Author's Profile Photo

မဟာဟန်လင်း

7/01/2025

ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ

3 mins read
Art
Novel
Entertainment


“ ဟဲ့.. သော်ကြီး.. နင့်သူငယ်ချင်းတွေနှင့် နင့်ဆရာမကိုကြည့်ထိန်းထားနော်။ ငါတို့ လင်မယားကြားမှာ လာပြီးတော့ ခလောက်ဆန်နေကြတယ်။ အဲ့ဒီထဲမှာ ခင်မိုးဆိုတဲ့ မိန်းမက အဆိုးဆုံးပဲ။ အဲ့ဒါကြောင့် သူ့ကို ငါ့ယောက်ျားနှင့် လာမပတ်သက်ဖို့ နင်ထိန်းပေးထား။ မဟုတ်ရင် ငါက ငါ့သမီးကိုခေါ်ပြီး ထွက်သွားလိုက်မှာ‌နော်။ ငါ့ကို ဘာမှတ်နေလဲ။ ငါက ဟင်ဆို လှည့်ကြည့်မယ့်ကောင်မ မဟုတ်ဘူး” ဟူ၍ နန်းစတော့ပ် လွှတ်နေသော မိဖြူအသံကိုနားထောင်နေစဉ်တွင် မိဖြူသမီး၏ “ ဟုတ်တယ်။ ဦးဦးသော်.. ဖေကြီးက အဲ့ဒီအန်တီဆီက ဖုန်းလာတာနဲ့ အိမ်သာထဲကိုပြေးဝင်သွားပြီး ဖုန်းတွေခိုးပြောနေတာ.. မီးမီး..သိတယ်။” ဟူ၍ အမေ့ဘက်တော်သားအနေဖြင့် လိုက်ပြောနေသည့် တုန်တုန်လေး၏ မပီကလာ အသံစူးစူးလေးကိုပါ ရော၍ကြားလိုက်ရလေသည်။ ကိုထူးနှင့် မိဖြူတို့၏သမီးလေး တုန်တုန်သည် စကားပြောလျှင် လူကြီးတစ်ယောက်လို မျက်နှာထားလေးဖြင့် ပြောတတ်ရာ မဲ့ကာရွဲ့ကာဖြင့် ဖုန်းပြောနေကြမည့် သားအမိနှစ်ယောက်မျက်နှာကို မြင်ယောင်ရင်း ဖြစ်ပေါ်လာသည့် ရယ်ချင်စိတ်ကို မနည်းအောင့်ထားရလေသည်။

“ နင့်ဆရာမကလည်းလေ သူ့နေရာနှင့်သူ မနေဘူး။ ကိုထူးလစာတွေအကြောင်းကိုမေးပြီး အိမ်ဝယ်ထားဖို့၊ ကားဝယ်ထားဖို့၊ တကယ်လို့ဝယ်ချင်ရင် သူ့မှာရောင်းဖို့ အိမ်တွေ၊ ကားတွေရှိကြောင်း ပြောနေတာ။ ကိုထူးက အဲ့ဒီလောက်မတတ်နိုင်ပါဘူးတီချယ်။ ကျွန်တော်တို့အိမ်အသုံး စရိတ်က များတယ်ဆိုပြီး ဆရာတပည့်နှစ်ယောက်ပေါင်းပြီး ငါ.. အသုံးအဖြုန်းကြီးကြောင်း၊ အစားအသောက်မက်ကြောင်းတွေကို အတိုင်အဖောက်ညီညီနဲ့ မက်ဆင်ဂျာမှာ ငါ့အတင်းတွေချနေကြတာ။ ပြီးတော့ နင့်ဆရာမက ငါနှင့်အကြောမတည့်တဲ့ ကိုထူးအမ မစုနှင့်လည်း အဆက်အသွယ်ရှိတာဆိုတော့ သူသွေးထိုး‌‌နေတာလည်း ပါမှာပေါ့။” ဟု မနားတမ်းပြောနေရင်း စကားခဏရပ်လိုက်ပြီး “ ဟို မိန်းမကတော့ ကိုထူးနိုင်ငံခြားသွားတာနဲ့ ငါတောင်မမှာရက်တဲ့ ဈေးကြီးတဲ့ မိတ်ကပ်ပစ္စည်းတွေ၊ ရေမွှေးတွေကိုမှာတာလေ။ ဟို..နင့်သူငယ်ချင်း... နွားပြာကြီး အောက်သွားမရှိကလည်း ငါမသိအောင် သူ့ဟာမကို လက် သိပ်ထိုးပေးနေမှာပေါ့။ ငါ..အဖေ..နေမကောင်းလို့ တုန်တုန့်ကိုခေါ်ပြီး နယ်ပြန်သွားတဲ့အချိန်တုန်းကတော့ အဲ့...မိန်းမကလေ.. ကိုထူးကို “မောင်” ဆိုပြီး စာပို့လိုက်တာ။ အဲ့အချိန်မှာ ငါက ကိုထူးအကောင့်ထဲ ခိုးဝင်ကြည့်နေတာဆိုတော့ တန်းမိတာပဲ။ ငါ.. ပိုးစိုးပက်စက် ပြောလိုက်ချင်စိတ်ကို မနည်းမြိုသိပ်လိုက်ရတာ။ အဲ့ဒါ နင်..အဲ့ဒီ.. မိန်းမ.. နင့်သူငယ်ချင်းကို ကိုထူးနှင့်လာမပတ်သက်ဖို့ ငါ့ကိုပြောပေး။ မပြောပေးလို့ အဲ့ဒီမိန်းမနှင့်ကိုထူး ထပ်ပတ်သက်လို့ကတော့ ကိုထူးနှင့်ငါနှင့် အကွဲပဲ။” ဟု ခြိမ်းခြောက်ကာ ဖုန်းချသွားလေတော့သည်။

