Author's Profile Photo

မြ (စံကားဝါမြေ)

9/01/2025

လူငယ်တစ်ယောက် စိတ်ဓာတ်ကျနေသည် (Book Review)

1 min read
Personal Development
Book Review
လူငယ်တစ်ယောက် စိတ်ဓာတ်ကျနေသည် (Book Review)'s photo

ဒီနေ့မှာတော့ မြရဲ့စာဖတ်သူလေးတွေအတွက် ကျနေတဲ့စိတ်ဓာတ်တွေ ပြန်တက်လာစေမယ့် စာအုပ်ကောင်းတစ်အုပ်ကို ညွှန်းပေးချင်ပါတယ်ရှင်။ အဲဒီစာအုပ်လေးကတော့ ဆရာသော်တာမင်း ရေးသားထားတဲ့ "လူငယ်တစ်ယောက် စိတ်ဓာတ်ကျနေသည်" ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်ရှင်။

မြ ဒီစာအုပ်လေးကို အတော်‌ကို သဘောကျခဲ့ရပါတယ်။ ခုရက်ပိုင်း ဖတ်တဲ့အခါမှာ မြရဲ့စိတ်ခံစားချက်နဲ့ ကိုက်ညီနေလို့လည်း ပိုသဘောကျမိတာပေါ့ရှင်။ မြမှာ (2024) နှစ်ကုန် ဒီဇင်ဘာလထဲမှာ ကျလိုက်တဲ့ စိတ်ဓာတ်တွေက ဟိုးအဝီစိအထိ စိတ်ညစ်စရာတွေဆိုတာကလည်း တစ်ခုပြီးတစ်ခု ကုန်ကိုမကုန်နိုင် တောင်လိုကို ပုံနေတော့ လူကလည်း စိတ်ထောင်းကိုယ်ကျေကို ဖြစ်လာတော့တာပေါ့ရှင်။

အဲဒီလိုဖြစ်နေချိန်မှာ မြကို ရွှံ့ညွန်ထဲကနေ ဆွဲထူပေးခဲ့တာကတော့ ဆရာသော်တာမင်း ရေးသားထားတဲ့ "လူငယ်တစ်ယောက် စိတ်ဓာတ်ကျနေသည်" ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်ရှင်။

မြ "လူငယ်တစ်ယောက် စိတ်ဓာတ်ကျနေသည်" ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြီးသွားချိန်မှာ မြကို ဆရာက ခွန်အားတွေ၊ အစွမ်းပကားတွေ၊ သိုင်းကားထဲကလို အတွင်းအားတွေ ထည့်ပေးလိုက်သလားလို့ အောက်မေ့ရလောက်အောင်ကို လူက တက်ကြွလာပြီး ညစ်နေတဲ့စိတ်တွေ အဝေးကို လွင့်စင်ကာ စိတ်ဓာတ်ကျနေတာတွေလည်း ကင်းဝေးသွားခဲ့တာကတော့ အမှန်ပါပဲရှင်။

ဒီစာအုပ်လေးထဲမှာဆိုရင် မြတို့ ယနေ့ခေတ် လူငယ်တွေ ဖြစ်ပျက်ခံစားတွေ့ကြုံနေရတဲ့ စိတ်ခံစားချက်တွေနဲ့ အနာဂတ်ပျောက်နေသလို ခံစားနေရတာတွေ၊ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ဆင်ယင်ထုံးဖွဲ့မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရှနာ ဖြစ်တတ်တဲ့ သဘောတရားတွေနဲ့ မြတို့ရဲ့ နေ့စဉ်ဘဝကို ပိုမိုကောင်းမွန်လာအောင် နည်းလမ်းပေးထားပါတယ်ရှင်။

ဆရာ့ရဲ့ အရေးအသားတွေက နားလည်လွယ်ပြီး ထိထိမိမိရေးသားထားတဲ့အပြင် မြအတွက် နောက်ဆုံးအပုဒ်လေးမှာ ကြက်သီးမွေးညင်းများ ထသွားလောက်အောင်ကို အရေးအသားတွေက ထိမိလွန်းလှတာပါရှင်။ ဆရာက ယခု (၂၀၂၅)မှ အသက်(၂၅)ပဲ ရှိသေးပေမယ့် ဆရာ့ရဲ့ တွေးခေါ်ကြံဆ ရေးသားမှုတွေက (လုံးဝ)ကို အံ့မခန်း ကောင်းမွန်လွန်းလှပါတယ်ရှင်။

မြရဲ့ စာဖတ်သူလေးတွေလည်း ဆရာသော်တာမင်း ရေးသားထားတဲ့ "လူငယ်တစ်ယောက် စိတ်ဓာတ်ကျနေသည်" ဆိုတဲ့ စာအုပ်လေးကို ဖတ်ရှုလေ့လာပြီး ဗဟုသုတအနည်းအများတော့ ရရှိကြပါလိမ့်မယ်ရှင်။ စာဖတ်သူလေးတွေရဲ့ စိတ်ခံစားချက်နဲ့ တိုက်ဆိုင်တဲ့အခါ မြ Reviewရေးထားတာထက်ကို ပိုမိုကောင်းမွန်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်နေပါလိမ့်မယ်လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ရှင်။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
9.1.2025(Thursday)

Keep Reading

ကိုယ့်ကိုယ်ကိုယ်ကုစားနည်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျင့်ဆိုးဖျောက်နည်းစိတ်ခွန်အားပြန်လည်မွေးယူပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈)