Author's Profile Photo

Sandar

11/01/2025

Life satisfaction

2 mins read
Education
General Knowledge
Psychology

နေ့စဉ်ဖြတ်သန်းနေတဲ့ဘဝတွေမှာ life satisfaction ဟာ လူတိုင်းအတွက်သိပ်ကိုအရေးကြီးပါတယ်။ကျမတို့တွေဟာ ကိုယ့်ရဲ့နေ့စဉ်လုပ်ဆောင်ရတဲ့အလုပ်တွေ၊တာဝန်ဝတ္တရားတွေအပေါ်မှာ ကျေနပ်နေဖို့လိုအပ်ပါတယ်။life satisfaction ကောင်းမှမြင့်မှသာ Quality of Lifeရရှိပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝရပါလိမ့်မယ်။အရာရာတိုင်းအပေါ်စိတ်တိုင်းမကျနေဘဲ စိတ်ပျက်ညီးညူနေရင် ဘယ်လိုမှ စိတ်ခံစားချက်လည်းကောင်းနိုင်မှာမဟုတ်သလို၊Qualityပြည့်ဝတဲ့ဘဝမျိုးရနိုင်မှာမဟုတ်ပါဘူး။

နေ့တစ်နေ့ရဲ့အစဖြစ်တဲ့ မနက်ခင်းအိပ်ယာနိုးချိန်ကစလို့ တစ်နေ့လုံးလုပ်ရမယ့်အရာတွေ၊ကြုံရမယ့်အရာတွေကို စပြီးစဉ်းစားကြည့်လိုက်ရုံနဲ့ ကိုယ့်အတွက်ဒါတွေဟာ အဓိပ္ပါယ်ရှိမနေဘူး၊တန်ဖိုးရှိမနေဘူးလို့ထင်ပြီဆိုရင် လုပ်ငန်းခွင်ကို တက်ကြွတဲ့ခြေလှမ်းမျိုးနဲ့စတင်လှမ်းနိုင်မှာမဟုတ်ပါဘူး။အဲ့လိုနဲ့ working zoneရောက်ရင် ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ဒေါသတွေထွက်ပြီး ကမောက်ကမနေ့ရက်ကြီးဖြစ်နိုင်ပါတယ်။တကယ်လို့သာ ကျမတို့တွေဟာ တစ်နေ့‌တစ်နေ့ ကိုယ်ဘာတွေလုပ်နေတာလဲ၊ကိုယ့်ရဲ့တန်ဖိုးထားတဲ့အရာကဘာလဲ၊ဘာအတွက်လုပ်နေတာလဲ ၊ ကိုယ့်ကြောင်း တစ်စုံတစ်ရာအကျိုးဖြစ်သွားမှုရှိလား၊အဓိပ္ပါယ်ရောရှိလား စတဲ့မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုပြန်မေးပြီး ကိုယ့်ဘဝကို satisfyဖြစ်လာရင် ဘဝအတွက်ကောင်းကျိုးများစွာရရှိမှာပဲဖြစ်ပါတယ်။
အမေရိကန်စိတ်ကျန်းမာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့American Psychiatric Association (APA)ကတော့ life satisfaction ကို ယခုလို အဓိပ္ပါယ်သတ်မှတ်ထားပါတယ်။

APA defines Life satisfaction as "the extent to which a person finds life rich, meaningful, full, or of high quality."

Life satisfaction မြင့်လား နိမ့်လား ဘယ်လိုသိနိုင်မလဲ?

ယခုအခါကိုယ့်ရဲ့ life satisfaction မြင့်လားနိမ့်လားဆိုတာကို Satisfaction With Life Scale(SWLS)ဖြင့်တိုင်းတာလို့ရပါတယ်။ဒီSWLSမှာ မေးခွန်း ၅ခုပါပါတယ်။ဒီမေးခွန်းလေးတွေကို Google မှာ ဖြေဆိုပြီး submit လုပ်လိုက်တာနဲ့ Email သို့ results ပေးပို့လာပါတယ်။

  1. In most ways my life is close to my ideal.
  2. The conditions of my life are excellent.
  3. I'm satisfied with my life.
  4. So far I have gotten the important things I want in life.
  5. If I could live my life over,I would change almost nothing.


ဒါ့အပြင်အများစုသော life satisfaction scalesတွေဟာ စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာကျန်းမာမှု၊အချင်းချင်းဆက်ဆံရေးတွေမှာကျေနပ်မှု၊ကိုယ့်ရဲ့skillနှင့်အားသာချက်တွေကို ဖွံဖြိုးအောင်လုပ်ဖို့အခွင့်အရေးရှိမှု၊ကိုယ့်ဘဝမှာရွေးချယ်မှုတွေကိုကိုယ်တိုင်လုပ်နိုင်စွမ်းရှိခြင်း၊လှုမှုအသိုင်းအဝန်းထဲမှာပူးပေါင်းဆောင်ရွက်နိုင်စွမ်း၊လက်ရှိprofessionမှာတိုးတက်လာခြေအလားအလာ၊ငွေရေးကြေးရေးအခြေအနေနှင့်အနာဂတ်အခြေအနေတို့ကိုကြည့်ပြီးတိုင်းတာကြောင်းတွေ့ရပါသေးတယ်။

Life satisfaction မြင့်ရင်ဘယ်လိုကောင်းကျိုးတွေရှိလဲ?

သုတေသနပညာရှင်နှင့်စိတ်ပညာရှင်တွေဟာ Life satisfaction နဲ့ပတ်သတ်ပြီး သုတေသနstudy ပေါင်းများစွာပြုလုပ်ထားတာကိုတွေ့ရပါတယ်။အဲ့ဒီတွေ့ရှိချက်တွေအရlife satisfaction မြင့်တဲ့သူတွေဟာ ကိုယ်ခန္ဓာကျန်းမာသွက်လက်ကြောင်း၊ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်များယိုယွင်းနိုင်ခြေ
နည်းပါးခြင်းနှင့်နာတာရှည်ဝေဒနာခံစားရနိုင်ခြေနည်းပါးကြောင်းစတဲ့ ဆက်စပ်မှုများကို တွေ့ရှိထားပါတယ်။ဒါ့အပြင် ကိုယ့်ဘဝကို satyisfyဖြစ်တဲ့သူ‌တွေဟာ ယခုအခါမှာအဖြစ်များတဲ့ စိတ်ကျန်းမာရေးပြဿနာဖြစ်တဲ့ စိတ်ကျဝေဒနာ(depression)ဖြစ်နိုင်ခြေကိုလည်း ၄၆%အထိတောင် လျော့ကျနိုင်ကြောင်းတွေ့ရှိရသလိုသေဆုံနိုင်ခြေအလားအလာ(mortality risk)ကိုလည်း၂၆%လျော့ကျနိုင်ကြောင်းတွေ့ရှိရပါသေးတယ်။ဒီ‌လိုတွေရှိချက်တွေအပြင် အခြားသော studyပေါင်းများစွာရဲ့တွေ့ရှိချက်များလည်းရှိပါသေးတယ်။ဆက်လက်လေ့လာကြည့်နိုင်ပါတယ်။

References
(1 )https://wholesomepathway.com/life-satisfaction-importance-health/

(2) Diener,E.,Emmons,R.A.,Larsen,R.J.,&Griffin,S.(1985).The Satisfaction With Life Scale.Journal of Personality Assessment,49,71-75

(3)Eric S.Kim,Scott W.Delaney,Louis Tay,Ying Chen,Ed Diener,Tyler J.Vanderweele.Life satisfaction and Subsequent Physical, Behavioral and Psychological Health in Older Adults.The Milbank Quarterly,2021;DOI;10.1111/1468-0009.
12497



For Your Information 😉
စန္ဒာ
(11.1.2025)

Keep Reading

နည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစ"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုး"ဂ" နှင့်သက်ဆိုင်သော သတ်ပုံများတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စ