Author's Profile Photo

Minal

9/01/2025

သည်းခံခြင်းသည်အောင်မြင်ခြင်း

1 min read
General Knowledge
18 Again
Environment & Sustainability
သည်းခံခြင်းသည်အောင်မြင်ခြင်း's photo


အရာရာကို သည်းခံတတ်ဖို့ဆိုတာမလွယ်ကူးတဲ့ကိစ္စပါ။သို့သော် အကျင့်တစ်ခုဖြစ်အောင်မွေးမြူပါ။သည်းခံလိုက်လို့ မှားသွားပါလားလို့ နောင်တတွေမဖြစ်ပါဘူး။ငါ အဲ့တုန်းက သည်းမခံခဲ့ပါလား ဆိုပြီပဲနောင်တတွေရှိတာပါ။


လောကအမြင်နဲ့ကြည့်မယ်ဆိုရင် ဘယ်အရာမှပြည့်ဆုံနေတာမဟုတ်ပါဘူး။ကိုယ့်ကိုမွေးတဲ့မိဘတွေတောင် ကိုယ့်ကိုပြည့်ပြည့်စုံစုံမထားနိုင်သလို။တစ်ချို့ဆို မိဘတွေရဲ့မလိုလာချင်ကြောင့် စွန့်ပြစ်မူတောင်ခံရတာပါ။ဒီလိုအ‌‌‌ေခြအနေတွေနဲ့ကြုံတဲ့အခါ မိဘကိုအပြစ်တင်နေရင် ကိုယ်ပဲငရဲကြီမှာပါ။ဒါကြောင့် အကောင်းဘက်ကနေဖြည့်ပြီ တွေးပေးပြီသည်းခံလိုက်ပါ။သည်းခံပါ ဘဝတစ်လျှောက်လုံးသည်းခံပါ။ကိုယ်ကကျေးဇူမဆပ်ဘဲနဲ့ ကျေးဇူးတော့မကန်းလိုက်ပါနဲ့။

ချစ်သူရည်းစား လင်မယားတွေကြားမှာလည် ဆိုးအတူကောင်းအတူစိတ်မျိုးမွေးပြီး ကြုံလာသမျှအရာတွေကိုရင်ဆိုင်ပါ။ကိုယ်တစ်ယောက်ထဲ ရင်ဆိုင်ဖြေးရှင်းနေရလို့ ငြီငွေ့ပြီး တစ်ပါးသူကဒီတိုင်နေနေတဲ့အခါ ပြသနာမရှာပါနဲ့။သည်းခံလိုက်ပါ။သူ့မှာလည်းအကြောင်းတစ်ရာတစ်ခုခုရှိမှာပါပဲ။အရာရာမှာငါသိငါတတ်ကြီမလုပ်ပါနဲ့။ဒူးနေရာဒူး တော်နေရာတော်ပါ။လင်းနဲ့မယားလျှာနဲ့သွားဆိုသလို တစ်ယောက်ကအလျော့မပေးရင်ကိုယ့်ဘက်ကအလျော့ပေးလိုက်ပါ။သည်းခံချင်သည်အောင်မြင်ချင်ပါ။

တစ်ချို့အရာတွေမှာတော့ သည်းခံတိုင်မကောင်းပါ။အိမ်ထောင်ရေးဖောက်ပြန်ချင်မျိုးဆို သိသိကြီးနဲ့တော့ မသီခံလိုက်ပါနဲ့။ဖြေးရှင်းသင့်တာဖြေးရှင်းပြီး ကိုယ်ကသူ့ရဲ့ဖြေးရှင်းချက်ကိုနားထောင်ပြီး ရှေ့ဆက်သင့်မဆက်သင့်စဥ်းစာပါ။


စီပွားရေး၊လူမူရေးနယ်ပယ်တွေမှာလည် ပြသနာဆိုတာရှိစမြဲပါပဲ။ကိုယ်ကပြသနာကိုဖြေးရှင်နိုင်လား အရင်စဥ်းစားပါ။ကိုယ်နိုင်တယ်ဆိုရင်ဆက်လုပ်ပြီး။မလုပ်နိုင်ရင်တော့ လက်လျော့လိုက်ပါ(သည်းခံလိုက်ဖို့ပြောချင်ဖြစ်ပါတယ်)။


သည်းခံပါလို့ပြောနေတာ အကျင့်တစ်ခုဖြစ်အောင်ဘယ်လိုမွေးမြူရမလဲ မေးကောင်းမေးပါမယ်။အဓိကကစိတ်ပါ။ဗုဒွမြတ်စွာဘုရားတောင် ပါရမီဆယ်ပါးကို ဖြည့်ကျင့်မှ ဘုရားအဖြစ်သို့ရောက်တာပါ။ပါရမီဆယ်ပါးထဲမှာ သည်းခံချင်းဆိုတာလည်အပါအဝင်ပါပဲ။အခုလိုပြောနေချင်က ဘုရားအဖြစ်သို့ရောက်အောင် ပြောနေချင်မျိုးမဟုတ်ပါ။ကောင်းသောအကျင့်ကိုအတုယူတတ်ဖို့ပြောချင်ဖြစ်ပါတယ်။


မြတ်စွာဘုရားမဖြစ်မှီ ရပာန်းနာဘဝတုန်းက ဘုရင်းတစ်ပါဟာ အရည်ကြီးဝါဒကိုကျင့်သုံးနေသောအချိန်မှာ။ထိုရဟန်းနာကို ခေါ်ယူကာ ဘာကြောင့် ဗုဒ္ဓဝါဒကိုကျင့်သုံးနေသလဲမေးတဲ့အခါ။ဗုဒ္ဓဘာသာဝင်တွေတိုင်ဟာ မိမိပြုတဲ့ကံမှန်သမျှဟာ မိမိပဲခံရမှာပါလို့လျှောက်တင်တယ်။ဒါကို အရည်ကြီးဝါဒကျင့်သုံနေတဲ့ဘုရင်က စိတ်ရှည်ခြင်းမရှိ ထိုရဟန်းရဲ့လက်တစ်ဖက်ကိုဖြတ်ကာ ဗုဒ္ဓလို့ပြောအုံမှာလားမေးသတဲ့။ရဟန်းလည်ပြောအုံမှာပါ ဗုဒ္ဓလို့ဆက်ပြောသတဲ့။ဒီလိုနဲ့နောက်လက်တစ်ဖက် ထို့နောက်ခြေနှစ်ဘက်တို့ကိုဖြတ်ပြစ်သယ့်အထိ နာကိင်မူတွေကိုသည်းခံပြီး မိမိရဲ့ကိုယ်ကွယ်တဲ့ဘာသာအပေါ် သေတဲ့အထိပြောနေခဲ့ပါတယ်။


ဒီနေရာမှာပြောချင်တာဟာ မြတ်စွာဘုရားကိုရန်မူပြီလက်တွဖြတ်တောင် သည်းခံခဲ့တယ်ဆိုတာကိုဆိုလိုခြင်ဖြစ်ပါတယ်။ယခုခေတ် ဘုရားရှိခိုးတဲ့သူ၊တရားထိုင်သူများ ခြင်လေးကိုက်တာနဲ့ ဘုရားစာဆိုရင်၊တရားထိုင်နေရင်သတ်နေကြပါတယ်။ဒါတွေဟာ ကုသိုလ်မရဘဲငရဲဘဲရနေမှာပါ။ဒါကြောင့် မြတ်စွာဘုရားတောင် ကိုယ်လက်တွေအဖြတ်ခံရတာတောင် မင်းကြီးအပေါ်သည်းခံပြီး ရန်မမူခဲ့တာကိုကြည့်ရင် အတူယူကျင့်သုံးနိုင်ကြပါစေ။


စာပေဖတ်ပရိတ်သတ်တစ်ဦးစီကို လေးစားချစ်ခင်ကျေးဇူးတင်ပါတယ်။


လူငယ်တိုင်ပျော်ရွှင်လွတ်လပ်ကြပါစေ??
Minal (မိငယ်) 6:38AM Thu

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒီကဗျာလေး ဖတ်ကြည့်ပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဖေကို ဘာကြောင့်မုန်းတာလဲစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း