SarPhat Author
......လူတွေကနားထောင်ဖို့ထက်ပြောဖို့ကိုပိုအားသန်ကကြတယ်။ဒီမှာပဲကိုယ်ကိုလေးလေးနက်နက်နားထောင်ပေးမဲ့ရင်ဖွင့်စရာတိုင်ပင်စရာတစ်စုံတစ်ယောက်ဟာရှားပါးလာကြတယ်။
ရှားပါးတဲ့ထဲကမှ မတိုင်ပင်သင့်တဲ့Gossipersတွေကိုတိုင်ပင်မိရင်တော့သူငယ်ချင်းတွေထဲမှာဆိုသူငယ်ချင်းတွေအားလုံးသိသွားတာမျိုး၊ရက်ကွက်ထဲမှာဆိုတစ်ရက်ကွက်လုံးသိသွားတာမျိုး၊မိသားစုထဲဆိုတစ်မျိုးတစ်ဆွေလုံးသိတာမျိုးကြုံရတက်ပါတယ်။Gossipersတွေကကြောက်ဖို့ကောင်းတာက"အဆင်မပြေဘူးလား။
ရင်ဖွင့်လို့ရတယ်နော်"ဆိုစကားကိုနှိုက်တက်ပါတာဘဲ။
မှန်ပါတယ်Gossipersတစ်ယောက်ဟုတ်မဟုတ်ဘယ်လိုသိနိုင်မလဲနဖူးမှာရေးထားတာမှမဟုတ်တာလို့တွေးကောင်းတွေးမိပါ
လိမ့်မယ်ဒါပေမဲ့သိနိုင်တဲ့အချက်လေးတွေရှိပါတယ်။
၁.ကောလဟာလများဖြန့်ဝေခြင်းနှင့်သူတစ်ပါး
အတွင်းရေးကိစ္စများမျှဝေတက်ခြင်း
ဒါကအဓိကသိရှိတိုင်းတာနိုင်တဲ့အချက်ပါပဲ။စဥ်းစားကြည့်ပါသင့်ကိုသူများတွေရဲ့
အတွင်းရေးကိစ္စတွေကောလဟာလတွေဖြန့်ဝေနေတဲ့လူတစ်ယောက်ကသင့်အကြောင်းကိုနှုတ်လုံမယ်ဆိုတာဖြစ်နိုင်ပါ့မလား။မဖြစ်နိုင်ပါဘူး။ဖြစ်နိုင်တာကနောက်တစ်နေရာမှာပြောဆိုဝေဖန်ခံရမဲ့သားကောင်ကသင်သာဖြစ်သွားနိုင်တာပါ။
၂.အဆိုးမြင်ရာ၌သာအားသန်ခြင်း
အတင်းတုပ်ဝေဖန်တက်သူအများဟာအပြစ်အနာချို့ယွင်းချက်တွေကိုသာဂရုစိုက်ပါတယ်။အခြားသူတွေရဲ့အားနည်းချက်၊ချို့ယွင်းချက်၊အပြစ်အနာအဆာဆိုရင်အရမ်းကိုမှဂရုစိုက်မှတ်သားတက်ကြတယ်။
၃.Dramaတွေနဲဆန့်ကျင်ဝေဖန်ရတာကိုကျေနပ်တက်ခြင်း
သူတို့ကပြဿနာတွေကိုမွှေနှောက်ပြီးကိုရှင်သန်ကြတာမျိုး၊သူများရဲ့အကြောင်းကိစ္စတွေကိုအတင်းတုပ်ဝေဖန်နိုင်အောင်အခြေအနေတွေတမင်ဖန်တီးတက်ကြတယ်။ပြီးတော့ဆန်ကျင့်ဖက်ကနေပြီးဝေဖန်တက်ကြတယ်။အဲလိုပြောဆိုနေရတာကိုလဲပျော်ရွှင်ကျေနပ်တက်ကြတယ်။
၄.စာနာစိတ်ကင်းမဲ့ကြခြင်း
သူတို့ကလူအများရဲ့အာရုံရဖို့နဲထင်ပေါ်ဖို့အတွက်ပဲပိုအလေးထားကြတယ်။ကိုယ်ရဲ့
စကားတွေအပြောအဆိုတွေကသူများတွေအပေါ်ဘယ်လိုသက်ရောက်သွားမလဲ၊ထိခိုက်သွားမလဲဂရုမစိုက်ကြပါဘူး။
၅.ပုံကြီးချဲ့ပြောဆိုတက်ခြင်း
နောက်တစ်ချက်ကအခြားသူတွေရဲ့အပြစ်အနာအဆာချို့ယွင်းချက်တွေကိုအမြဲရှာဖွေပြီးပုံကြီးချဲ့ဝေဖန်ရှုံချပြောဆိုတက်ကြတာပဲ။
၆.Attentionကိုလိုအပ်လွန်းကြခြင်း
လူရာဝင်အောင်လူတွေကြားလွှမ်းမိုးနိုင်
အောင်သူများတွေရဲ့အတင်းအဖျင်းတွေကိုပြစ်ပြစ်နှစ်နှစ်ပြောဆိုတဲ့နည်းလမ်းကိုအသုံးပြုတက်ကြတယ်။
တစ်ခုတော့မှတ်ထားသင့်တယ်။ဘယ်သူမဆိုတစ်ခါတစ်ရံတော့အတင်းတုပ်ကြတာဘဲ။ကျွန်တော်ကိုယ်တိုင်လဲတုပ်မိတဲ့အခါတွေရှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုအမူအကျင့်တွေနဲနေသားကျနေပြီဆိုရင်တော့သူတို့ဟာဝသီပါစွဲမြဲနေတဲ့gossipersတွေမို့ရင့်ဖွင့်ဖို့မပြောနဲပေါင်းသင်းရင်တောင်ခပ်ခွာခွာပေါင်းသင်းသင့်တဲ့လူတွေလို့ပဲပြောချင်ပါတယ်။
(geminiမှမေးမြန်းဖော်ပြသည်။Photo Gencraft AIဖြင့်ဖန်တီးသည်။)
Khant Zaw
12,Jan,2025
Keep Reading