအရသာထက်
အလုံပိတ်အခန်းထဲရှိရာ
အဲယားကွန်းက ပိုအေးမြတယ်လား

အဆိပ်ငွေကြေးဆိုတဲ့
ဟယ်ရီလင်း သီချင်းနဲ့သာ
မင့် နားမဝင်လည်း
မိုးသောက်မယ်
ဟာရီကိန်း မုန်တိုင်းဆန်ဖို့တော့
မကြိုးစားခဲ့ပါဘူးကွယ်

မင့် အသက်ရှူသံထဲ
ပြိုကွဲစေတဲ့
ဖြိုခွဲလေနှင်အားအဖြစ်တော့
တိုးဝင်မလာချင်လို့ပေါ့... ။

-တော်တော်တည်

( 8 )

" ကြည်နူးခွင့် "

ခြေဆေးလည်း
ကြေအေးပါတယ်

ကိုယ့်ဘက်
အလွမ်းမပြေရာ မျက်ရည်က
မင့်ဘက်မှာ
အပန်းဖြေရာ ကမ်းခြေဖြစ်ပါစေ

မင့်
ကြည်နူးခွင့်ရှိပါတယ်
မင့်ကိုငေးရင်း
ကိုယ်လည်း
ကြည်နူးခွင့်ရမယ် မဟုတ်လား။

-တော်တော်တည်

( 9 )

" ကိုး "( Cool )

၁-တမ်းတတိုင်းသာ
ဆုံခွင့်ရရင်
အလွမ်းနဲ့ ချမ်းနေရမှာ မဟုတ်ပါ

၂-မတွေ့ဖြစ်ကြပေမယ့်
မေ့ပစ်လို့မှမရနိုင်တာပဲ
ခြေမွေးမီးမလောင် လက်မွေးမီးမလောင်
နေခဲ့ရသူအတွက်
နှလုံးသား မီးလောင်နေရပေါ့

၃-ရွှေလင်ဗန်းနဲ့အချင်းပဲဆေးခဲ့ခဲ့
မင့်နေထိုင်မကောင်းတဲ့အခါ
ရွှေလင်ဗန်းနဲ့သာ ဆေးယူလာပေးချင်လို့
ဘဝကို..
တောင်ကြီးဖဝါးအောက် မူနဲ့
တက်လှမ်းနေဆဲ

၄-အကြင်နာစကား..
ဖဝါးနဲ့နာတော်မူလည်း
ဒီတောင်ကို ကိုယ်ကျော်ပြစမ်းချင်တယ်

၅-သူမကို ခစားတဲ့
နွေးလျမဲ့ နေခြည်ဆိုရင်တောင်
အတွေးနဲ့မြင်ယောင်ရင်း
လှမ်းသဝန်တိုမိရဲ့

၆- မင့်ဓာတ်ပုံလေးက
ကိုယ့်နှလုံးသားကို ခွန်အားသိဒ္ဓိပေးတဲ့
စိတ်အဟာရ

၇-ကံအမျိုးမျိုးကြား
တန်ဖိုးထားမိသူလေ

၈- 'ရှင့်' လို့ထူးတာလေးကအစ
ချစ်စဖွယ်ဖြစ်လို့
ဘေးကင်းပါစေ ချစ်သူ
ဝေးခြင်းတာရှည်လှပြီကွယ်

၉-ချယ်ရီတွေရယ်...
ပြောပြလိုက်နော်
အဲ့ဒီ့ ဗုဒ္ဓဟူးသမီးလေးကို
ဗုဒ္ဓ ပြီးရင်..
ယုံကြည်မြတ်နိုး
ကိုးစားမိဆုံးပဲဆိုတာ....။

-တော်တော်တည်

( 10 )

" လွမ်းဖျား "

အသက်ဓာတ်က
နှလုံးသားမှာ တည်ပါတယ်
လွမ်းဖျားဆိုတာ
ကမ်းပါးပြိုသလိုပါပဲ
နှလုံးသား..ပဲ့ပဲ့ပါသွားလိုက်တာ..
သူစိုက်လိုရာ ပျိုးဖို့
သူ့ဘက်မှာ
မနောင်ကျဥ်တဲ့ ကိုယ့်အသက်ဓာတ်
သောင်ပြင်လိုထွန်းပါစေ

အလွ

ကမ္ဘာကို အလှဆင်သူစည်းတစ်ဖက်ခြားသူမို့ (အခန်းဆက် ဝတ္ထု‌ရှည်)အရောင်စုံချင်ကြသူများ (ရွှေငါးရေးတဲ့ ကဗျာထဲက ပုံပြင်များ)အိမ်နှစ် ၈၀ ကျော်က‌ဗျာတစ်ပုဒ်P for Poetry - 02ဗိုက်ဆာနေတဲ့ ကြောင်ချယ်ရီရောင်ချစ်ခြင်းအယ်လ်ဘမ် ( ကဗျာလုံးချင်း )ကော်ဖီရာဇဝင် ( ကဗျာလုံးချင်း )ပျော်ရွှင်မှုအစ ပျော်ရွှင်မှုအဆုံး

Unlock to read this premium article with 10 points.