မိဖြူ ဖုန်းချလိုက်သည်နှင့်တစ်ပြိုင်နက် ငထူးဆီမှ ဖုန်းတန်းဝင်လာလေသည်။ “ ဟေ့ကောင်..ငသော်.. အဲ့အရူးမပြောတိုင်း ခင်မိုးတို့၊ တီချယ်တို့ကို ဘာမှသွားမပြောပေးနဲ့နော်။ ငါဖုန်းဆက်ပြီး တားတာကိုလည်း သူ့ကိုသွားမပြောလိုက်နဲ့ဦး။ ငါ.. စိတ်ချမယ်နော်..ဟေ့ကောင်။ ရန်ကုန်ရောက်မှ တွေ့ကြမယ်။” ဟုပြောကာ သူ့မယားအတိုင်းပင် ပြောချင်ရာပြောပြီး ဖုန်းချသွားပြန်လေသည်။ ခဏအကြာတွင်တော့ ခင်မိုးဖုန်းမြည်လာလေတော့သည်။ “ ဟဲ့.. ငထူးမိန်းမ မိဖြူက ငါ့လာပြီး ကြောသလို မောသလိုနဲ့ ငထူးကိုများ မဏ္ဍပ်တိုင်လာတက်ပြနေသေးတယ်။ သူ့ကိုပြောပြထားလိုက်ဦး။ ငါမသုံးလို့ ငထူးကို သူ,ရတာလို့။ ပြီးတော့ ရှိသေးတယ်။ ငထူးက နိုင်ငံခြားသွားမှာ..ဘာမှာဦးမလဲဆိုလို့ မိတ်ကပ်ပစ္စည်းတွေ ပိုက်ဆံပေးပြီး မှာလိုက်တာကို ငါကပဲ သူ့ယောက်ျားဆီက အလကား ခြူချနေသလို ဘာလိုလိုနဲ့။ ဟိုတလောကလည်း ငတူးနဲ့ငါနဲ့ မက်ဆင်ဂျာကနေပြောပြီး ဆင်းသွားလို့သိပ်မကြာသေးဘူး.. မီးပြန်စိမ်းလာတယ်လေ။ သူ့မိန်းမ လာခိုးကြည့်နေမှန်းသိလို့ တမင်ရွဲ့ပြီး “မောင်” လို့ခေါ်ပေးလိုက်တာ။ တစ်ခါတည်း ဆင်းပြေးသွားရော။” ဟုပြောကာ တဟင်းဟင်းရယ်နေလေသည်။

“ ပြီးတော့ ငါ့ယောက်ျားကိုမရလို့ အငြှိုးကြီးနေတဲ့ စူဠသုဘဒ္ဒါမ မိဝေကိုလည်း ကြည့်ပြော

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့

Unlock to read this premium article with 10 points.